saturngod

  • WP Touch ကို update လုပ်လိုက်တာ Zawgyi font က iPhone ပေါ်မှာ မပေါ်တော့ဘူး။ ဒါနဲ့ ဘာလို့လည်း တော်တော်အဖြေရှာလိုက်ရတယ်။ css တွေဖျက်။ javascript တွေ ဖျက်။ ဘာမှမထူး။ နောက်ဆုံးတော့မှ Doctype ပြဿနာ ဖြစ်နေတယ်။ wp-content/plugins/wptouch/themes/core/core-header.php အဲဒီက <!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Transitional//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd”> ဆိုတာကို remove လုပ်လိုက်ရင် ရတယ်။ iDevice က Safari တစ်ခုတည်းက အဲဒီ ပြဿနာ ရှိတယ်ထင်တာပဲ။ အဲဒီ DOCTYPE ကြေငြာတာလေး ဖြုတ်လိုက်တော့ အလုပ်လုပ်သွားပါလေရော။

  • ဒီနေ့ ReadWriteWeb မှာ ဖတ်လိုက်ရတာနဲ့ Chromium ကို download ချပြီးတော့ စမ်းကြည့်ဖြစ်လိုက်တယ်။ Chrome OS က ပုံစံအတိုင်း Chromium နဲ့ လုပ်လို့ရတယ်ပေါ့။ Mac မှာကတော့ Chromium ကို Web App တွေနဲ့ တွဲသုံးဖို့အတွက် ဒီအတိုင်းဖွင့်လို့မရဘူး။ Windows မှာလည်း short cut ရဲ့ target မှာ –enable-apps ဆိုတာ ထပ်ဖြည့်ပေးရတယ်။

  • ဒီနေ့ Facebook မှာ One Piece က Luffy ဟာ Captain ဖြစ်သင့်တဲ့ အရည်အချင်းရှိမရှိ discuss လုပ်တော့ ခေါင်းဆောင်ဆိုတာ ဘာလဲလို့ စဉ်းစားမိတယ်။ ငယ်ငယ်က စာအုပ်တွေတော့ ဖတ်ဖူးတယ်။ ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ဖူးသေးတယ်။ အခုအချိန်မှာ ပြန်စဉ်းစားမိရင် အဲဒီ စာအုပ်တွေ ဖတ်ခဲ့တာက Design Pattern ကို လေ့လာရသလိုပဲ။ ဖတ်သာဖတ်လိုက်တယ်.. သိသလိုလိုနဲ့ တကယ်လက်တွေ့ရောက်တော့ သေချာမသိဘူး။ Design Pattern ကလည်း ကိုယ်တိုင် လက်တွေ့ကြုံခဲ့ဖူးမှပဲ အော်.. ဒီလိုလေး လုပ်လိုက်ရင် ရပါသလားဆိုပြီး စာအုပ်ဖတ်မိတဲ့ အချိန်မှာ တွေးမိတာပဲ။

  • သောကြာနေ့တိုင်းက Devfest ကိုသွားဖြစ်တယ်။ ရုံးက registration လုပ်ပေးထားလိုက်လို့ သွားလိုက်ရတာ။ အစက ရှိမှန်းတောင် မသိ။ ပွဲကတော့ အဓိက HTML5 နဲ့ Chrome အကြောင်းကို အဓိကပါပဲ။ ကျန်တာတွေက ကျွန်တော်လည်း သိပ်ပြီး စိတ်မဝင်စားမိဘူး။ App Engine ဆိုတာကကောင်းပေမယ့် Python သမားမဟုတ်တော့ ဘာမှမဟုတ်ပြန်ဘူး။ နောက်ပြီး Google က Google Storage အသစ်အကြောင်းလေး မိတ်ဆက်သွားတယ်။ နောက်ပြီး သဘောကျတာကတော့ Google Maps V3 API ပဲ။ သူပြသွားတဲ့ မိတ်ဆက်လေးကြည့်ပြီး ရန်ကုန်အတွက် Website လေးရေးကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးရဲ့။

  • ဘာရယ်မဟုတ်ဘူး စမ်းကြည့်ထားတာ။

  • လက်ရှိ mobile တွေမှာ ဇော်ဂျီ font default မပါလာပါဘူး။ mobile တွေကနေ ကြည့်ရင် ကိုယ့် site မှာ မြန်မာလို မမြင်ရတဲ့အတွက် အဆင်မပြေကြပါဘူး။ jailbreak မလုပ်ချင်တဲ့သူတွေ လုပ်လို့မရသေးတဲ့သူတွေအတွက်ပါ ကိုယ့် site ကို မြင်ချင်ရင် အောက်က plugin လေးကို download ချပြီး သွင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်ကတော့ လက်ရှိ wp touch plugin ကို Mobile အတွက် သုံးထားပါတယ်။

  • မနေ့ကတော့ ကျွန်တော် SCRUM အကြောင်းပြောသွားပါတယ်။ SCRUM အတွက် Web Base Project Management Tool တွေ ရှိပါတယ်။ အချို့တွေက Agile Buddy ကို သဘောကျပေမယ့် သူက Free မဟုတ်ပါဘူး။ SCRUM Tool တွေနဲ့ ပတ်သက်ပြီး Stackover flow မှာ ဆွေးနွေးထားတာလေးတွေ လည်းရှိပါတယ်။ အချို့တွေက Basecamp ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကတော့ သဘောအကျဆုံးက Manual နည်းပါပဲ။ Manual ဆိုတာ ကျွန်တော်ပြီးခဲ့တဲ့ Post တုန်းက Stand-up Meeting မှာ ပြသွားတဲ့ နည်းလေးပါပဲ။ Stackover Flow မှာ လူသဘောအကျဆုံး Answer ကလည်း ထိုနည်းအတိုင်းပါပဲ။ note cards whiteboards big…

  • ရန်ကုန်မှာတော့ ဘာကို သုံးလဲတော့ မသိဘူး။ ကျောင်းမှာတုန်းက Waterfall , VModel , Spiral တွေ သင်ခဲ့ရတယ်။ သင်တာ သင်ခဲ့ရတာ ဘာမှန်းလည်း သိခဲ့တာဟုတ်ပါဘူးလေ။ ပြီးခဲ့တဲ့ စနေနေ့က ရုံးမှာ SCRUM tranning ပေးတော့ သွားတက်လိုက်ရသေးတယ်။ Boss က ရုံးမှာ SCRUM သုံးပေမယ့် လက်ရှိ SCRUM ပုံစံနဲ့ အလုပ်လုပ်နေတာ စနစ်မကျသေးဘူးဆိုပြီး အကုန်လုံးကို ခေါ်ပြီး trainning ပေးတာပါ။ SCRUM ဆိုတာကတော့ Project Management ပညာတစ်ခုဖြစ်ပြီး Agile Development ထဲမှာ ပါဝင်တယ်လို့ဆိုလို့ရတယ်။ SCRUM ပေါ်လာတာကတော့ 10 နှစ်ကျော်နေပါပြီ။ ( ကျောင်းက SE စာအုပ်က ဘယ်ခုနှစ်ထုတ်လဲမသိ…