saturngod

  • တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။

  • HTML 5 section ကို ဒီနေ့မှ စမ်းကြည့်တယ်။ တော်တော်မိုက်တာပဲ။ contenteditable ကို အကြိုက်ဆုံးပဲ အရင်က content တွေကို editable ဖြစ်ဖို့ jquery နဲ့ ရေးရတယ်။ အခုတော့ လွယ်ပါ့။ editable ဖြစ်ချင်ရင် contenteditable ကို true ပေးလိုက်ရုံပဲ။ jquery နဲ့ ပေါင်းပြီး သုံးလိုက်တော့ inline edition က အရမ်းလွယ်သွားပြီ။ <section contenteditable=”true”>ဒီစာကို ပြင်လို့ရတယ်။</section> HTML5 ကို သဘောကျပြီး ကျလာတာတော့ အမှန်ပဲ။

  • ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။  language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။

  • NSString *hate=@”app store”; if([hate isEqualToString:@”app store”]) { NSLog(@”think about android development”); }

  • code တွေနဲ့ ငါ တကုတ်ကုတ်… ဒီနေ့သစ် မနက်ဖြန်အဟောင်း….. နည်းပညာတွေပြောင်း…. ငါကတော့ တကောက်ကောက်… အဟောင်းတွေ ပျက်စီး… အသစ်တွေမွေးဖွား… ပြောင်းလဲနေတဲ့ နည်းပညာများ… ငါရပ်တည်နေတဲ့ လောက တစ်ခုတည်း… နောက်လောက ခုန်ဝင်ဖို့လည်း ကြိုးစားဆဲ… ခက်တာက နည်းပညာလောကပဲ…

  • မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။

  • ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း…

  • ဘာလိုလိုနဲ့ youtube ငါးနှစ်ပြည့်သွားပေမယ့် youtube ကို အားပါးတရ သုံးခွင့်ရတာ ကျွန်တော့်အတွက်တော့ ၁နှစ်တောင် မရှိသေးဘူး။ youtube ကနေ လေ့လာလို့ရခဲ့တဲ့ သင်ခန်းစာတွေ ဗဟုသုတတွေ နည်းပညာတွေ သတင်းတွေ အများကြီးပဲ။ နောက်ပြီး ကျွန်တော် သဘောကျတဲ့ အဆိုတော် Jayesslee ဆိုတဲ့ နာမည်နဲ့ ညီမ ၂ ယောက် ဆိုတဲ့ သီချင်းတွေကို အမြဲ နားထောင်လို့ရတယ်။ WongFuProductions ရဲ့ ရိုက်ချက်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ဖြစ်တယ်။ Stevespanglerscience က ဗဟုသုတရစေတယ်။ အများကြီးပဲဗျာ။ Happy Birthday YouTube !!! အခုအချိန်ဆို 2 Billions per Day View အထိ ရောက်လာတဲ့ youtube , ဒီလိုနေ့ရက်…