စိတ်အချဉ်ပေါက်မှုများ

  • Windows အတွက်က အကုန်ပါပြီးသားဆိုတော့ ကိစ္စက မရှိဘူး။ Mac အတွက်က လိုအပ်တာတွေကို ပြန်သွင်းခိုင်းနေတော့ သွင်းဖို့လုပ်ရပြန်ကော။ ဘာဆိုဘာမှ မပါလာဘူး။ ဘာလာတာတွေကလည်း သုံးမရဘူး။ SDK ကို download ချ။ ပြီးတော့ emulator က run လို့မရဘူး။ emulator ပဲ လိုချင်တာလေ။ ကိုယ်က program ရေးဖို့ ကိစ္စကို အဲလောက် စိတ်မဝင်စားဘူး။ web ပေါ်မှာ display ဘယ်လိုပြမလဲ။ screen ချိန်ထားတာ ကိုက်မကိုက်။ နောက်ပြီး touch အတွက် meta tag ကကော android မှာ အလုပ်လုပ်ရဲ့လား သိချင်တာရယ်ကြောင့် adroid SDK ကို download ချ။ emulator…

  • code က မမှားဘူး။ ဒါပေမယ့် mail က ပို့မရတာနဲ့ coding ကို စစ်လိုက်တာ.. ၃ နာရီ လောက်ကြာတယ်။ နောက်ဆုံးတော့ ပြဿနာတွေ့ပါပြီ။ gmail က SSL နဲ့ မဟုတ်တော့ပဲ TLS ပြောင်းသွားတာမသိလိုက်ဘူး။ http://mail.google.com/support/bin/answer.py?hl=en&answer=13287 မှာ SSL လို့ပြောထားပေမယ့် တကယ်တန်း ပို့ရတာကတော့ TLS နဲ့ပို့မှ ရတယ်။ gmail က information update မလုပ်တာနဲ့ အလကား အချိန် ၃ နာရီ ကုန်သွားတယ်။ :(

  • ဒီ post ဟာ negative scene အနေနဲ့ရေးထားခြင်းဖြစ်သည်။ စကားလုံးများသည် ခပ်ရင့်ရင့်ဖြစ်နေမည်။ ထို့ကြောင့် ကိုယ့်အား ဆဲနေသည်ဟု ထင်မှတ်ပါက ဆက်မဖတ်ပါနှင့်။

  • If Myanmar have 24 hours, our generator is worst. So, should we use generator today ? It will worst someday. How do you think about it ? Somebody told people, don’t use generator. It will worst and we will lost money for that. We are making 24 hours electric for Myanmar and you need to…

  • ပိတောက်က ဖတ်လို့ရမလားဆိုပြီး စမ်းကြည့်ပါသည်။ မရပါ။ မြန်မာ unicode နှင့်ရေးထားသော blog များအားလုံး ဖတ်မရပါ။ Mac OS X Snow Leopard စသုံးကတည်း rendering ပါသော မြန်မာစာတွေ ကောင်းစွာ ဖတ်လို့မရတော့ပဲ အရင်တုန်းက Windows XP ဘဝ ပြန်ရောက်သွားသလိုပဲ။ :( Mac အတွက် rendering တွေ ထည့်ရေးမယ်လို့ မျှော်လင့်ပါတယ်။ Mac အတွက် Apple Advanced Typography ကို font ထဲထည့်ရေးမှပဲ ရမှာ ဖြစ်ပြီး font developer တွေက Mac မသုံးကြတဲ့အတွက် အခုချိန်ထိတော့ ဝေးနေဆဲပေါ့။ ဇော်ဂျီ ၂၀၀၉ လည်း သုံးမရသလို unicode…

  • iPhone keyboard layout design က ဘာလို့ computer က လက်ကွက်နဲ့ မတူတာလဲ။ ရိုက်ရတာ ပိုခက်သွားတယ်။ စာလုံးတွေက နေရာမတူတော့ ပြန်ရှာနေရတယ်။ အဲလိုမျိုး ပြောကောင်းပြောပါလိမ့်မယ်။ ဘာလို့ မတူတော့တာလဲ။ သင့်အနေနဲ့ zawgyi ကို computer မှာ မရိုက်ဖူးဘူးဆိုပါဆို့။ computer keyboard လက်ကွက်အတိုင်းမြင်လိုက်ရရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ ကျွန်တော် ကတော့ ပြောမနေတော့ပါဘူး။ ဦးသောင်းစုငြိမ်း ၊ကို Zack ၊ နောက်ပြီး ကျွန်တော် ကျွန်တော်တို့  သေချာ တိုင်ပင်ပြီး layout design ကို ချထားတာပါ။ ကိုရဲမြတ်သူရဲ့ လက်ရှိ ဘုန်းကြီးကျမ်းစာမှာ သုံးထားတဲ့ layout ကိုလည်း အခြေခံလိုက်တယ်။ ပြီးပြီလား…

  • ငါ့ဟာငါ လောင်ကျွမ်းနေတာ… မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး… ငါ့ဟာငါ လင်းထိန်းနေတာ… မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး… ငါ့ဟာငါ ပူလောင်နေတာ… မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး… ငါဟာ့ငါ ပူပြင်းနေတာ… မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး…

  • မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ…