saturngod

  • ကျွန်တော်တို့တွေ အများအားဖြင့် database transfer လုပ်ရင် UTF-8 မပြောင်းတာ အမြဲ ပြသနာဖြစ်တယ်ဗျ။ကျွန်တော်တို့တွေ အစအဆုံး ပြန်ပြန်တင်နေရတာတွေ ကြုံတတ်တယ်။ အဲဒီအတွက် ကျွန်တော် sahana project လုပ်တုန်းက ရေးထားတဲ့ db_setup.php လေးက တော့ ကိုယ့် database တစ်ခုလုံး ရှိတဲ့ field တွေအပါအဝင် UTF-8 ပြောင်းပေးအောင်ရေးထားပါတယ်။အဲဒီ file လေးကို download ချပြီး notepad နဲ့ဖြစ်ဖြစ် wordpad နဲ့ဖြစ်ဖြစ် ဖွင့်ပြီး $db_name=’sahana’;$host=”localhost”;$username=”root”;$pwd=””; အဲဒီနေရာတွေမှာ ကိုယ့် database နဲ့ဆိုင်ရာတွေ ဖြည့်ပြီး db_setup.php ကို run လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ မြန်မာတွေအတွက် database transfer လုပ်ပြီးတဲ့အခါ အသုံးဝင်နိုင်လို့ ဖြန့်ဝေလိုက်ပါတယ်။

  • ကျွန်တော်တို့တွေဆီမှာ Google account တစ်ခုမက ရှိကြပါတယ်။ Gmail စစ်ရင် ပြသနာ အမြဲဖြစ်တယ်။ account တစ်ခုကနေ တစ်ခုပြောင်းရတာ ပြသနာပဲဗျ။ အခုတော့ ကျွန်တော်က firefox addon လေး သုံးလိုက်တော့ အဆင်ပြေသွားပါတယ်ဗျာ။ ကျွန်တော် သုံးတဲ့ add on ကတော့ Gmail Manager လို့ခေါ်တဲ့ add on လေးပါပဲ။ Google account တွေ တစ်ခု မကထည့်လို့ရတယ်။ နောက်ပြီး account အားလုံးရဲ့ email အဝင်ကို ကြည့်လို့ရတယ်။ ကိုယ်ပြောင်းချင်တဲ့ account လေးကို နှိပ်လိုက်ရုံပါပဲ။ ကျွန်တော့် အတွက်တော့ တော်တော်လေးကို အဆင်ပြေတာပဲဗျာ။

  • တက်လိုကျလိုက်နဲ့ ရလောက်ပြီထင်တယ်။ တရုတ်ကလုပ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တိတိကျကျတော့ မရသေးဘူး။ အခုတော့ ပြန်တက်သွားပြီ။ ဘာပဲပြောပြော မြန်မာတွေ အရင်ကလို နှေးနှေးကွေးကွေးမဟုတ်ပဲ အခုလို မြန်မြန်ဆန်ဆန် လုပ်နိုင်လာတာ ဂုဏ်ယူစရာတစ်ခုပါ။  ပြန်ပြီး ကောင်းမကောင်း စမ်းလိုက်အုံးမယ်။ :)

  • လက်တည့်စမ်းတာပဲလား။ ပညာပြတာပဲလား မသိဘူး။ အခု ကျွန်တော်တို့ရဲ့ ဘိုးအေကြီး ပုလင်းနက်ကြီးတော့ များပြီး down သွားရှာပြီ။ ဘာပဲပြောပြောဗျာ လူသုံးများတဲ့ site ကြီးတစ်ခု။ အင်တာနက် စသုံးတဲ့လူတွေအတွက် site ကောင်းတစ်ခု။ မြန်မာတွေအတွက် ရှားပါးတဲ့ site တစ်ခု။ အခုလို down သွားတာတော့ ဝမ်းနည်းတယ်။

  • အခု version မှာတော့ လက်ရှိ ဇော်ဂျီ လက်ကွက်အတိုင်းလုပ်ထားပါတယ်။ ပြသနာကတော့ –ျှ လိုမျိုး code နှစ်ခုကို key တစ်ခုထဲမှာထည့်မရပါဘူး။ နောက်ပြီး ဝင်းမြန်မာစာလုံးတွေပါ ထည့်ထားပေးပါတယ်။ package ကိုလည်း Ubuntu အတွက် သီးသန့်ရေးဆွဲထားတာပါ။ Debian Package ပေါ့။

  • အော်… လူတွေ လူတွေ… ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး… ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး… အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ…. အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ…. နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ…. သေသေချာချာ တိတိကျကျမဟုတ်ပဲ… ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး… နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး… ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်… ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ… အကုန်လုံးက IQ မမြင့်ရင်နေမယ်… IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်…

  • ကျွန်တော်တို့တွေ Blog ရေးမယ်ဆိုရင် wordpress ကိုဝင်ရ။ ပြီးရင် Login တွေ ဝင်ရ။ နောက်ပြီး Menu တွေ အဆင့်ဆင့်ဝင်နေရတယ်။ Blog ဆိုတာကတော့ အလောတကြီးရေးစရာတွေတော့ မရှိပါဘူး။ ဒါပေမယ့် internet connection မကောင်းတဲ့လူတွေတော့ Scribe Fire ဆိုတဲ့ firefox plugin လေး မိတ်ဆက်ပေးပါရစေ။

  • ScribeFire ဆိုတဲ့ firefox addon လေးနဲ့ စမ်းတင်ကြည့်လိုက်တာပါ။