saturngod
-
Unsplash.com ကိုတော့ လူတိုင်း နီးပါး သိပါလိမ့်မယ်။ high-resoultion ဓာတ်ပုံတွေကို အခမဲ့ ရယူနိုင်ပြီးတော့ စိတ်ကြိုက် လိုသလို အသုံးပြုနိုင်တဲ့ အတွက်ကြောင့် လူကြည့်များတဲ့ website ဆိုလည်း မမှားပါဘူး။ ကျွန်တော်လည်း iPhone အတွက် wallpaper အတွက် unsplash ကို ခဏခဏ သွား ကြည့်ဖြစ်ပါတယ်။ ဒါနဲ့ website ကို သွားပြီး download ချနေမယ့် အစား လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် iphone app လေး ကိုယ့်ဘာသာ ဖန်တီးထားပါတယ်။ Unsplash Wall လိုနာမည်ပေးထားပြီးတော့ backend API ကို unsplash.it ကနေ ရယူထားပါတယ်။ ဓာတ်ပုံကို iphone , ipad စသည်တို့…
-
Penultimate ကို နေ့စဉ်နီးပါး သုံးဖြစ်တော့ stylus ကောင်းကောင်းလေး လိုချင်မိတယ်။ Penulimate က Jotscript တစ်ခုတည်းကို support လုပ်တဲ့အတွက်ကြောင့် Jotscript ကို ဝယ်ဖို့ပဲ ရှိတယ်။ တခြား stylus တွေကို penultimate က support မလုပ်တာကြောင့် ရွေးချယ်စရာ မရှိဘူး။ Jotscript မတိုင်ခင်က Jot Pro ကို သုံးပြီး စာရေးဖြစ်တယ်။ တော်တော်လေးကို ကောင်းတယ်။ သို့ပေမယ့် ရေးတာ ကြာတော့ Jotpro ရဲ့ nib က မှန်တွေခြစ်ပြီး သိပ်ရေးလို့ မကောင်းဘူး။ ရေဆေးပြီး သုံးရင် အဆင်ပြေပေမယ့် အမြဲတန်းအတွက် အဆင်မပြေဘူး။ ဒါနဲ့ Jotscript ကို ဝယ်မယ်ကွာ ဆိုပြီး…
-
Web Route ဆိုပြီးတော့ ကျွန်တော် ပုံလေး တစ်ခု ဖန်တီးခဲ့ဖူးတယ်။ Web Developer ဖြစ်ချင်တဲ့ သူတွေ အနေနဲ့ HTML , CSS ပြီးရင် ဘာတွေ လေ့လာရမယ်။ ဘာတွေ လေ့လာလို့ ရမယ် စတာတွေကို ပုံ တစ်ပုံတည်းနဲ့ ကြည့်ပြီး နားလည်အောင် ဖန်တီးထားတာပါ။ ဖန်တီးထားခဲ့တာက ၂၀၁၂ လောက်က ဖြစ်မယ်ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်နဲ့ အခု အချိန် Technology တွေ မတူညီတော့ပါဘူး။ Node.js ဟာ အားကောင်းလာပြီး framework တွေ အများကြီး ရှိလာသလို Go lang ဟာ လည်း တကယ်ကောင်းတဲ့ framework တွေ ရှိလာပြီ။ နောက်ပြီးတော့…
-
Ornagai ကို Angular js ကို သုံးပြီးရေးမှပဲ Angular ကို သုံးတတ်တော့တယ်။ သုံးတတ်တယ်လို့တာ ဆိုပေမယ့် ကျွမ်းကျင်ဖို့ကတော့ လိုအုံးမယ်။ Angular ကို codeschool ကနေ သင်ပြီးတော့ လက်တွေ့ အသုံးပြုမယ်ဆိုတာ ornagai ကို ပြန်ရေးဖြစ်တယ်။ Backend API တော်တော်များများပြီးနေတာကြောင့် Angular js ကို ပိုပြီး အချိန်ပေးနိုင်တယ်။ စပြီး တွေ့ရတဲ့ ပြဿနာက ဘယ်ကနေ စမလဲ ဆိုတာပဲ။ ဘာတွေပါမလဲဆိုတာကို လည်း မသိဘူး။ စဉ်းစားလို့ရတာက search ပါမယ်။ ပြီးရင် ရလာတဲ့ result ကို ပြဖို့အတွက် နေရာပါမယ်။ ဒါက ပထမဆုံး ခြေလှမ်းပါပဲ။ ပထမဆုံး ဖန်တီး ဖြစ်တဲ့…
-
