saturngod

  • ကျွန်တော် apiwork လို့ နာမည်ပေးထားတဲ့ Nifty framework ကို opensource ချပေးလိုက်ပါပြီ။ License ကတော့ MIT license ပါပဲ။ အရင်တုန်းက ကျွန်တော် ရေးခဲ့ဖူးတဲ့ Nifty Framework ပါပဲ။ အရင်တုန်းက Nifty Framwork ကိုတော့ nifty light ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ လက်ရှိ MZ User ကိုလည်း Nifty နဲ့ပဲ ရေးထားတာပါ။ ဘာလို့ Nifty အသုံးပြုရတာလဲ။ ကျွန်တော် ကိုယ်တိုင်ရေးထားလို့ ကျွန်တော် ကိုယ်တိုင် သုံးတာပါ။ အဓိကတော့ API ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။ နောက်ပြီး ကျွန်တော် သုံးနေကျဖြစ်တဲ့ Library တွေကို စုစည်းထားပြီး တစ်ခုတည်းကနေ အသုံးပြုချင်တာကြောင့်လည်း…

  • ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။ MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ…

  • Python converter နဲ့ ပြောင်းတာ အဆင်မပြေတာနဲ့ ကိုယ့်ဘာသာ ရေးထားတဲ့ PHP ကို ပြန်စမ်းကြည့်ဖို့ စဉ်းစားထားတာ ကြာပြီ။ MZ ကို ပြောင်းဖို့ ကြည့်လိုက်တော့ နောက်ပိုင်းရေးထားတဲ့စာတွေက Latin မှာသွားသိမ်းထားတာ ࿽ လိုမျိုး ပုံစံတွေနဲ့ ဆိုတော့ PHP code နဲ့က အဆင်မပြေဘူး။ ကို ရာဗီ ကိုတော့ ပြောင်းတာ error တက်တာ ပြောထားသေးတယ်။ ဒေါက်တာ ကာဘွန် ရေးထားပေးတဲ့ java converter နဲ့တော့ မစမ်းရသေးဘူး။ MZ database က 500 MB လောက် ရှိတယ်။ ဒါကြောင့် ပြောင်းရခက်နေတာ။ Unicode ပြောင်းတာနဲ့ အတူတူ vanilla ကိုလည်း…

  • MZ member တွေ့ဆုံပွဲကို ကန်တော်ကြီးမှာ လုပ်ပါမယ်။ Date:… 30.1.2011 Time:… ညနေခင်း 3 နာရီမှ 4 နာရီခွဲအထိ Place:.. ကန်တော်ကြီး ချစ်သူများကျွန်း ကျွန်တော်လည်း အဲဒီနေ့ အဲဒီပွဲမှာ ရှိနေမှာပါ။ အစီအစဉ်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ member အသစ်တွေကော အဟောင်းတွေကော ရင်းနှီးသွားအောင် တွေ့ဆုံကြတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော် ရန်ကုန်ရောက်နေတုန်းမှာ MZ က member တွေကိုလည်း တွေ့ချင်တာကြောင့်လည်းပါပါတယ်။

  • Read It Later

    အခုတလော read it later လေးကို သဘောကျနေတယ်။ ရှိတဲ့ iPad က 3G မရတော့ MRT ပေါ်မှာ စာဖတ်ရတာ သိပ်အဆင်မပြေဘူး။ Ebook တွေကလည်း ဖတ်ချင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ဘူ။ Getting Real , Rework ဒါတွေပဲ ထပ်ကာ ထပ်ကာ ဖတ်နေရတော့ မဖတ်ချင်တော့တာလည်း ပါတယ်။ အခြား programming စာအုပ်တွေ လည်း မဖတ်ချင်တော့ဘူး။ အသက်ကလေး ရလာလို့လားမသိဘူး သတင်းတွေလောက်ပဲ ဖတ်ချင်တော့တယ်။ မနက်စောစော စီးစီး သတင်းဖတ်ရတဲ့ အရသာလေးကို သဘောကျနေမိတယ်။ စနေ ၊ တနင်္ဂနွေတွေ ဆိုရင် နိုးနိုးခြင်း ကော်ဖီလေး ဖျော်ပြီး iPad က Pulse ကို…

  • အင်တာနက်ဆိုင်မှာ keyboard မရှိလို့ unicode ရိုက်လို့မရဘူးဆိုသူများ key magic portable ကို အသုံးပြုလို့ရပါတယ်။ http://dl.dropbox.com/u/176693/KeyMagic-Standalone-Portable.zip Thank , Dr Carbon for keymagic portable :)

  • Blogspot မှာ unicode ဘယ်လိုပြောင်းရမလဲ ဆိုသူတွေအတွက် ရေးထားပါတယ်။ ပါဝင်တာတွေက လက်ရှိ Blogspot ကို Unicode ပြောင်းခြင်း။ လက်ရှိ Unicode Blog ကို font embed နဲ့ CSS ထည့်ခြင်း Download

  • Official One Piece Wikia for Myanmarsar

    ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။