saturngod

  • WordPress 3.0 မှာ Menu ဆိုတာ ထပ်ပါလာပါတယ်။ Menu က theme အဟောင်းတွေမှာ သုံးလို့မရပါဘူး။ Menu ကို သုံးမယ်ဆိုရင် menu register လုပ်မှရပါတယ်။ [lang name=”php”] // To allow to use Nav register_nav_menus( array( ‘primary’ => ‘Menu Description’, ‘secondary’=>’Second Menu Description’, ) ); [/lang]

  • အခုတလော One Piece ကြည့်နေတယ်။ Naruto ကတော့ On Going ဖြစ်သွားတော့ ၁ ပတ် ၁ ခါ စောင့်စောင့်ပြီး ကြည့်ရတဲ့ အခြေအနေ ဖြစ်သွားပြီ။ One Piece ကတော့ အပိုင်း ၄၅၆ ထိ ရောက်နေပြီ။ ကျွန်တော် ကြည့်နေတာကတော့ ၃၈၀ ရောက်သွားပြီ။ မကြာခင် On Going ဖြစ်သွားတော့မှာဆိုတော့ လျှော့ကြည့်နေရတယ်။ ဂျပန် ကာတွန်းကား နှစ်ခုလုံးမှာ တူညီတဲ့ ကျောရိုးရှိတယ်။ တူညီတဲ့ Character ရှိတယ်။ တူညီတဲ့ အိမ်မက်တွေ ရှိတယ်။ Naruto ကားမှာ ပါတဲ့ Narutor Character တွေက One Piece က Luffy  မှာလည်း ပါဝင်နေတယ်။ သာမာန် မြန်မာကားတွေထက်စာရင် Anime Series တွေကြည့်ရတာ ပိုသဘောကျတယ်။ Naruto ကားပဲ ကြည့်ကြည့် One Piece…

  • HTML မှာ ဘာလို့ doctype ထည့်ရတာလဲ နောက်ပြီးတော့ valide စစ်တာ valide မဖြစ်ဘူးဆိုပြီး mail ရောက်လာပါတယ်။ အဲဒီ mail ကို reply ပြန်ဖို့ မအားတာနဲ့ မပြန်ဖြစ်ဘူး။ အဲဒီအကြောင်းကို ဒီနေ့ MZ မှာ ဝင်းလွင် ဆိုတဲ့ တစ်ယောက်က ပြည့်ပြည့်စုံစုံနဲ့ ပြန်ရှင်းပြထားတာကို တွေ့လို့ သွားဖတ်လိုက်ပါလို့ပဲ ဒီကနေ reply ပြန်လိုက်ပါတယ်။ နောက်ပြီးတော့ အချို့email တွေက mail အမှားတွေနဲ့ ဝင်လာတော့ reply ပြန်လို့ မရတဲ့ mail တွေလည်း ရှိပါတယ်။ အဲဒီလို mail တွေကိုတော့ ကျွန်တော် reply ပြန်ဖြစ်မှာမဟုတ်ပါဘူး။ http://www.mysteryzillion.org/forums/showthread.php/8332-lt-!DOCTYPE-in-HTML-gt?p=75950

  • ဒီမြို့ကို ရောက်ကတည်းက ပြောရမလား… ဒီနိုင်ငံကို ရောက်ကတည်းက ပြောရမလားတောင် မသိတော့ဘူး… ဒီကို ရောက်ကတည်းကဆို ပိုမှန်မယ်ထင်တယ်။ အလုပ်စဝင်ကတည်းက NUS ကျောင်းထဲမှာ ဆိုတော့ NUS ကို နေ့တိုင်း နီးပါးရောက်ဖြစ်တယ်။ Prince George Park ထဲမှာရှိတော့ နေ့တိုင်း NUS Business School ဘက်ကိုရောက်ဖြစ်နေကြ။ နောက်ပြီး MRT စီးဖြစ်တဲ့အခါမှာ SOC ဘက်တွေကို ဖြတ်ပြီး Bus စီးနေကြဆိုတော့ NUS ကျောင်း ဘယ်လောက်ကြီးတယ်ဆိုတာကို သိပြီးပါပြီ။ ဒါပေမယ့်လည်း မနက် ရုံးတက် ၉ နာရီခွဲ ၁၀ နာရီ အရောက်သွား ၊အိမ်ပြန်တော့ ၇ ခွဲ ၈ နာရီ လောက်ဖြစ်နေပြီဆိုတော့ ဘာကို မှ…

  • ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။ https://videopress.com/v/wp-content/plugins/video/flvplayer.swf?ver=1.21

  • ဒီနေ့ မနက် blog ကို ဖွင့်လိုက်တာနဲ့ wordpress 3.0 upgrade လုပ်လို့ရပြီဆိုတာနဲ့ တစ်ခါတည်း လုပ်ပလိုက်တယ်။ ညရောက်မှပဲ wordpress 3.0 မှာ ပါလာတဲ့ feature အသစ်တွေ ရေးတော့မယ်။ သာမာန် user တွေအတွက် သိသိသာသာ မရှိပေမယ့် Developer တွေအတွက်တော့ အရမ်းကောင်းတဲ့ API တွေ ထပ်ပါလာတာပဲ။

  • မနေ့တုန်းက ရုံးမှာ PM က ပြောတယ်။ နောက်တချိန်မှာ Programming မှာ code တွေ ရေးတာ လျော့ကျလာပြီးတော့ Drag & Drop လုပ်ပြီး လိုအပ်တာလေးတွေကို library ခေါ်သုံးဖို့ ဖြစ်လာလိမ့်မယ်တဲ့။ အဲ… အဲဒါက ဘာလို့ပြောလဲဆိုတော့ ရုံးမှာက Google Enterprise Partner တစ်ခုဖြစ်တဲ့ Application ကို ရုံးမှာ ပြောင်းသုံးဖို့ပြင်နေတာကို။ ရုံးက Developer တွေက သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျွန်တော်ကတော့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ပါတယ်။ လုံးလုံးကို စိတ်မဝင်စားတာ။ ရုံးကလည်း အဲဒီ Company နဲ့ Parterner ဆိုတော့ ရုံးက project အချို့ကို အဲဒီ program နဲ့…

  • အစတုန်းက blog မှာ post တစ်ခုရေးဖို့ရှိတယ်။ ဒါပေမယ့်လည်း iPhone Development Intro က မပြီးသေးတာနဲ့လက်စ သတ်ချင်တာ ရေးချလိုက်တာ ၁ နာရီတောင် ကြာသွားတယ်။ အချောသတ်လိုက်တော့  ည ၁၀ နာရီ ၄၅ ရှိနေပြီ။ ဒါနဲ့ပဲ ရေးမယ်လို့စဉ်းစားထားတဲ့ drag & drop is futrue programming ? I say “NO” ဆိုတာကို မရေးဖြစ်တော့ဘူး။ အဲဒါထက်စာရင် iPhone Development အကြောင်းလေး ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ http://edu.mysteryzillion.org/iphone-development-intro-2 အဲမှာ ဖတ်လို့ရပါပြီ။