Knowledgebase

  • တချို့တွေက Unicode သုံးတယ်။ တချို့တွေက ဇော်ဂျီသုံးတယ်။ facebook မှာ unicode နဲ့ ရေးထားတာတွေ ဖတ်လို့ မရဘူး။ Unicode font မသွင်းချင်ဘူး။ သွင်းလိုက်ရင် အခြား font တွေပါ လွဲကုန်တယ်။ ဇော်ဂျီ မသွင်းချင်ဘူး။ unicode နဲ့ အဆင်ပြေတယ်။ စတဲ့ စတဲ့ ပြဿနာ ပေါင်းစုံ အတွက် တန်ခူးကို စမ်းရေးဖြစ်တာပါ။ တန်ခူးဆိုတာကတော့ Thant Thet ရဲ့ Myanmar Font Tagger ကို အခြေခံပြီး firefox addon အဖြစ်ပြောင်းလဲထားတာပါ။ တန်ခူးက အလိုအလျောက် ဇော်ဂျီ နဲ့ unicode ကို သိပါတယ်။ font သွင်းထားစရာ မလိုပဲ ဇော်ဂျီ…

  • အဒေါ်ကို မွေးနေ့ လက်ဆောင်ပေးဖို့ ဆိုပြီး စနေနေ့က Google Nexus 7 ကို ဝယ်ဖြစ်ခဲ့တယ်။ www.mobilesquare.com မှာ ဈေးကြည့်ပြီးတော့ Orchard က သူတို့ ဆိုင်မှာ သွားဝယ်ဖြစ်ခဲ့တယ်။ 16 GB ကို S$418 ပေးရတယ်။ ကျွန်တော် ဝယ်တဲ့ အချိန်ကတော့ နောက်ဆုံး Stock ပါပဲ။ အခု အချိန်မှာ ဝယ်ချင်တဲ့ သူတွေကတော့ Qisaha မှာ S$399 + $8 (shipping) နဲ့ ဝယ်နိုင်ပါတယ်။ ဝယ်ချင်တဲ့ သူတွေကတော့ စက်တင်ဘာလ မကုန်ခင်မှာ ဝယ်ထားဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ US $25 Gift က စက်တင်ဘာလ ကုန်သွားရင် မရတော့ပါ။ စက်ကို…

  • မနေ့က textmate 2 ကို github ပေါ်မှာ တွေ့တာနဲ့ တစ်ခါတည်း build လုပ်ပြီး သုံးကြည့်လိုက်တယ်။ ပုံမှန်အားဖြင့် Text Mate ကို $60 လောက်ပေးရပါတယ်။ အခုအချိန်မှာ Text Mate ရဲ့ ပြိုင်ဖက်တွေ ဖြစ်တဲ့ Sublime Text 2, Chocolate စတာတွေက Text Mate နဲ့ အပြိုင် ဖြစ်လာပါတယ်။ Sublime Text 2 ဆိုရင် Free ရပြီးတော့ Linux , Windows, Mac platform တွေ မှာသုံးလို့ရပါတယ်။ အစက Sublime Text 2 ကို ဝယ်မလို့ စဉ်းစားထားပေမယ့် Text Mate…

  • ပြီးခဲ့တဲ့ အပတ်က Angular JS ကို အသုံးပြုပြီး website Admin Panel ကို ရေးဖြစ်တယ်။ Mongodb , PHP ကို backend ထားပြီးတော့ Front End ကို Angular JS ကို အသုံးပြုထားတယ်။ Angular JS က google ကထုတ်ထားတဲ့ Superheroic JavaScript MVW Framework ပါ။ MVC နဲ့ ပဲ ရင်းနှီးတဲ့ သူတွေကတော့ MVW ဆိုတာ ဘာကြီးလဲဆိုပြီး မေးစရာဖြစ်သွားတယ်။ MVW ဆိုတာကတော့ Model View Whatever ပါ။ Mode View Controller နဲ့ပဲ ဖြစ်ဖြစ် Model…

