saturngod

  • Mobile Web Application တစ်ခု ရေးတာပဲ ဖြစ်ဖြစ် Website လုပ်တာပဲဖြစ်ဖြစ် iDevice တွေအတွက်ဆိုရင်တော့ Meta tag တွေကို မဖြစ်မနေသိထားရတယ်။ Mobile Web ဆိုတာက အရင်ကတော့ iPhone, Android လောက်ပဲရှိပေမယ့် ipad ထွက်လာတော့ Web လောက ပြောင်းလဲသွားရပြန်ပါတယ်။ တနည်းပြောရင် iPhone အရွယ်အစားအတွက်လား iPad အတွက်လား ဆိုပြီး သီးသန့်ရေးလာရတာတွေ ရှိတယ်။ ပုံမှန် အားဖြင့် iPad အတွက် သီးသန့် ရေးဆွဲလေ့ မရှိဘူး။ iPad က လက်ရှိ width 960 လောက်ရှိတဲ့ website တွေနဲ့ ဆို အဆင်ပြေပါတယ်။ သူက 1024 X 768…

  • Dropbox

    Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ Dropbox ကို ကျွန်တော်တော့ တော်တော်သဘောကျပါတယ်။ Cloud ဆိုတဲ့ အဓိပ္ပာယ်ကို Dropbox က ကောင်းကောင်းပုံဖော်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ်ထင်တယ်။ အင်တာနက် connection အမြဲရှိတယ် သို့မဟုတ် အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ။ Dropbox က computer တစ်ခုကနေ တစ်ခု file တွေ stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်တယ်။

  • မူရင်း ဘယ်မှာလဲလို့ မေးမေးနေတဲ့ သူများအတွက်ပါ။

  • သောကြာနေ့ iPad သွားဝယ်တုန်း တန်းစီနေရတဲ့ အချိန်မှာ ရိုက်ထားတဲ့ ပုံတွေ။ ကျွန်တော်သွားဝယ်တဲ့အချိန် 3G က 16 GB ပဲ ရှိတော့တယ်ဆိုလို့ တန်းစီနေတဲ့ အချိန်မှာ ထွက်သွားတဲ့သူတွေ ရှိသေးတယ်။ တော်တော်များများက 32GB 3G ကို လိုချင်ကြတာများတာပဲ။ ကျွန်တော်ရောက်တော့ ၂ နာရီထိုးနေပြီ။ ရုံးတွေတောင် မဆင်းသေးတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာတော့ 3G က 16 GB Wifi+3G ပဲ ကျန်တော့တယ်။ ကျွန်တော်ကတော့ နာရီဝက်လောက် တန်းစီပြီးတော့ ဝယ်လိုက်ရတယ်။

  • Cydia source မှာ http://cydyia.macforus.com ထည့်ပြီး Zawgyi Font ကို သွင်းလို့ရပါပြီ။ iPad,iOS4, iOS3.1 တို့ကို support လုပ်အောင် ပြန်ပြင်ထားပါတယ်။ Keyboard ကို သွင်းရန်မလိုပါ။ Keyboard အလုပ်မလုပ်သေးပါ။

  • iPad ကိုတော့ သဘောကျသွားပြီ။ Manga တွေ iPad နဲ့ ဖတ်ရတာ ရေလည်မိုက်တယ်။

  • iPad က 16GB wifi ပဲ ဝယ်ခဲ့ပါတယ်။ S$728 ကျပါတယ်။ 3G ကိုတော့ မဝယ်ခဲ့ပါ။ ကျွန်တော့်အတွက် 3G က လိုမှမလိုတာ။ Cover ကတော့ S$53 ပေးရပါတယ်။ ကဲ.. အခုတော့ ဓာတ်ပုံလေးတွေပဲ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ ပြီးမှ iPad ဝယ်ဖို့ တန်းစီခဲ့တဲ့ ပုံလေးတွေ ထပ်တင်ပေးပါမယ်။

  • PHP 5.3 မှာ သုံးလို့မရတော့တဲ့ function တွေပါလာပါတယ်။ ကျွန်တော်တောင် ornagai မှာ split function သုံးထားတာကို ပြန်ပြင်လိုက်ရတယ်။ အဲလိုအခါတွေမှာ ဘာ function အစားထိုးရမလဲဆိုတာကို သိထားဖို့လိုပါတယ်။ အဲဒီအတွက်လည်း php.net မှာ ညွှန်းဆိုထားပြီးသားပါ။ split အစား preg_split() ကို အစားထိုးသုံးရပါတယ်။ အခြား function တွေလည်း အစားထိုးပြောင်းလဲသုံးရတာတွေ ရှိပါတယ်။ deprecated လုပ်လိုက်တာလည်း ကောင်းပါတယ်။ အချို့ function တွေ duplicate ဖြစ်နေတာတွေရှိနေတယ်။ လိုလည်း မလိုလောက်ဘူးထင်တာပဲ။ အချို့ function တွေက သုံးတဲ့လူတော်တော် ရှားပါတယ်။