saturngod
-
MZ ရဲ့ project အသစ်လေးပေါ့။ online ပေါ်ကနေ စာသင်ကြမယ်။ အခုမှ စမ်းသပ်လိုက်တာပါ။ လုပ်ချင်နေတာတော့ကြာပြီ။ လုပ်နိုင်ဖို့ အင်အားမရသေးလို့ပါ။ အခုတော့ MZ ရဲ့ အင်အားနဲ့ စတင်လိုက်ပါပြီ။ ကျွန်တော် ဖြစ်ချင်နေတာကြာလှပါပြီ။ ဖြစ်ချင်လွန်းလို့ MZ ကိုတည်ထောင်လိုက်တာ online edu ပိုင်းမဟုတ်ပဲ help center သဘောမျိုးဖြစ်သွားခဲ့တယ် :D ။ အခုတော့ edu ပိုင်းသီးသန့်လေး ဖန်တီးပြီး စတင်လိုက်ပါပြီ။ ၂၆ ရက်နေ့ Just Knowledge ဆိုတဲ့ course စမယ်။ အခုကတည်းက စပြီး register လုပ်ပြီး roll သွင်းထားလို့ရပြီ။ လိပ်စာကတော့ http://edu.mysteryzillion.com ကျွန်တော်ကတော့ ကျွန်တော် အရင်က post မှာပြောခဲ့တဲ့အတိုင်း…
-
kaspersky update လုပ်လိုက်ရင် black list ဖြစ်ဖြစ်သွားတယ်လို့ ခဏခဏ လာမေးကြတယ်။ ဖြေပါများတော့ အာလည်း ညောင်း။ ဒါမှမဟုတ် လက်လည်း ညောင်း။ မထူးပါဘူးဆိုပြီး စာလေးရေးလိုက်ပါတယ်။ ဒီမှာ ebook download ချပြီး ဖတ်ကြည့်လိုက်ပါဗျာ။
-
online သုံးနေရင်း တစ်ခါတစ်လေ ဘာလုပ်ရမှန်းမသိ ပျင်းလာတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာ။ အဲဒီလို အခါလေးတွေမှာ ကျွန်တော်ကတော့ www.y8.com ကို ညွှန်းပါရစေ။ အဲဒီမှာ flash game တွေ ပုံနေပါတယ်။ အားရပါးရ ထိုင်ဆော့ နေရုံပဲ။ တကယ်လို့ game တွေကို လိုချင်သပါ့ဆိုရင်တော့ Fire fox addon Embeded Download ကို အသုံးပြုပြီး ကိုယ့်စက်ထဲကို download ချနိုင်ပါတယ်။
-
ကျွန်တော့် laptop လေးပြန်ရောက်လာပါပြီ။ အခုမှပဲ နေရထိုင်ရ သက်သာတော့တယ်။ Ubuntu ပြန်သုံးရလို့လေ။ ဒီနေ့မရလည်း ထားလိုက်တော့ သွားယူလိုက်တော့မယ်လို့ စဉ်းစားထားတာ။ ဖုန်းဆက်လို့သွားယူတော့ “singapore က ပစ္စည်းမှာရမယ်ဆို” “ကျွန်တော်တို့တွေ ပြန်ကပ်လိုက်တယ်ဗျ။ ဖြည်းဖြည်း ဖွင့်ပိတ်ရင်တော့ ရတယ်” “အော်… ဒါဆို ယူသွားလို့ရပြီပေါ့” “ပစ္စည်းစစ်ပြီးရင် ယူသွားလို့ရပါပြီ” “Service ခ ဘယ်လောက်ကျလဲမသိဘူး” “ရပါတယ်… ပေးစရာမလိုပါဘူး” မည်သို့ပင်ဖြစ်စေ…. အခုတော့ သုံးလို့ရနေပြီ… သို့သော်…laptop ကတော့ LCD ပြန်မပိတ်ရဲချေ…
-
