Knowledgebase
-
အခုတလော 5by5 Studio က Build and Analyze Podcast ကို တော်တော် နားထောင်ဖြစ်တယ်။ ရုံးသွား ရုံးပြန် စာတောင် မဖတ်တော့ပဲ Build and Analyze ကို ပဲ နားထောင်နေတာ ၁ ပတ်ကျော်နေပြီ။ တော်တော်လေးကို ကောင်းတယ်လို့ ဆိုရမယ်။ Build and Analyze ကို ရုံးမှာ အတူတူ လုပ်တဲ့ လုပ်ဖော်ကိုင်ဘက် က recommend လုပ်တာနဲ့ နားထောင်ဖြစ်သွားတယ်။ အဓိက နားထောင်ဖြစ်ရတဲ့ အကြောင်း ပြောတဲ့ သူက Marco Arment , Founder of Instapaper ဖြစ်တာ ကြောင့်လည်း ပါတာပေါ့။
-
ဘာလိုလို နဲ့ rackspace server ပေါ်ရောက်တာ ၁၈ ရက်လောက် ရှိသွားပြီ။ အစတုန်းက Nginx နဲ့ စမ်းသုံးရင်းနဲ့ပဲ တော်တော်လေးကို အခက်တွေ့သွားတယ်။ Amazon ထက်စာရင် သုံးရတာ ပိုလွယ်သလို function တွေကလည်း amazon လောက်မပါဘူး။ တနည်းပြောရင် cloud လို့ ပြောပေမယ့် VPS ထက် နည်းနည်း သာရုံလောက်ပဲ ဆိုရမယ်။ Amazon မှာ ရတဲ့ function တွေ ထက်စာရင် တော်တော်လေးကို နည်းတယ်လို့ ဆိုရမှာပဲ။
-
Deadline ဆိုတာ ကြားရတာနဲ့ ကြောက်ဖို့ ကောင်းလှတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းကတော့ deadline ကို ဆရာမတွေက သတ်မှတ်ပေးတယ်။ ဘာ deadline လဲဆိုတော့ အိမ်စာတွေပေါ့။ အိမ်စာတွေပေးပြီး အိမ်မှာ တွက်ခိုင်း ကျက်ခိုင်း ဖတ်ခိုင်း နောက်နေ့ ပြန်ဖြေ ပြန်ဆို စသည်ဖြင့် deadline သတ်မှတ်ပေးတယ်။ နောက်ပြီးတော့ စာမေးပွဲဆိုတဲ့ deadline ။ သူကတော့ တကယ့် deadline အစစ်။ ရှောင်လို့လည်း မရ။ စောစောပြီးချင်လည်း မရ။ နောက်ကျမှ ပြီးလို့လည်း မရတဲ့ deadline အကြီးစားကြီးပဲ။ ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ပြီးသွားတဲ့ အထိ deadline တွေကို ဆရာ ၊ ဆရာမ တွေ သတ်မှတ်ပေးတာ ဒါမှမဟုတ် စာမေးပွဲဆိုတဲ့…
-
အခုတလော ရုံးမှာ designer နဲ့ တော်တော် စကားပြောရတယ်။ ပြဿနာက ဘာလည်းဆိုတော့ လက်ရှိ Designer က India ရုံးခွဲမှာ အလုပ်လုပ်နေပြီးတော့ ဒီကနေ Skype နဲ့ လှမ်းပြီးတော့ ခိုင်းနေရတယ်။ အလုပ်တော့ ဖြစ်ပေမယ့် အလုပ်မတွင်ဘူး။ ဘာပြဿနာလည်းဆိုတော့ ဆွဲလိုက်တဲ့ လက်ရာတွေက India လက်ရာတွေ India အရောင်တွေ ထွက်ထွက်လာတာပဲ။ ဒီတော့ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့ လိုချင်တာတွေကို အဆင့်ဆင့်ပြောနေရတဲ့ ပြဿနာပဲ။ ဥပမာပြောရရင် India က Designer ကို မင်း A ကနေ Z အထိ လုပ်လိုက်ကွာလို့ ဆိုလိုက်ရင် A နဲ့ စပြီး Z နဲ့ ဆုံးတော့…
-
အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font…
-
သောကြာနေ့ညက rackspace မှာ cloud server ကို လပေးနဲ့ စမ်းကြည့်တယ်။ အဓိကတော့ MZ နဲ့ Ornagai အတွက် server ပေါ့။ အရင်ဆုံး ကိုယ့် blog ကို ကိုယ်တင်တော့ nginx ကို သုံးမယ်ဆိုပြီး ဆုံးဖြတ်ထားလို့ ngix ကို တင်လိုက်တယ်။ php fpm ကို သွင်းလိုက်တယ်။ ပုံမှန် .php file ကို စမ်းကြည့်တယ်။ ရတယ်။ ဒါနဲ့ wordpress တင်ဖို့ လုပ်တော့ စပြီး တိုင်ပတ်တာပဲ။ .htaccess အလုပ်မလုပ်တော့တဲ့ အတွက်ကြောင့် wordpress configure က စပြီး ဂဂျောင်ပါလေရောပေါ့ဗျာ။ သို့ပေမယ့် wordpress website မှာရေးထားတဲ့အတွက်ကြောင့်…
-
သောကြာနေ့ ည က blog ကို rackspace server ပြောင်းလိုက်တယ်။ VPS ကို ပြောင်းလိုက်တယ်ဆိုတာကလည်း Node.js ကို စမ်းချင်တာရယ် နောက်ပြီးတော့ MZ hosting က ရက်ပြည့်တော့မှာ ဆိုတော့ လက်ရှိ hosting ကိုလည်း သဘောမကျတာကြောင့် ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဘယ် host ကို ပြောင်းမလဲစဉ်းစားတော့ Rackspace ကိုပဲ ခေါင်းထဲ ပြေးမြင်တယ်။ တကယ်တန်း ပြောင်းချင်တာကတော့ AWS ပေါ့။ သို့ပေမယ့် ပိုက်ဆံ က အဲလောက် မတတ်နိုင်။ ဒါကြောင့် rackspace ကိုပဲ ပြောင်းဖြစ်တော့တယ်။ ဟိုးအရင်ကတည်းက ကျွန်တော် Nginx အကြောင်းပြောဖူးပါတယ်။ သို့ပေမယ့် အခုလို နဖူးတွေ့ ဒူးတွေ…
-
အခုတလော ရုံးအလုပ်တွေနဲ့ တော်တော်ရှုပ်သွားတယ်။ ၁ ပတ်လောက် အိမ်ပြန်နောက်ကျကုန်တယ်။ Dead Line နီးတဲ့ ပြဿနာ အပြင် အရင်က project က error တွေ ပြန်ရှင်းရတာ ၂ ရက် လောက် အချိန်ကုန်သွားသလို ကိုယ့်ကိုယ်ကို လည်း ပြန်သုံးသပ်မိတယ်။ အရင်က ပြဿနာ ဘာလို့ ဖြစ်တာလဲလို့ ပြန်သုံးသပ်ကြည့်လိုက်တော့ ၁။ သေချာ ကောင်းမွန်တဲ့ Structure အရင်မချမိခြင်း။ ၂။ App Development နဲ့ Web API ကို တပြိုင်တည်း တည်ဆောက်မိခြင်း။ ၃။ Class တွေ ခွဲပြီး မတည်ဆောက်မိခြင်း။ ၄။ Testing အားနည်းခြင်း။ ၅။ ယုံကြည်မှု လွန်ကဲခြင်း။ စတဲ့…