saturngod

  • ၁၆ ရက်နေ့ညကတည်း ဝယ်လိုက်တာ ၂၃ ရက်နေ့မနက်မှပဲ လက်ထဲကို ရောက်တော့တယ်။ Nook ဝယ်ဖို့ barnes and noble ကနေ vpost us address. အဲလိုပို့တာ ၃ ရက်ကြာတယ်။ Vpost US Address ကိုရောက်တော့ shipping charges ချေရတယ်။ စလုံးရောက်ဖို့ကတော့ ၄ ရက်ကြာတယ်။ စလုံး ရောက်ပြီးနောက်နေ့ပဲ ချက်ခြင်း ရောက်လာပါတယ်။ ဈေးကတော့ shipping charges အပါဝင် S$356.14 ကျပါတယ်။ ကျွန်တော် သုံးဖို့အတွက်တော့ မဟုတ်ပါ။ အစ်မအတွက် မှာပေးထားတာပါ။ ၁ ရက်လောက် စမ်းသုံးကြည့်တော့ iPad ကိုပဲ သဘောကျသွားတယ်။ အရွယ်အစားကတော့ iPad ထက်စာရင် ပိုကောင်းတယ်။ စာဖတ်ဖို့အတွက်ပဲ အသုံးဝင်ပါတယ်။ တခြားဟာတွေအတွက်ကတော့ အသုံးမဝင်ပါ။

  • Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ ဈေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်ဈေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16…

  • အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။…

  • တက္ကသိုလ် နေ့ရက်များ

    Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။

  • အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။…

  • ၁။ ရန်ကုန် ဘဆွေရဲ့ မြန်မာပြည်သား စာအုပ် ဖတ်ပြီးပြီ။ ရိုးရာဓလေ့ထက်စာရင် ဆင်ဖြူရှင်လက်ထပ် တိုင်းပြည်အခြေအနေ စစ်အခြေအနေတို့ကို ရေးထားတာကို သဘောကျတယ်။ ဇာတ်အိမ်ဖွဲ့ထားမှု ခိုင်ခံတယ်။ ဝမ်းနည်းတာက အဲလိုမျိုး ဝတ္ထုကောင်းကို မြန်မာတွေ ပြန်မရိုက်နိုင်ဘူး။ ရိုက်ရင်လည်း ကျန်စစ်မင်း ရုပ်ရှင်လို ဖြစ်သွားမှာ စိုးရတယ်။ ၂။ Startup အကြောင်းရေးပေးပါဆိုပြီး ကိုပီဇီ ကပြောတာနဲ့ စာတွေ တော်တော်ပြန်ဖတ်လိုက်ရတယ်။ rework တောင် ပြန်မဖတ်ဖြစ်တော့ဘူး။ မှတ်မိသလောက်ထဲကနည်းနည်းနဲ့ အခုတလော ဖတ်ထားတဲ့ စာအုပ်တွေထဲက အကြောင်း နောက်ပြီး ကိုယ်မြင်ဖူး တွေ့ဖူးတာတွေကို ပေါင်းပြီး ရေးပေးလိုက်တယ်။ ခေါင်းစဉ်ကတော့ ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့…

  • U နဲ့ I နဲ့ က အနီးဆုံး ဖြစ်ပေမယ့် … တစ်ခါတစ်လေမှာ… ဘေးချင်းကပ်နေတယ်ဆိုတာကို … မေ့နေကြတယ်.. U နဲ့ I နဲ့ က အနီးဆုံး ဖြစ်ပေမယ့် … တစ်ခါတစ်လေမှာ… အနားမှာဆိုတာကို… မေ့တတ်ကြတယ်… ဘာရယ်မဟုတ်ဘူး။ ရုံးမှာ ခေါင်းစားတာနဲ့ တွေ့တာလေးကို ရိုက်ထားလိုက်တာ။

  • မြန်မာပြည်သား (ရန်ကုန်ဘဆွေ)

    ကိုငြိမ်းချမ်းထွေးက ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သား စာအုပ်ဖတ်ကြည့်ပါလားလို့ပြောတာနဲ့ သူငယ်ချင်း စလုံးလာမယ့်သူကို စာအုပ် ၂ အုပ်မှာလိုက်တယ်။ ၁ အုပ်က ရန်ကုန်ဘဆွေ မြန်မာပြည်သား နဲ့ မြသန်းတင့် ရဲ့ သုခမြို့တော်။ သုခမြို့တော်က ရန်ကုန်အိမ်မှာ ဝယ်ထားတဲ့ စာအုပ်ရှိပေမယ့် ရှာရတာနဲ့ ရှုပ်တာနဲ့ သူငယ်ချင်းကိုပဲ ဝယ်လာခိုင်းလိုက်တယ်။ ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား စာအုပ်ကို အခုဖတ်ကြည့်လိုက်တော့ ရှေးတုန်းက ဓလေ့လေးတွေ ရေးထားတဲ့ စာအုပ်ကောင်းပဲဗျ။