saturngod

  • ဒီနေ့မှ iOS 8 ထဲမှာ languaeg ကို ထည့်ကြည့်မိတယ်။ List ထဲမှာ တော့ မြန်မာ မပါပေမယ့် search လုပ်တဲ့ အခါမှာ မြန်မာ ပါလာတာကို တွေ့ရတယ်။ မြန်မာစာ ကတော့ အခုတော့ local ပဲ ပါပါတယ်။ Unicode ကို အသုံးပြုထားပါတယ်။ Lock Screen မှာ မြန်မာလို နာရီ နဲ့ ရက်စွဲကို ပြတယ်။ ပြက္ခဒိန် icon မှာ မြန်မာလို ပြတယ်။ ပြက္ခဒိန် app က ရက်စွဲတွေ က မြန်မာလို ပဲ။ Notification က လည်း မြန်မာလို နံပတ်ပါ။ Setting > General…

  • ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောတုန်း အခု လက်ရှိ Angular နဲ့ ရေးနေတယ်လို့ ဆိုတယ်။ ဒါနဲ့ ဘယ်လို နေလဲ ဆိုတော့ မိုက်တယ် လို့ ပြောတယ်။ CodeSchool မှာလည်း လေ့လာလို့ ရတယ်။ Google က Sponsor ပေးထားပြီး free course ပါ။ CodeSchool မှာကတော့ တကယ့်ကို အခြေခံပဲ သင်တယ်။ Angular က version 0.9 ကနေ 0.10 လောက်ထိ သုံးဖူးတယ်။ documentation မရှိတာကြောင့် လေ့လာဖို့ ခက်တယ်။ ဘာတွေ လုပ်လို့ လုပ်လို့ ရမှန်း မသိဘူး။ ဒါနဲ့ မလေ့လာဖြစ်ခဲ့ဘူး။ တနင်္လာနေ့…

  • Node.js ကို စသုံးတုန်းကတော့ အတော်ကို သဘောကျပြီးတော့ Node.js နဲ့ ပဲ web ကော script တွေပါ အကုန် ရေးဖြစ်တယ်။ အခု project တစ်ခုကို ပြန်လုပ်တော့ ဘာနဲ့ မြန်မြန်ပြီးမလဲဆိုပြီး စဉ်းစားတော့ slim framework ကို စဉ်းစားမိပြီး slim နဲ့ ပဲ လုပ်လိုက်တာ တော်တော်လေးကို မြန်မြန်ဆန်ဆန် ပြီးသွားတယ်။ Front end ကိုတော့ HTML , jQuery ပဲ သုံးထားပြီး backend ကိုတော့ restful ကို slim နဲ့ လုပ်လိုက်တာ ပြီးသွားတယ်။ Database ကတော့ အရင် အဟောင်း data ရှိတဲ့ အတွက်…

  • HTML5-Myanmar iOS app ကို App store ပေါ်မှာ download ချလို့ရပါပြီ။ မြန်မာလို ရေးသားထားတဲ့ HTML 5 စာအုပ်ပါ။ စာအုပ်ကို ၁ နှစ်ကျော်လောက် ရေးသားခဲ့ပြီးတော့ Online version အနေနဲ့ http://books.saturngod.net/HTML5/ မှာ ဖတ်နိုင်ပါတယ်။ Why App ? Epub သို့မဟုတ် iBooks version အနေနဲ့ မထုတ်ပဲနဲ့ ဘာကြောင့် app အနေနဲ့ ထုတ်လဲ ဆိုတော့ စာအုပ် စရေးကာစက ebook အနေဲ့ ရောင်းဖို့ ရေးဖြစ်ခဲ့တာပါ။ Online မှာ Free ပေးဖတ်ပြီးတော့ Offline အနေနဲ့ ebook ရောင်းမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်။ စာအုပ်ရေးပြီးဖို့ ၁…

