Knowledgebase
-
Web Route ကို ဆွဲခဲ့ဖူးတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက update လုပ်မယ် ဆိုပြီး ပြင်ထားတာ ဒီနေ့မှပဲ update လုပ်ဖြစ်တယ်။ ဘာတွေ ထပ်ဖြည့်လိုက်လဲဆိုတော့ CSS Framework ကို နေရာရွှေ့လိုက်တယ်။ Stylesheet Langauge ထပ်ဖြည့်ထားတယ်။ RDBMS ထပ်ဖြည့်ထားတယ်။ NoSQL ထပ်ဖြည့်ထားတယ်။ Framework အချို့ ဖြည့်ထားတယ်။ Google App Engine ဖြည့်ထားတယ်။ Nginx ထပ်ဖြည့်ထားတယ်။ Node.js ထပ်ဖြည့်ထားတယ်။ Git , SVN စတာတွေကို စုပြီး version control လို့ ပြောင်းထားတယ်။ jQuery Mobile ထပ်ဖြည့်ထားတယ်။
-
ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။ Download
-
Redis ဆိုတာကတော့ NoSQL Database နောက်တစ်ခုပါပဲ။ သူက Key Value storage ကို အသုံးပြုပါတယ်။ ကျွန်တော် How did I learn ? မှာ ရေးခဲ့သလို NoSQL နဲ့ PHP မဟုတ်တဲ့ အခြား language တစ်ခုကို လေ့လာချင်တာကြောင့် project တစ်ခု ဖန်တီးထားလိုက်တယ်။ Language ကိုတော့ Node နဲ့ သုံးမယ်။ Database ကို ဘာသုံးမလဲ စဉ်းစားတဲ့ အခါမှာ Mogodb နဲ့ Redis ကို သွား တွေ့တယ်။ Mongodb အကြောင်းကိုတော့ ကျွန်တော် ဒီမှာ ရေးဘူးပါတယ်။ နောက်ပြီးတော့ Cassandra ကို လည်း…
-
လွန်ခဲ့တဲ့ ၂ ပတ်လောက်က Django အကြောင်းရေးဖြစ်ခဲ့သလို စာအုပ်လည်း ဖတ်ဖြစ်ခဲ့တယ်။ စာအုပ် ဖတ်တာကတော့ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး။ iPad ထဲထည့် ရုံးသွားရုံးပြန်ဖတ်။ သောကြာနေ့ည ရောက်ရင် ပြန်စမ်းကြည့်။ တစ်ခါတစ်လေ ရုံးက စောရောက်ရင်တော့ လမ်းမှာ ဖတ်ထားတာ ပြန်စမ်းကြည့်ပေါ့။ စာအုပ် တစ်အုပ်လုံး ဖတ်တာက ၁ ပတ် လောက်ပဲ ကြာတယ်။ Django ကို မတတ်ပေမယ့် သိသွားတယ်။ Django ကို သိသွားပေမယ့် သဘောမကျဘူး။ ဘာလို့ သဘောမကျလည်းဆိုတော့ ကောင်းလွန်းလို့ပဲ။ အရမ်းပြည့်စုံလွန်းတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ သူ့ rule တွေကို လိုက်ရတော့တယ်။ သူ့မှာ ပါတဲ့ Ready Made တွေကို သိချင်လာတယ်။…
-
ဒီနေ့ Django ကို ဖတ်ရင်း နဲ့ သူရှင်းပြထားတဲ့ စာတွေ တဖြည်းဖြည်းနားလည်လာတယ်။ အခုအချိန်မှာ ပြန်စဉ်းစားလိုက်ရင် symfony နဲ့ အချို့ အချက်တွေ တော်တော်များများ တူနေတာကို တွေ့ရတယ်။ နောက်ပြီး ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်တယ်။ ငါဘာကြောင့် နားလည်သွားတာလဲ ။ symfony တုန်းက ဘာလို့ နားမလည်တာလဲ။ symfony တုန်းက ရေးတာ ရေးလို့ပြီးသွားတယ် symfony ကို လုံးဝ မသိလိုက်တာ။ symfony နဲ့ ရေးတာလားဆိုတော့ ဟုတ်တယ်။ ဒါပေမယ့် သိလားဆိုတော့ မသိဘူး ဖြစ်ခဲ့တယ်။ အခုအချိန်တော့ Django ကို ဖတ်ရင်း နဲ့ သဘောပေါက်လာတယ်။ လွယ်တယ်လို့လည်း ထင်လာတယ်။ ဘာကြောင့်လဲ ဆိုတာကို ကိုယ့်ဘာသာ ကိုယ်စဉ်းစားရင်း…
-
Python ကို သဘောကျပြီး နောက်ပိုင်း CLI program တွေကို python နဲ့ ပဲ ရေးဖြစ်တော့မယ်။ သောကြာနေ့တုန်းက snipplr.com က snippets တွေကို files တွေ အနေနဲ့ ပြန်ခွဲထုတ်ဖို့ program ကိုလည်း python နဲ့ ပဲ ရေးဖြစ်တယ်။ Web App တစ်ခုကိုလည်း python နဲ့ ရေးဖို့ စဉ်းစားနေတော့ Django ကို သွားသတိရတယ်။ မနေ့ကတော့ တနေကုန် Django ဖတ်ဖြစ်တယ်။ Django က လက်ရှိ PHP နဲ့ တော်တာ်ကွာတယ်။ သွင်းရတာ လွယ်တယ်။ testing server လည်း ပါပြီးသားမို့ Apache တို့ Nginx…
-
ဒီအပတ် အားရင် Design အသစ် ပြန်ရေးမယ်လို့ စဉ်းစားထားတယ်။ ဘာကြောင့်လဲဆိုတော့ CSS3 media queries ကို သဘောကျသွားလို့။ လက်ရှိ blog design က 960gs နဲ့ ရေးထားတော့ css3 media queries နဲ့ သုံးရင် သုံးလို့ ရပေမယ့် လုံးမဝ မလှပ မသေသပ်ဘူးဖြစ်နေတယ်။ WPTouch ကို မသုံးဘူးလားဆိုတော့ မသုံးချင်တော့ဘူး။ WPTouch လိုမျိုး force လုပ်ပြီးတော့ မတူညီတဲ့ Design ၂ မျိုးနဲ့ မပြချင်တော့ဘူး။ mobile site လည်း ဒီပုံစံပဲ မူရင်း site လည်း ဒီပုံမျိုးပဲ ပြချင်တယ်။ အရင်ကတည်းက အဲလိုမျိုး ဖန်တီးချင်ပေမယ့် theme…