saturngod
-
ဒီလ ၁၁ ရက်နေ့ ဆိုရင် blog ရေးတာ ၆ နှစ် ရှိပြီ။ စရေးကာစကတော့ ကျောင်းက အကြောင်းလေးတွေ ရေးချင်တာ နောက်ပြီးတော့ အဲဒီ အချိန်တုန်းက blogspot ဆိုတာကြီးက ခေတ်စားတဲ့ အချိန်ဆိုတော့ ဘာလဲ သိရအောင် စမ်းရေးနဲ့ စရေးဖြစ်သွားတာပဲ။ အဲဒီ ကတည်းက စရေးလိုက်တာ အခုဆို ၆ နှစ်တောင် ရှိသွားပြီ။ Blogspot ကို မြန်မာနိုင်ငံ က ပိတ်လိုက်တော့ ကိုယ်ပိုင် host ပြောင်းရတယ်။ အဲဒီတော့ saturngod.net ဆိုတဲ့ domain နဲ့ wordpress ကို host လုပ်ပြီး ရေးဖြစ်တယ်။ ဒီကြားထဲမှာ Drupal ကို ပြောင်းပြီးတော့ ရေးဖြစ်ခဲ့သေးတယ်။ သို့ပေမယ့်…
-

ဒီနေ့ Flud က August 8 ရက်နေ့ ရောက်ရင် ပိတ်ပြီဆိုပြီးတော့ mail ရောက်လာပါတယ်။ Flud ရှိခဲ့တာ ၃ နှစ်ရှိပါပြီ။ မှတ်မှတ်ရရ Pulse နဲ့ အပြိုင် Flud ကို ထွက်ခဲ့တာပါ။ Pulse ကတော့ Linkedin က ဝယ်သွားပြီးတော့ Flud ကိုတော့ လာမယ့် ဩဂုတ်လ ၈ ရက်နေ့ဆို ပိတ်တော့ပါမယ်။ ဒါ့အပြင် ဒီနေ့ Catch.com ကို လည်း ပိတ်သွားပြီဆိုတာကို ဖတ်လိုက်ရတယ်။ Flud ကော Catch.com ကော ၂ ခု စလုံးက အခြား Product အသစ် သို့မဟုတ် Direction အသစ်ကို သွားမယ်လို့ ဆိုထားတော့…
-

ဒီလ Aug issue အတွက် ၁ လ လောက် ကြိုပြင်ခွင့်ရလိုက်တယ်။ NSMag ထွက်ပြီးတာနဲ့ မကြာခင်မှာ iOS 7 နဲ့ Xcode ကို Apple က မိတ်ဆက်ခဲ့ပါတယ်။ iOS 7 မှာ အများက မျှော်လင့်ထားသလို flat UI ဖြစ်သွားပေမယ့် လူတော်တော်များများက မကြိုက်လှပါဘူး။ iOS ရဲ့ လက်ရှိ icon design က မှားယွင်းနေတယ်ဆိုတာကို တော်တော်များများက ထောက်ပြ ပြောဆိုမှုတွေ ရှိသလို dribbble မှာလည်း ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး redesign ပုံတွေ အများကြီးတွေ့ရပါတယ်။ iOS 7 က မဆိုးလှပေမယ့် icon တွေက ဆိုးလှပါတယ်။ လေးထောင့်သေးသေးလေးမှာ…
-

အခုတလော Meteor JS နဲ့ ပတ်သက်ပြီး ပြန်ဖတ်ဖြစ်နေတယ်။ Meteor JS နဲ့ ပတ်သက်ပြီး သူတို့ version 0.4 လောက် က စပြီး သိတာလို့ ဆိုရမယ်။ Daily JS ကနေ သိတာနဲ့တူတယ်။ စတွေ့ကာစတော့ တော်တော်မိုက်တယ်။ သို့ပေမယ့် security ပြဿနာတွေ ရှိနိုင်တယ်ဆိုပြီး မလေ့လာဖြစ်ဘူး။ Discover Meteor ဆိုတဲ့ စာအုပ်ထွက်တော့မှပဲ Meteor JS ကို စပြီးလေ့လာဖြစ်တော့တယ်။ Meteor JS ဟာ real time app တွေ ရေးတဲ့ အခါမှာ အသုံးဝင်တယ်။ Meteor JS ကို အသုံးပြုပြီး Trello လိုမျိုး real time…
-