ကျွန်တော်တို့တွေ ပုံမှန် သုံးနေကျ software တွေ သုံးရတာ ပျင်းလာပြီ။ အသစ်သစ်တွေ စမ်းသုံးချင်တယ်။ Free & Opensource တွေ စမ်းသုံးချင်တယ်။ ဘယ်မှာ သွားရှာမလဲ။ လူတိုင်းလွယ်လွယ်ကူကူ ဖြေကြပါလိမ့်မယ်။ google မှာ ရိုက်ရှာပေါ့။ ဒါပေမယ့် google က ရလဒ်က စုစည်းထားတဲ့ ရလဒ်မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ wikipedia မှာပဲ ရှာတယ်။ ကဲ… ထားပါတော့။ Web Browser ကို firefox ကြီးသုံးရတာ ပျင်းလာပြီ။ Opera ကိုလည်း သုံးဘူးတယ်။ IE ကလည်း မသုံးချင်ဘူး။ ဘာအသစ်တွေရှိသေးလဲ။ မသုံးရသေးတာ ဘာတွေရှိသေးလဲ။ Google မှာ ရှာလို့ကတော့ မူးနောက်သွားနိုင်ပါတယ်။
-
ကျွန်တော့် laptop ကို Apirl 30 ကမှ ဝယ်ထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်က laptop ရဲ့ LCD အဖွင့်အပိတ်လုပ်တဲ့နေရာ အံချော်သွားတာလား ၊ ဟသွားတာလား မသိဘူး။ ကောင်းကောင်း ပြန်ပိတ်လို့မရတော့ဘူး။ ဒါနဲ့ ဝယ်ထားတဲ့ Lucy Bird ဆိုင် မှာသွားပြတယ်။ ဝန်ထမ်းတွေကတော့ ချိုချိုသာသာပါပဲ။ ကျွန်တော်လည်း ၁ နှစ်တောင် မပြောနဲ့ ၃ လပဲရှိသေးတော့ ဒီ hardware လည်းမဟုတ် software လည်းမဟုတ် အပြင်ဘက် အကာလေး နည်းနည်းလေး ဟ သွားတယ်လို့ပဲ ထင်တယ်။ သွားပြတော့ ချက်ခြင်းပဲ ကြည့်ပေးမယ်ဆိုပြီး ယူသွားတယ်။ စောင့်တော့ စောင့်လိုက်ရတာပေါ့။
-
ရန်ကုန်မှာ ဆိုင်အချို့မှာ တင်ထားတာကို တွေ့ကြမှာပါ။ ဘာလေ့ကျင့်ခန်း ဘာလေ့ကျင့်ခန်းတွေဆိုပြီး။ ကျွန်တော့်အတွက် မလိုတော့ ကျွန်တော်လည်း ဝယ်မကျင့်မိဘူး။ ဒီနေ့ ညီလေး တစ်ယောက် ဝယ်လာတယ်။ ဘာတဲ့ 3D Animation လေ့ကျင့်ခန်းတဲ့။ ပြထားတဲ့ပုံကတော့ Game ထဲကပုံတွေဆိုတော့ လန်ထွက်နေတာပေါ့။ ကလေးသာသာပဲရှိသေးတော့ ပုံလှလှလေးတွေ့တော့ ငါလည်း ဒီလိုဆွဲလို့ရမှာပဲ ထင်ပြီး ဝယ်လာပုံရပါတယ်။ သူ့စက်ထဲမှာလည်း ဖတ်ရော မြန်မာစာတွေ မပေါ်ဘူး။ ဒါနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော့်ဆီမှာ စမ်းတယ်။ မပေါ်ဘူး။ သူက PDF နဲ့ထုတ်ထားတာမဟုတ်ဘူးဗျ။ Microsoft ရဲ့ ဘာ reader လည်းတော့ မသိတော့ပါဘူး။ PDF လိုမျိုးဟာပဲလေ။ မမှတ်မိတော့ဘူး။ ကျွန်တော့်ဆီမှာ မြန်မာ Font တွေ ဒီလောက်ရှိတာတောင် ဖတ်လို့မရဘူး။…
