saturngod
-
အစကတော့ drupal ကို သုံးဖြစ်တယ်။ wordpress 2.0 ကနေ ကျွန်တော် drupal ကိုပြောင်းခဲ့ပါတယ်။ နောက်တော့ 2.5 ထွက်လာတော့ drupal ကို မကြိုက်တော့ဘူး။ wordpress 2.5 ကို သဘောကျသွားတယ်။ ပိုလည်း မိုက်လာတာကို။ ဒါပေမယ့် စိတ်လျော့ပြီး drupal ကို Update လုပ်ပြီး သုံးတယ်။ ကြာလာတော့ မသုံးချင်လာတော့ဘူး။ ဒါနဲ့ပဲ wordpress 2.5 ကိုပြန်ပြောင်းခဲ့ပါတယ်။ ဒီ website အကူအညီနဲ့ ပြောင်းခဲ့တာပါ။ ကျွန်တော် wordpress 2.0 ကိုပြန် download ချရတယ်။ drupal ရဲ့ database ကို download ချရပါတယ်။ ပြီးတော့ offline မှာပဲ drupal…
-
ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။
-
အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်..
-
ကျွန်တော့် သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေး email ကို hack လို့ရသွားတယ်။ ဘယ်လိုလုပ်မိလဲမသိတော့ဘူး။ ဒါနဲ့ ကျွန်တော်သိလိုက်ပါပြီ။ forget email ကနေ သွားလိုက်တာပဲ။ ဒါနဲ့ တစ်ယောက်ယောက်ရဲ့ mail ကို စမ်းကြည့်လိုက်တယ်။ ပထမ တစ်ယောက် မရပေါင်။ secondary mail ကိုပို့လိုက်ပါတယ်။ ဒါနဲ့ နောက်တစ်ယောက် ထပ်စမ်းတယ်။ မရ။ secondary mail ကိုသွားပို့တယ်။ နောက်တစ်ယောက်စမ်းတယ်။ ရသွားတယ်။ security question လာမေးတယ်။ သုံးတဲ့ ဖောင်တိန် အရောင်တဲ့။ အရောင်တွေ တစ်ခုပြီး တစ်ခု ၃ ခေါက်လောက်လည်း ထည့်လိုက်ကော မှန်သွားပါလေရော။ new password ထည့်ခိုင်းတယ်။ ဒါပေမယ့် မဖြည့်လိုက်ပါဘူး။ ဒါကြောင့် သိလိုက်တယ်.. ၁.…
-
ကျွန်တော်တို့တွေ ဆိုင်အတွက် computer ကို budget သက်သက်သာသာ ရွေးဖြစ်ခဲ့တယ်။ ဟုတ်တယ်လေ။ budget များသွားရင် တခြားနေရာတွေမှာ မနိုင်တော့ဘူးလေ။ တစ်လုံးကို ၁ သောင်း ကွာရင် ၁၀ လုံးကို ၁ သိန်းကွာသွားမှာ။ ကျွန်တော်တို့ဆီမှာ အဲလောက် budget အများကြီးမရှိဘူး။ အကောင်းဆုံးဝယ်ရင် အကောင်းဆုံးရမယ်ဆိုတာ သိပါတယ်။ အဲလိုဆိုရင်လည်း opensource တွေ Free တွေက တန်ဖိုးမရှိတော့ သလိုပဲ။ အဲဒါကတော့ မဆိုင်ဘူးလို့ထင်တာပဲနော် :D ။ joomla ရဲ့ supporting ကို အကြိုက်ဆုံးပဲ။ နောက်ပြီး ubuntu ရဲ့ supporting အရမ်းသဘောကျတယ်။ ဒါပေမယ့် သူတို့က free & opensource ပဲ။ ထားပါလေ။…
-
သူများတွေတော့ မသိဘူး… ကျွန်တော်ကတော့ Computer နဲ့ ပတ်သက်ပြီး ရှာစရာရှိရင် MZ မှာ အရင်ရှာကြည့်တယ်။ အထူးသဖြင့် Anti virus တွေပေါ့။ Flashyfix ဆိုတာကို google မှာ ရှာကြည့်လိုက်။ MZ ထိပ်ဆုံးပဲ။ ကြွားတာမဟုတ်ပါ။ MZ မှာ အများအားဖြင့် virus ကိစ္စတွေပဲ ဆွေးနွေးကြတာများလို့ပါ။ အများအားဖြင့် virus အသစ်ပေါ်လာတိုင်း သတ်ပုံသတ်နည်းတွေ ညတွင်းချင်းတောင် ရနိုင်တယ်လေ။ ဒါကြောင့် MZ ကို အားကိုးရတာပေါ့ :D ။ အဲဒီအတွက် ရှာဖို့ forum ကိုဝင်ရတာ ကြာတယ်။ ဒါနဲ့ http://www.mysteryzillion.com/search/ ဆိုပြီး လုပ်ထားလိုက်တယ်။ Google Custom search ပေါ့။ ဖြစ်နိုင်ရင် firefox…
-
Cafe Software တော်တော်များများရှိပါတယ်။ ဒါပေမယ့် တကယ်အသုံးပြုမယ်ဆိုရင် ရွေးချယ်ရခက်ပါတယ်။ ကိုယ့်စက်က လန်ထွက်နေတယ်။ Memory ကလည်း လန်းတယ်။ ဒါဆို ကိစ္စမရှိဘူးပေါ့။ အဲ.. Memory က 256 MB လောက်ပဲရှိတယ်။ ဒါဆို စပြီး ရွေးချယ်ရခက်လာပြီ။ နောက်ပြီး CPU speed ကလည်း ပါသေးတယ်။ ကျွန်တော်အနေနဲ့ကတော့ အသေးဆုံး အပေါ့ဆုံး။ Server ထိုင်စရာမလိုပဲ server client သီးသန့်သွင်းရတဲ့ ဟာလေးပဲသုံးချင်တယ်။ နောက်ပြီး memory လည်း မကုန်တာလိုချင်တယ်။ Server မှာကတော့ memory ကော harddisk ပါ powerful ဖြစ်ဖို့လိုတယ်။ စက်တစ်လုံးအတွက်က ကိစ္စမရှိဘူးလေ။ client တွေအများကြီး powerful ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။…