Ornagai v3 Website ကို ပြီးအောင် လုပ်နေတာ ရယ် နောက်ပြီးတော့ ရုံးမှာ android developer တစ်ယောက် ခွင့်ယူသွားတာ ရယ်ကြောင့် အိမ်မှာကော ရုံးမှာပါ အားလပ်ချိန် မရှိသလောက်ပဲ။ ဒါကြောင့် facebook ကို login လည်း မဝင်ဖြစ်ဘူး။ ဖုန်း နဲ့ iPad ထဲမှာလည်း ရှုပ်လို့ ဆိုပြီး ဖျက်ထားလိုက်တယ်။ အရင်တုန်းကတောင် Facebook personal ကို မသုံးဖြစ်ရင်အောင် Page လေး ကို သုံးဖြစ်သေးတယ်။ အခုတော့ Facebook Page app ကိုတောင် ဖျက်ထားလိုက်တော့ facebook ဆိုတာ နဲ့ တော်တော်လေး ဝေးသွားတယ် ဆိုရမယ်။ Facebook နဲ့ ဝေးသွားတော့…
-
Ornagai website v3 ကို ရေးနေတာ နှစ်တွေ တောင် တော်တော်ကြာသွားတယ်။ တကယ် စရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ် စနေ တနင်္ဂနွေမှ လို့ ဆိုရမယ်။ Front end ပိုင်းကို မစခင်ကတည်းက backend ပိုင်း တော်တော်များများကို silm ကို အသုံးပြုပြီး ရေးထားတော့ အကြမ်းလောက်တော့ ပြီးထားပြီးသား။ Angualr-JS ကို လေ့လာပြီးတော့ ဒီ တစ်ခေါက်တော့ Angular JS နဲ့ လုပ်မယ်ဆိုပြီး ရေးဖြစ်လိုက်တော့ beta အဆင့်လောက် ထိ ပြီးသွားတယ်။ Saing Myanmar , English Dictionary ကိုလည်း ခွင့်တောင်းပြီးတော့ v3 မှာ ပေါင်းထည့်ထားပေးတယ်။ Ornagai…
-
Ornagai ကို Mac အတွက် update မလုပ်ဖြစ်တာ တော်တော်ကြာသွားပြီ။ နောက်ဆုံး Yosemite မှာ သုံးလို့ မရတော့ဘူးလို့ report လည်း လုပ်ထားပါတယ်။ ဒါကြောင့် ကျွန်တော် ပြန်ပြီး update လုပ်ထားပေးပါတယ်။ Dictionary ကို Download ချပါ။ Unzip လုပ်ပါ။ Ornagai.dictionary file ရလာပါပြီ။ Ornagai.dictionary ကို ~/Library/Dictionaries/ ထဲတွင် ထည့်လိုက်ပါ။ Dictionary ကို enable လုပ်ဖို့ Mac က Dictionary App ကို ဖွင့်ပါ။ Menu က Preference ကနေ တဆင့် Ornagai ကို enable လုပ်ပေးပါ။ ပြီးလျှင် အသုံးပြုနိုင်ပါပြီ။…
-
Ornagai Android version ကို update လုပ်ပြီး playstore ပေါ်မှာ တင်ထားပေးပါတယ်။ version 2.2.6 မှာ စာလုံးပေါင်း အမှားအချို့ကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။ feature အသစ်အနေနဲ့ History ကို ထည့်သွင်းထားပေးပါတယ်။ စာလုံးကို ဖျက်ချင်ရင်တော့ စာလုံးကို အကြာကြီးဖိထားလိုက်ရင် select ပေါ်လာပါလိမ့်မယ်။ ဖျက်ချင်တဲ့ စာလုံးတွေကို ရွေးပြီးတော့ Delete လုပ်လိုက်ရုံပါပဲ။ Version 2.2.2 မှာ ကတည်းက Clipboard Service ပါဝင်လာပါတယ်။ App က background မှာ အသုံးပြုနေရင် မည်သည့် app မှာ မဆို စာလုံးကို select လုပ်ပြီး copy လုပ်လိုက်တာနဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးပါလိမ့်မယ်။ UI/UX…