စိတ်အချဉ်ပေါက်မှုများ

  • FAQ မှာလည်း ရေးထားပြီးပါပြီ။ ဒါပေမယ့် ခဏခဏ မေးနေလို့ post တစ်ခုအနေနဲ့ တင်လိုက်တာပါ။ အဖြေကတော့

  • WP Touch ကို update လုပ်လိုက်တာ Zawgyi font က iPhone ပေါ်မှာ မပေါ်တော့ဘူး။ ဒါနဲ့ ဘာလို့လည်း တော်တော်အဖြေရှာလိုက်ရတယ်။ css တွေဖျက်။ javascript တွေ ဖျက်။ ဘာမှမထူး။ နောက်ဆုံးတော့မှ Doctype ပြဿနာ ဖြစ်နေတယ်။ wp-content/plugins/wptouch/themes/core/core-header.php အဲဒီက <!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Transitional//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd”> ဆိုတာကို remove လုပ်လိုက်ရင် ရတယ်။ iDevice က Safari တစ်ခုတည်းက အဲဒီ ပြဿနာ ရှိတယ်ထင်တာပဲ။ အဲဒီ DOCTYPE ကြေငြာတာလေး ဖြုတ်လိုက်တော့ အလုပ်လုပ်သွားပါလေရော။

  • မနေ့က ညနေကနေ စပြီးတော့ blog က ဖွင့်လို့မရတော့ဘူး။ အစကတော့ server restart ချတယ်ထင်ပြီး စောင့်ကြည့်လိုက်သေးတယ်။ ခက်တာက တော်တော်နဲ့ ဖွင့်လို့မရတာနဲ့ ည ၂ နာရီလောက်ရောက်တော့ bluehost ကို live chat နဲ့ မေးလိုက်တယ်။ သူတို့server ဘက်ကို မေးကြည့်ပေးမယ်ဆိုပြီး ခဏလောက်စောင့်လောက်တော့ site က DDos တိုက်နေလို့ down ထားပါတယ်တဲ့။ ပြန်ဖွင့်လို့ရတဲ့ အချိန်ပြန်ဖွင့်ပေးမယ်လို့ reply လာတယ်။ အင်း… ထင်တော့ ထင်သား။ ဘာလို့ DDos တိုက်လဲတော့ မစဉ်းစားတတ်အောင်ပဲ။ အရင်ကတည်းက တစ်ခါမဟုတ် တစ်ခါတိုက်ခံထိနေတာ။ တိုက်ခံထိလိုက်တိုင်း server ပြောင်းရတယ်။ Bluehost ကတော့ မဆိုးဘူးပဲ။ 24 hours…

  • မနေ့တုန်းက ရုံးမှာ PM က ပြောတယ်။ နောက်တချိန်မှာ Programming မှာ code တွေ ရေးတာ လျော့ကျလာပြီးတော့ Drag & Drop လုပ်ပြီး လိုအပ်တာလေးတွေကို library ခေါ်သုံးဖို့ ဖြစ်လာလိမ့်မယ်တဲ့။ အဲ… အဲဒါက ဘာလို့ပြောလဲဆိုတော့ ရုံးမှာက Google Enterprise Partner တစ်ခုဖြစ်တဲ့ Application ကို ရုံးမှာ ပြောင်းသုံးဖို့ပြင်နေတာကို။ ရုံးက Developer တွေက သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျွန်တော်ကတော့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ပါတယ်။ လုံးလုံးကို စိတ်မဝင်စားတာ။ ရုံးကလည်း အဲဒီ Company နဲ့ Parterner ဆိုတော့ ရုံးက project အချို့ကို အဲဒီ program နဲ့…

  • Chrome version အသစ်မှာ မြန်မာစာ နဲ့ English စာ တွဲရိုက်လို့မရ။ Mac မှာကတော့ အရင်ကတည်းက မရတာ။ အခု Windows မှာလည်း မရတော့ဘူး။ Chrom 5 မှာ stable ဖြစ်သွားလို့နဲ့ တူပါတယ်။ မြန်မာစာ မရတော့တာ။ အရင်တုန်းက stable မဖြစ်ခင်တုန်းက ရှောင်လင်ပြောသလို bug ကြောင့် မြန်မာစာ ရတာဖြစ်မယ်။ Mac မှာမရတော့ သုံးမရဘူး။ Chrome ကို ပြောင်းသုံးဖို့ စဉ်းစားပေမယ့် Blog တွေ facebook မှာ မြန်မာလိုမှ ရိုက်လို့မရတော့ မသုံးဖြစ်တော့ဘူး။ Chrome မှာလည်း chrome addon ကောင်းကောင်းလေးတွေ ရှိတယ်။ သို့သော် …. မြန်မာစာ…

  • NSString *hate=@”app store”; if([hate isEqualToString:@”app store”]) { NSLog(@”think about android development”); }

  • ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။ ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။…

  • ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…