saturngod
-
1. Gmail ကို login ဝင်လိုက်ပါ။ 2. Search box ထဲမှာ label:unread ကို ရိုက်ထည့်ပြီး ရှာလိုက်ပါ။
-
ကျွန်တော် ပြီးခဲ့တဲ့ post က လုပ်ခဲ့သလို လုပ်ထားတာကတော့ taggify အကူအညီနဲ့ပါ။ သူက ဘာတွေ လုပ်ပေးလဲဆိုတော့ ကိုယ့် website မှာ ပုံတွေပါခဲ့ရင် အဲဒီ ပုံလေးတွေကို တစ်ခါတည်း ပြုပြင်သွားပေးပါတယ်။ သူ့ site မှာ သွားပြင်စရာမလိုပဲ ကိုယ့် site မှာ ပြင်လိုက်ရုံပဲပေါ့။ taggify ကိုသုံးမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေက
-
အခုတလော Wimax connection တွေ လွန်စွာနှေးကွေးနေတယ်။ သုံးမရအောင် နှေးတယ်ဗျာ။ စနေ နဲ့ တနင်္ဂနွေကဆို ဘာဆိုဘာမှမရဘူး။ အင်တာနက်လည်းမရ အင်ထရာနက်လည်း မရ။ တော်တော်အခြေအနေဆိုးတာ။ ဘာဘာ ဘာမှ မရဘူး။ ဖုန်းဆက်တော့လည်း မရ။ ရပြန်တော့လည်း မကိုင်။ PAC ၅ သိန်း။ ဘယ်ရောက်နေလဲ။ ဒီအခြေအနေမျိုး ဘာမှမကူညီ။ အဲလိုမျိုး ဝန်ဆောင်မှု အတွက် ငွေတွေ အများကြီးပေးထားရတာလေ။ ပြောလည်းမောတာပဲရှိမယ်။ ဝန်ဆောင်မှုက နိတ္ထိ။ ဘာဆိုဘာမှမရှိ။ ငွေဆောင်ဖို့ဆိုလာထားပဲ။ ဒါဟာ PAC ပဲ။ PS: internet သုံးမရသောကြောင့် လူလည်းတော်တော်လေးပေါက်နေပြီ။
-
http://www.mysteryzillion.org/project/webtext/ နေရာပြောင်းသွားလို့ ရှာမတွေ့တော့မှာဆိုးလို့ ပြန်တင်ပေးလိုက်တာပါ။ .com ကနေ .org ပြောင်းသွားတာပါ။
-
Ubuntu မှာ Vector တွေဆွဲလို့မရဘူးလို့ပြောမလို့လား။ ဒါဆိုရင် မှားသွားမယ်နော်။ Adobe Illustrator လောက်နီးနီး စွမ်းဆောင်ရည် ရှိတဲ့ Inkscape ဆိုတာရှိပါတယ်။ ကျွန်တော်က vector သမားမဟုတ်တော့ ဘယ်လောက်အသုံးဝင်လဲ ဆိုတာကိုတော့ သေသေချာချာမသိဘူး။ ဒါပေမယ့် Essential For Ubuntu ထဲ ကျွန်တော်ကတော့ ထပ်ဖြည့်ထည့်လိုက်ပါပြီ။ သွင်းချင်ရင်တော့ $sudo apt-get install inkscape
-
Emerlad ဆိုတာကတော့ Ubuntu ကိုလှပစွာ တန်ဆာဆင်ပေးတဲ့ Windows Decoration တစ်ခုပါ။ လှပတဲ့ windows ဘောင်လေးတွေ အကြည်ဖောက်လေးတွေ မြင်ရဖို့အတွက်ဆိုရင်တော့ emerald ကိုအသုံးပြုရမှာပါ။ Emerald ကို အသုံးပြုရန်အတွက် အရင်ဆုံး compiz config setting ကိုသွင်းထားရမှာပါ။ terminal တွင် $sudo apt-get install compiz-fusion-* compizconfig-settings-manager $sudo apt-get install emerald emerald-themes လို့ရိုက်လိုက်ပါ။ ပြီးလျှင် System > Preference > Advanced Desktop Effect Settings ကိုသွားလိုက်ပါ။ Filter မှာ Window Decoration ကိုထည့်လိုက်ပါ။ အဲဒီအခါမှာ Window Decoration တက်လာပါမယ်။…
-
my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome…
