saturngod

  • ကျွန်တော် အခုတလော ကြည့်ကြည့်ဖြစ်တယ်။ ASP.NET က IE နဲ့ဆို မြန်တယ်လို့ဆိုလို့ရမယ်။ firefox ထက်စာရင်ပေါ့။ IE က PHP တွေ အခြား AJAX တွေက firefox လောက်မမြန်ပြန်ဘူး။ Firefox ကလည်း မြန်တယ်။ ဒါပေမယ့် ASP.NET page တွေကို IE လောက် လျင်လျင်မြန်မြန် မကြည့်နိုင်ဘူး။ AJAX ပိုင်းဆိုရင်တော့ chrome ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဗျ။ Opera ကတော့ downloading ပိုင်းတော်တော် မြန်တယ်ဗျ။ Safari ကတော့ မကြိုက်ဘူးဗျ။ လေးလို့။ သူက memory တော်တော်စားတယ်။ Chrome က memory ပိုင်းသက်သတယ်။ FF3 ကတော့ chrome…

  • Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google…. Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google… Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google… Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google… Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google…

  • လှိုင်သာယာဘက်မှာ network ပိုင်းလာဆင်တဲ့ အဖွဲ့ တစ်ဖွဲ့ က Mysteryzillion အဖွဲ့ကပါ ဆိုပြီးပြောသွားကြောင်း ပြီးတော့ network ပိုင်းဆိုင်ရာတွေမှာ သူတို့ ဆင်ပေးပြီးနောက်ပိုင်း အခက်ခဲတွေ ပိုတွေ့လာရကြောင်း MZ ကလုပ်စားနေတာဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ MYSTERY ZILLION နှင့် ပတ်သက်၍ ကျွန်တော်တို့တွေ အခု သတင်းတွေ ကြားနေရပါတယ်။ ကြားလိုက်ရရခြင်း အတော့ ကိုစိတ်မကောင်းဖြစ်သွားတယ်။ MZ အမည်နဲ့ စီးပွားရေး လုပ်စားနေကြပါတယ်တဲ့။ ကျွန်တော်တို့ MZ က လုံးဝ စီးပွားရေး မလုပ်ပါ။ Network လဲ လိုက်မဆင်ပေးပါ။ ကွန်ပျူတာလဲ မပြင်ပါ။ အဲ ကျွန်တော်တို့ MZ Admin တွေ ကို အကူအညီတောင်းလို့ အိမ်ကိုလာပို့ကြတဲ့ စက်တွေ…

  • ကျွန်တော် ၂ ရက်လောက်ရှိပြီ။ wordpress ကို edit လုပ်လို့မရတာ။ မအားတာနဲ့ google မှာတောင် မရှာဖြစ်ဘူး။ ဒီနေ့မှ google မှာ အချိန်ပေးပြီး ရှာလိုက်တော့ တွေ့ပါပြီဗျာ။ ကျွန်တော် FTP ထဲဝင်ပြီးတော့ wp-admin ဆိုတဲ့ folder ထဲမှာ .htaccess file တစ်ခုကို create လုပ်လိုက်တယ်။ အဲဒီအထဲမှာတော့ <IfModule mod_security.c> SecFilterInheritance Off </IfModule> ဆိုပြီး ရေးထည့်လိုက်တော့ အိုကေသွားပါတယ်ဗျာ။

  • Phatch ဆိုတာကတော့ Image အများကြီးကို Resize လုပ်တာတွေ Rotate လုပ်တာတွေအတွက်ပါ။ လှပတဲ့ design နဲ့ သုံးလို့ကောင်းတဲ့ program လေးတစ်ခုပါ။ သူ့ကိုတော့ အောက်က လိပ်စာမှာ download လုပ်နိုင်ပါတယ်။ http://photobatch.stani.be/ Essential For Ubuntu တွင် ထည့်သွင်းထားပါတယ်။

  • ဖတ်ကြည့်ရင်း အားကျ အတုယူနိုင်တယ်။ သူတို့ လျှောက်လှမ်းခဲ့တာ လမ်းရှည်ကြီး။ project တွေအများကြီးလည်း ဖန်တီးခဲ့တယ်။ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အကုန်လုံး စုစည်းပြီးတော့ ဖြတ်ကျော်ခဲ့တယ်။ ပင်ပန်းတာတွေလည်း ရှိကောင်းရှိမယ်။ စိတ်ညစ်တာတွေလည်း ပါကောင်းပါမယ်။ ဒီနေ့ဆိုရင် ၁၀ နှစ်ကျော်ပြီ။ ဒီလောကမှာ နာမည်ကျော်နေပြီ။ သူတို့အကြောင်း ဖတ်ရင်းနဲ့ အားကျမိတာ အမှန်ပါပဲ။ http://www.google.com/tenthbirthday/

  • အခုတော့ blog ရေးခြင်း အကျိုးတွေ ကျွန်တော်ခံစားနေရပြီ။ blog က အခုတော့ ကျွန်တော့်အတွက် မှတ်စု တစ်ခုလိုပဲ။ windows တစ်ခုပဲ ဖြစ်ဖြစ် Ubuntu တစ်ခုပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာတွေက မှတ်တော့မိတယ်။ စဉ်းစားလို့မရတော့ဘူးဆိုရင်တော့ ကိုယ့် BLOG မှာ ကိုယ်ရှာတယ်။ download ချမိတယ်။ ဒါကြောင့် နောက်ပိုင်း upload တင်ရင် နှစ်ခု သုံးခုလောက်တင်ပြီး post တွေမှာ ပေးထားတတ်တယ်။ ဒါမှ download ပြန်ဆွဲလို့လွယ်မှာလေ။