saturngod

  • Ornagai 2.5 ကို iOS 7 အတွက် ပြန်ပြင်ထားပေးပါတယ်။ နောက်ပြီး feature အသစ်ဖြစ်တဲ့ copy လုပ်လိုက်တာနဲ့ notification တက်လာပြီးတော့ dictionary ကို လွယ်လင့်တကူ ဖွင့်လို့ရအောင် ဖန်တီးထားပေးပါတယ်။ Ornagai ကတော့ background မှာ run ထားပေးဖို့လိုပါတယ်။ စာဖတ်တဲ့ အခါမှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ စာလုံးကို copy ကူးပြီး ornagai မှာ ပြန် paste လုပ်တာ ထက် မြန်ဆန်အောင် ဒီ feature အသစ်လေး ထည့်ပေးထားတာပါ။ မလိုအပ်ရင် Setting ထဲ ဝင်ပြီးတော့ Copy Notification ကို ပိတ်ထားလိုက်ပါ။ နောက်ပြီး စာလုံး အမှား အချို့…

  • Ornagai 2.5 iOS ကို iOS 7 အတွက် ပြန်ပြင်ထားတယ်။ icon ကော UI design ကော iOS 7 အတိုင်း ပြန်ပြီး မွမ်းမံထားတယ်။ ကျွန်တော် အကြိုက်ဆုံး feature တစ်ခု ထည့်ထားတယ်။ မှာ ကြည့်လိုက်ပါ။ Ornagai 2.5 ကို background မှာ run ထားပြီး iOS ရဲ့ ကြိုက်တဲ့ နေရာမှာ စာကို Copy ကူးလိုက်တာနဲ့ notification တက်လာပါလိမ့်မယ်။ notification ကို နှိပ်ပြီးတော့ စာလုံးရဲ့ အဓိပ္ပာယ်ကို ကြည့်လို့ရတယ်။ ရှာမတွေ့တဲ့ စာလုံးဆိုရင်တော့ မတက်လာဘူးပေါ့။ notification မတက်စေချင်ရင် Ornagai 2.5 ရဲ့…

  • Kickstarter မှာ နာမည်ကြီးနေတဲ့ Ghost ထွက်လာပါပြီ။ ထွက်ထွက်ခြင်း ခဏပဲ စမ်းကြည့်ရပြီး hosting ပေါ် တင်ပြီး မစမ်းကြည့်မိဘူး။ SQLite သုံးထားတဲ့အတွက် database က ပြဿနာ မဟုတ်ဘူး။

  • NSMag Oct Issue

    ဒီလ အတွက် NSMag ကို ထုတ်တာ နည်းနည်း နောက်ကျသွားတယ်။ အဓိကတော့ iOS 7 စောင့်ပြီး ဘာပိုထူးလဲဆိုတာ ရေးချင်တာလည်း ပါတယ်။ iOS 7 အတွက် ဘယ်လိုမျိုး ပြောင်းရေးလို့ ရမလဲ ဆိုတာ ရေးချင်တာကြောင့်ပါ။ NSMag ကို Android အတွက် ရေးနေပြီးတော့ iOS ကို bug fixed တွေ လုပ်နေတာကြောင့် ဆောင်းပါး များများ ရေးဖို့ အချိန် မပေးလိုက်နိုင်ပါဘူး။ ဒီလမှာတော့ ဆောင်းပါး ၃ ပုဒ် သာ ပါဝင်ပြီး အင်တာဗျူး မပါဝင်လာခဲ့ပါဘူး။ နောက်လ issue မှာ ကြိုးစားပြီးတော့ ပြန်လည် ဖြည့်တင်းပေးပါမယ်။ App Review Update…

  • မနေ့ညက စာ App ကို ပြင်ရင်း iOS 6 အတွက်ကော 7 အတွက်ကော လုပ်ဖို့က ပြဿနာ ဖြစ်နေတယ်။ အဓိက ပြဿနာက status bar ပဲ။ iOS 7 tool bar အပေါ်မှာ status bar ရှိနေပြီးတော့ 6 မှာတော့ မရှိနေဘူး။ 6 နဲ့ 7 အပြောင်းအလဲမှာ Design ပြဿနာတွေ ဖြစ်ကုန်တယ် ဥပမာ။ အထက်က ပုံက iOS 7 မှာ toolbar ပေါ်မယ့် ပုံပါ။ အဲဒါကို iOS 6 view နဲ့ ပြောင်းကြည့်လိုက်ရင် အောက်ကလို ဖြစ်သွားတယ်။  

  • အရင် တစ်ခါတုန်းက ရေးဖူးတဲ့ EasyDoc ကို ဗလာ ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ Markdown document  generator ပါပဲ။ <div id=”content”> နဲ့ </div> ကြားထဲမှာ ရေးထားတဲ့ markdown တွေကို HTML ပြောင်းပြီး ဖော်ပြပေးသလို header တွေကိုလည်း TOC ခွဲထုတ်ပေးပါတယ်။ ဗလာ မှာ EasyDoc ကို ထပ်ပြင်ထားတာကတော့ mobile အတွက်ပါ။ mobile တွေမှာ ကြည့်ရင် toc ကို လွယ်လင့် တကူသွားလို့ ရအောင် ပြန်ပြင်ထားတယ်။ UI ကို EasyDoc ကနေ နည်းနည်း ထပ်ပြင်ထားပါတယ်။ လက်ရှိ API JSON response document တွေကိုလည်း ဗလာ ကို အသုံးပြုပြီးပဲ…

  • စနေနေ့က M1 မှာ stock ဝင်မလား ဆိုပြီး အားတာနဲ့ iphone stock ကို refresh ချချ နေတယ်။ ၁၂ နာရီလောက်မှာ stock ရပြီဆိုတာ တွေ့တာနဲ့ ချက်ခြင်း ပြေးပြီး recontract လုပ်လိုက်တယ်။ အခု အချိန် မရသေးလည်း နောက် ၁ ပတ်လောက်ဆိုရင်တော့ stock က လုံလုံလောက်လောက် ရှိတော့မှာပါ။ အစ က တော့ iphone , ipad တွေက စင်္ကာပူ out of stock ဖြစ်တတ်တာ အဆန်းတော့ မဟုတ်ပါဘူး။ Clementi Mall မှာ စနေနေ့မှာတော့ Note 3 ဝယ်တဲ့ လူတွေ က…

  • မနေ့က မနက်က အထိ server က ပုံမှန် အလုပ်လုပ်သေးပေမယ့် မနေ့ညနေမှာတော့ သိသိသာသာ နှေးသွားတယ်။ ဒါနဲ့ Digitalocean က support team ကို သွားမေးတော့ သူပြန်မေးတာတွေကို ပြန်ဖြေ ။ ကိုယ့်မှာ ရှိတဲ့ information လေးတွေ ပေးရင်း သူက database ကြောင့်နှေးနေတာလို့ ဆိုတယ်။ ဒါနဲ့ ပုံမှန် .html လေးကို စမ်းကြည့်တော့ server က မနှေးတာကို တွေ့တယ်။ mysql connection ပါရင် နှေးနေကော။ nginx ရဲ့ access log ကို ကြည့်လိုက်တော့ မြန်မာ blog ရဲ့ ajax-admin.php က ခဏခဏ ခေါ်နေတာ…