saturngod

  • ဒီနေ့ ကိုသီ (Myanmar Tutorial) က ipad မှာ HTML website offline ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး facebook မှာ မေးထားတာ တွေ့လိုက်တယ်။ ဒါနဲ့ အရင်ကတည်းက ကြားဖူးတဲ့ HTML5 offline လေးကို စမ်းကြည့်ဖြစ်တယ်။ တစ်ခါမှတော့ ipad မှာ မစမ်းဖူးဘူး။ HTML 5 မှာ Cache Manifest ပါလာပါတယ်။ Google Chrome , Safari , firefox , opera စတာတွေမှာ support လုပ်ပါတယ်။ HTML5 cache ကို support လုပ်ဖို့ .htaccess မှာ [code lang=”text”]AddType text/cache-manifest .manifest[/code]…

  • မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိန္ဒိယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။

  • ဒီနေ့ မနက်နိုးနိုးခြင်း စိတ်ကူးပေါက်တာနဲ့ twitter ကို စစ်ကြည့်လိုက်တယ်။ နိုးနိုးခြင်းမှာ မြင်လိုက်ရတဲ့ message ကို မယုံနိုင်လိုက်ဘူး။ Hoax news ထင်ပြီး google မှာ ချက်ခြင်းကို ရှာကြည့်လိုက်တယ်။ လက်မခံနိုင်လောက်အောင်ကို သတင်းက အမှန်ဖြစ်နေတယ်။ CNN မှာလည်း ဖော်ပြထားတယ်ဆိုတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ Twitter တစ်ခုလုံးလည်း Steve Jobs အကြောင်းတွေပဲ။ facebook မှာလည်း Steve Jobs အကြောင်းတွေပဲ။ သတင်းသေချာသွားပြီ ဆိုတာကို သိလိုက်တုန်းက ကိုယ့်ဆွေမျိုးတစ်ယောက် ဆုံးရှုံးသွားသလို။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲလုပ်ခဲ့တဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဘာ သွေးသားမှ မတော်စပ်တဲ့ ကျွန်တော်တောင် နာကျင် ကြေကွဲရရင်…

  • Programming ကိုလေ့လာချင်တယ်။ Programming ဆိုတာ ဘာလဲ။ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ ဒါပေမယ့် လေ့လာကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် CodeAcedamy က ဖန်တီးပေးထားပါတယ်။ javascript ကို လေ့လာချင်တဲ့ သူတွေအတွက်ကတော့ တော်တော် အဆင်ပြေပါတယ်။ အခု အချိန်မှာတော့ Course က ၂ ခု ပဲ ရှိပါသေးတယ်။ သို့ပေမယ့် contribute လုပ်ထားတဲ့ course တွေကတော့ တော်တော်များများရှိပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို တင်မထားသေးပါဘူး။

  • သောကြာနေ့က ရုံးမှာ လေ့လာချင်တာ လေ့လာလို့ရအောင် နေ့တဝက် အချိန်ပေးပါတယ်။ ဒါနဲ့ စမ်းချင်နေတဲ့ node.js က socket.io နဲ့ iphone ကို စမ်းပြီး ချိတ်ကြည့်လိုက်တယ်။ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတယ်။ လိုချင်တဲ့ library က ရတယ်။ သို့ပေမယ့် socket.io 0.7 နောက်မှာ သုံးမရတာနဲ့ ပြန်ပြင်ထားတဲ့ library ကို သုံးရတယ်။ အဲဒီ library က https://github.com/pkyeck/socket.IO-objc ပါ။ သူက socketio-cocoa https://github.com/fpotter/socketio-cocoa ကို အခြေခံထားတယ်။ socketio-cocoa က 0.7 နောက်ပိုင်းမှာ မရတော့လို့။ နောက်ပြီး အခြား library တွေ ထပ်ဖြည့်ပေးရတယ်။ ထပ်ဖြည့်ပေးရတဲ့ library တွေက https://github.com/erichocean/cocoa-websocket…

  • update: ညမီးအိမ် unicode သုံးလို့ရသွားပါပြီ။ ပြဿနာက Masterpiece Uni Sans font ကို windows မှာ သွင်းထားမိလိုက်လို့ပါ။ ပြီးခဲ့တဲ့ ၂ ရက်လောက်က facebook မှာ ညမီးအိမ်က MZ ကို ပြန်လာချင်တယ်။ ခက်တာက Unicode ထက် ဇော်ဂျီကို သုံးချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ Unicode ကို အခုထက်ထိ မသုံးတတ်သေးဘူးလို့လည်း ဆိုလာပြန်တယ်။ သူ့လို ဘဝတူတွေ ရှိပါတယ်ဆိုတာကို သိစေချင်တယ်လို့ ရေးလာပါတယ်။ တွေ့တွေ့ချင်းပဲ ချက်ခြင်းပြန်ဖြေမလို့ ဆိုပေမယ့် ရုံးမှာ အလုပ်ချိန် ဖြစ်နေတာကြောင့် ဖြစ်သလို နောက်ပြီး ရှင်းရင်လည်း အများကြီး ရေးနေရမှာ ဆိုးတာကြောင့် post တစ်ခု အနေနဲ့ပဲ ရေးလိုက်ပါတယ်။…

  • Keymagic ကတော့ အလုပ်မလုပ်တော့ဘူး။ Keymagic developer Dr.Carbon ကို တော့ ပြောထားတယ်။ Notepad မှာတော့ မြန်မာစာ ကို အလိုလို သိတယ်။ သို့ပေမယ့် IE မှာတော့ မသိသေးဘူး ။ နောက်ပြီး folder sorting ကလည်း အလုပ်မလုပ်သေးပါဘူး။ အခုက preview version ဖြစ်သေးလို့ အပြည့်အဝ အလုပ်မလုပ်သေးတာလို့ ထင်တာပဲ။ Firefox မှာဆိုရင် font သွင်းစရာမလိုပဲ မြန်မာစာတွေကို ဖတ်လို့ရပါတယ်။ သို့ပေမယ့် IE မှာတော့ မရပါ။ ပုံတွေကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။ update: Keymagic အတွက် http://www.microsoft.com/download/en/details.aspx?displaylang=en&id=29 ကို သွင်းပေးလိုက်ရင် အလုပ်လုပ်သွားပါလိမ့်မယ်။

  • Windows 8 support Myanmar Unicode built in and font family name is Myanmar Text that developed by Microsoft team. Thank Mg Pyone for information. Screenshot will come tonight.