ဘာသာပြန်တဲ့ အလုပ်ဟာ လွယ်တဲ့ အလုပ်မဟုတ်မှန်း ဒီနေ့ Airmail ကို ဘာသာပြန်မှပဲ ပိုပြီး သဘောပေါက်လာတယ်။ အရင်ကတော့ သူများ ဘာသာပြန်ထားတာတွေကို ကြည့်ပြီး ဖတ်ရတာ ထောက်တယ်။ အဓိပ္ပာယ်လွဲတယ် စသည်ဖြင့် အမျိုးမျိုး ထင်မိပေမယ့် ကိုယ်တိုင် ပြန်တဲ့ အခါမှာ တကယ့်ကို မလွယ်မှန်း သိလာတယ်။ XBMC ကို raspberry pi မှာ ထည့်ပြီး သုံးကြည့်ကတည်းက XBMC ကို သဘောကျမိတယ်။ အဲတုန်းက စဉ်းစားမိတာကတော့ အဖေ့ကို raspberry pi မှာ XBMC တစ်ခု တင်ပြီး ပေးရင် ကောင်းမလား ဆိုပြီး စဉ်းစားမိတယ်။ နောက်တော့ အဖေ computer ကနေ external hard…
-

NSMag ကို စပြီး ဖန်တီးဖို့အတွက် လိုအပ်တာတွေကို ရှာဖွေပြီး research လုပ်တုန်းက Baker ကိုလည်း တွေ့ဖြစ်တယ်။ စာအုပ်တစ်အုပ်အတွက် မဆိုးဘူးဆိုပေမယ့် ကျွန်တော်လိုချင်တဲ့ feature တွေ မဖန်တီးပေးနိုင်ဘူး။ သူက opensource ဖြစ်တဲ့အတွက် ကိုယ်လိုသလို ပြန်ပြင်ခွင့်ရှိတယ်။ သို့ပေမယ့် သူ့ code တွေကို နားလည်အောင် လုပ်ရအုံးမယ်။ ကျွန်တော် server side နဲ့ ပေါင်းပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် သူ့ code က အဲဒီ အချိန်မှာ newsstand အတွက် မပြည့်စုံသေးဘူး။ Download ချတာ ပါပေမယ့် free subscription ပဲရမယ်။ ကျွန်တော် အဲဒီ အချိန်က free subscription လား…
-

PHP မှာ ၃ နှစ်ကျော်လောက် လုပ်ခဲ့ပြီး iOS ကို လုပ်တော့မယ်ဆုံးဖြတ်တော့ PHP ကို စွန့်လွှတ်ဖို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ iOS ကို full time လုပ်နေရင်းနဲ့ PHP ကိုလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် PHP နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ PHP ရဲ့ ပြောင်းလဲမှုတွေကို သိပ်ပြီး မလေ့လာအားတော့ပဲ iOS SDK အသစ်ထွက်ရင် ဘာတွေပြောင်းနေလဲ။ Github မှာ ဘာ iOS အတွက် opensource library အသစ်ထွက်လဲ။ ဘာ control တွေက ခေတ်စားနေလဲ စတာတွေကို လေ့လာခဲ့ဖြစ်တယ်။ အခုအချိန်မှာတော့ PHP ကို ရေးတတ် သုံးတတ်ရုံလောက်ပဲ သိတော့တာ…
-
NSMag ကို ရေးလိုက်တာ အတွေ့အကြုံတော်တော်လေးကို ရသွားတယ်။ ပထမဆုံး အတွေ့အကြုံကတော့ newsstand ပဲ။ အမှန်တိုင်းပြောရရင် သူများရေးထားတဲ့ newsstand tutorial တွေ ဘယ်လောက်ဖတ်ဖတ်။ code တွေ ဘယ်လောက် ဖတ်ဖတ် လက်တွေ့လုပ်လိုက်တာလောက် နားမလည်တာ အမှန်ပဲ။ Newsstand app က တကယ်တန်းတော့ ထင်သလောက် ရေးရတာ မခက်ပါဘူး။ newsstand app မလုပ်ခင် viggiosoft က tutorial ကို ဖတ်ထားတယ်။ သူပေးထားတဲ့ code ကို ထပ်ခါထပ်ခါ လေ့လာကြည့်တယ်။ တကယ်တန်းရေးတော့ တော်တော်လေးကို အသုံးဝင်တယ်။ Newsstand အတွက် Apple က တော်တော်များများက အရန်သင့် အဆင်ပြေဖန်တီးပေးထားတဲ့အတွက် User အတွက် မသိသာပေမယ့်…