  • Laravel Myanmar အဖွဲ့ စုပေါင်းပြီး Laravel docs ကို ဘာသာပြန်ထားတာကို မနေ့က github မှာ တွေ့လိုက်တယ်။ အကုန်လုံးကို markdown နဲ့ ရေးထားတာ ဖြစ်ပြီး အတော်လေးကို ပြီးနေပါပြီ။ တကယ်လို့ laravel ကို စိတ်ဝင်စားတယ်။ လေ့လာနေတယ် ဆိုရင် သူတို့ အဖွဲ့ကို ကူပြီးတော့ ဘာသာပြန်ပေးစေချင်ပါတယ်။ Contributor တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ ကျွန်တော် ဒီနေ့ သူတို့ ရေးထားတာ စာတွေကို Gitbook version ပြောင်းပြီးတော့ Gitbook တင်ထားပေးပါတယ်။ လူတိုင်း online ကနေ လွယ်လင့် တကူ ဖတ်နိုင်အောင်ပါ။ တကယ်လို့ epub အတွက် ဒီမှာ download ချနိုင်ပါတယ်။…

  • iOS 8 စထွက်တဲ့ နေ့တုန်းက XCode 6 ကို download ချ။ Swift ကို လေ့လာပြီး iOS 8 အတွက် keybaord ရေးဖြစ်တယ်။ Sar keyboard ကိုပဲ အခြေခံပြီး Swift နဲ့ ပြန်ပြင်ရေးထားတယ်။ အခု key တွေ အားလုံး ထည့်ပြီးပြီ။ keyboard လည်း ပြောင်းလို့ရတယ်။ iOS 8 မှာတော့ bugs လေးတွေ ရှိသေးတော့ keyboard view က ပြဿနာတွေ ရှိသေးတယ်။ နောက်ထပ် release မှာ ထပ်စမ်းရမယ်။ Back button က long press ကို အလုပ်မလုပ်သေးဘူး။ အဲဒါကို…

  • ဧပြီလ ၂၀၁၃ မှာ စပြီးရေးခဲ့တဲ့ HTML 5 စာအုပ်ဟာ ဒီနေ့မှာ ပြီးသွားခဲ့ပါပြီ။ ရေးလိုက် နားလိုက်နဲ့ ၁ နှစ် နဲ့ ၂ လ လောက် ကြာသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တနှစ်တောင် ပြည့်သွားပြီ စာအုပ်ပြီးအောင် ရေးမယ်။ မပြီးမချင်း တခြား project မလုပ်ဘူးဆိုပြီး တောက်လျှောက်ရေးဖြစ်ခဲ့တယ်။ စာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပါတယ်။ HTML အပြင် CSS , JavaScript အခြေခံ တွေ ပါထည့်သွင်းရေးထားပါတယ်။ သို့ပေမယ့် JavaScript နဲ့ အဓိက သုံးရတဲ့ Gelocation , Drag/Drop , Web Storage စတာတွေတော့ မပါဝင်လာပါဘူး။ စာအုပ်က…

  • Mongodb University

    Mongodb University ကို သိတာကတော့ တော်တော်ကြာပြီ။ စသိကာစက အဓိက Mongodb for DBAs ဖြစ်တာကြောင့် မတက်ဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ မတ်လမှ mongodb for node.js ကို တွေ့တာနဲ့ တက်ဖြစ်လိုက်တယ်။ မတ် လ ၂၄ ရက်ကနေ စပြီးတော့ မေလ ၁၃ ရက်နေ့ အထိ ကြာတယ်။ တစ်ပတ်ကို အခန်း ၁ ခန်းနဲ့ စုစုပေါင်း Final exam အပါအဝင် ၇ ပတ် ရှိတယ်။ ပထမ အပတ်ကတော့ လွယ်တယ်။ နောက်ပိုင်းတွေမှာတော့ ရုံးက အလုပ်နဲ့ ဆိုတော့ သောကြာနေ့ည ဒါမှမဟုတ် စနေ တနင်္ဂနွေမှ သာ စာလုပ်ဖြစ်တော့တယ်။ သင်တာတွေကတော့…