  • Sar iOS App နဲ့ ပတ်သက်ပြီးတော့ Feedback လေးတွေ ရထားပါတယ်။ ၁။ iPhone မှာ Keyboard က အဆင်မပြေဘူး။ လက်ရှိ iPhone keyboard လို ရိုက်လို့ရအောင် ပြင်ဆင်နေပါတယ်။ ၂။ ဘာလို့ free မဟုတ်တာလဲ ။ ဘာလို့ 1.99 ပေးရတာလဲ ။ Free မဟုတ်တာကတော့ Free မဖြစ်ထိုက်လို့ပါ။ ကျွန်တော် ၂ လ လောက် အိပ်ရေးပျက်ခံပြီး ရေးထားရတာကြောင့်ပါ။ နောက်ပြီး product တစ်ခုမှာ တန်ဖိုးရှိသင့်တယ် ထင်တာကြောင့်ပါ။ တကယ်လို့ မတန်ဘူးထင်လို့ crack version သုံးမယ်ဆိုလည်း ကျွန်တော် စိတ်မဆိုးပါဘူး။ 1.99 ပေးရခြင်းအကြောင်းကတော့ Universal App…

  • Moutain Lion မှာ Messages ဆိုပြီး အသစ်ပါလာပါတယ်။ အရင်တုန်းက ichat နဲ့ အတူတူပါပဲ။ iPhone , iPad တွေကို message ပို့လို့ရတဲ့ feature တစ်ခုထပ်တိုးလာတာပဲ ရှိတယ်။ တကယ်လို့ facebook chat ကို messages မှာ သုံးချင်ရင်တော့ ၁။ System Preference > Mail, Contacts & Calendars ကိုသွားပါ။ ၂။ ညာဘက် အောက်နားမှာ + icon လေးကို ဖြစ်ဖြစ် ဘယ်ဘက်က Add Other Account ကို ဖြစ်ဖြစ် နှိပ်ပါ။ ၃။ Add A Messages account ကို…

  • အခုတလော Photoshop အစား Pixelmator ကို သုံးဖြစ်တယ်။ Photoshop ထက်စာရင် ပေါ့ပေါ့ပါးပါးရှိသလို သုံးရတာလည်း photoshop အတိုင်းပါပဲ။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ဘူး။ သို့ပေမယ့် သူ့မှာ layer properties တွေတော့ မပါဘူး။ ပုံမှန် ပုံဖြတ်တာ ။ ပုံပြင်တာ စတာတွေတော့ အသုံးပြုလို့ရတယ်။ ရှိတဲ့ PNG file ကို ဖြုတ်ထုတ်တာတို့ ဒါမှမဟုတ် background အတွက် noise တွေ shape တွေ ထည့်တာတို့ စတာတွေတော့ ရတယ်။ နောက်ပြီး အခြား အသုံးဝင်တာတွေ အများကြီး ရှိပါသေးတယ်။ Tutorial ကိုတော့ http://www.pixelmator.com/tutorials/ မှာ ကြည့်လို့ရတယ်။ ရုတ်တရက်ကြည့်လိုက်ရင် tutorial တွေက အပျံစားတွေပဲ။…

  • http://mywebfont.appspot.com/ ကို 301 redirect နဲ့ http://mmwebfont.comquas.com ကို ပြောင်းလိုက်ပါတယ်။ mywebfont ကို သုံးတဲ့ လူ ဘယ်လောက်များလဲတော့ မသိပါ။ mmwebfont ကို redirect လုပ်လိုက်တဲ့ အခါမှာ out of quota ပြဿနာ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ mywebfont ကိုပဲ သုံးသုံး mmwebfont ကိုပဲ သုံးသုံး အတူတူပါပဲ။ mywebfont မှာ google analytics ထည့်သွင်းထားပါတယ်။ ဘာလို့ ထည့်သွင်းထားလဲဆိုတာကတော့ သုံးစွဲသူဘယ်လောက်ရှိလဲဆိုတာကို သိချင်လို့ပါ။ redirect ပြောင်းပြီးနောက်ပိုင်းမှာတော့ request က ၂ သောင်း ၄ ထောင် ကျော်သွားပါတယ်။ email ကနေ uni mon နဲ့ imon…