Knowledgebase
-
အရင်က အသုံးပြုနေတဲ့ http://www.solvewaresolution.net/ က javascript converter က free မဟုတ်တော့သလို သူများတွေကိုလည်း ဖြန့်ဝေပေးခွင့် မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် ပြန်ရေးမယ်ဆိုပြီး ရေးဖို့ စဉ်းစားထားတာ တော်တော်ကြာပြီ။ ဘယ်ကနေ စရေးရမှန်း မသိတော့ wiki မှာ ပြထားတဲ့ zawgyi နဲ့ unicode code point တွေကို ကြည့်ပြီး ပြန်ရေးဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ရေးဖို့ စဉ်းစားထားတာ ဖြစ်တဲ့အတွက်ကြောင့် အရင်က javascript ကို အသုံးမပြုပဲ ပြောင်းချင်တာလေးတွေကို ကိုယ့် converter လေးနဲ့ ကိုယ့်ဘာသာ စမ်းပြောင်းလိုက် ပြင်လိုက် နဲနဲလေး ရေးလိုက်နဲ့ တော်တော်တောင် ကြာသွားပြီ။ သပ်သပ်ကြီး အချိန်ပေးမရေးတာကြောင့်လည်း ပါတာပေါ့။ အခုတော့ beta…
-
ဒီနေ့ ကိုသီ (Myanmar Tutorial) က ipad မှာ HTML website offline ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး facebook မှာ မေးထားတာ တွေ့လိုက်တယ်။ ဒါနဲ့ အရင်ကတည်းက ကြားဖူးတဲ့ HTML5 offline လေးကို စမ်းကြည့်ဖြစ်တယ်။ တစ်ခါမှတော့ ipad မှာ မစမ်းဖူးဘူး။ HTML 5 မှာ Cache Manifest ပါလာပါတယ်။ Google Chrome , Safari , firefox , opera စတာတွေမှာ support လုပ်ပါတယ်။ HTML5 cache ကို support လုပ်ဖို့ .htaccess မှာ [code lang=”text”]AddType text/cache-manifest .manifest[/code]…
-
Programming ကိုလေ့လာချင်တယ်။ Programming ဆိုတာ ဘာလဲ။ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ ဒါပေမယ့် လေ့လာကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် CodeAcedamy က ဖန်တီးပေးထားပါတယ်။ javascript ကို လေ့လာချင်တဲ့ သူတွေအတွက်ကတော့ တော်တော် အဆင်ပြေပါတယ်။ အခု အချိန်မှာတော့ Course က ၂ ခု ပဲ ရှိပါသေးတယ်။ သို့ပေမယ့် contribute လုပ်ထားတဲ့ course တွေကတော့ တော်တော်များများရှိပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို တင်မထားသေးပါဘူး။
-
သောကြာနေ့က ရုံးမှာ လေ့လာချင်တာ လေ့လာလို့ရအောင် နေ့တဝက် အချိန်ပေးပါတယ်။ ဒါနဲ့ စမ်းချင်နေတဲ့ node.js က socket.io နဲ့ iphone ကို စမ်းပြီး ချိတ်ကြည့်လိုက်တယ်။ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတယ်။ လိုချင်တဲ့ library က ရတယ်။ သို့ပေမယ့် socket.io 0.7 နောက်မှာ သုံးမရတာနဲ့ ပြန်ပြင်ထားတဲ့ library ကို သုံးရတယ်။ အဲဒီ library က https://github.com/pkyeck/socket.IO-objc ပါ။ သူက socketio-cocoa https://github.com/fpotter/socketio-cocoa ကို အခြေခံထားတယ်။ socketio-cocoa က 0.7 နောက်ပိုင်းမှာ မရတော့လို့။ နောက်ပြီး အခြား library တွေ ထပ်ဖြည့်ပေးရတယ်။ ထပ်ဖြည့်ပေးရတဲ့ library တွေက https://github.com/erichocean/cocoa-websocket…
-
Tatoo အကြောင်းကိုတော့ mz blog မှာ ရေးထားခဲ့ဖူးပါတယ်။ Myanmar Link မှာ node.js အကြောင်းပြောရင်းနဲ့ web socket အကြောင်းလည်း မေးမြန်းလို့ ပြောမိပါတယ်။ ဒါနဲ့ web socket ကို သုံးပြီး real time app sample လေး တစ်ခုလောက် ရေးပြမယ်လို့ စဉ်းစားမိတာကနေ လက်ရှိ ရေးထားတဲ့ tatoo ကို socket.io ကို သုံးပြီး real time လေး ဖြစ်အောင် ပြန်ပြင်ထားလိုက်ပါတယ်။ source code ကိုတော့ github မှာ ရနိုင်ပါတယ်။ database ကိုတော့ Mongodb သုံးထားပြီး technology ကိုတော့ node.js ကို…
-
MyanmarLink မှာ ပြောခဲ့တဲ့ presentation ပါ။ အသံဖိုင်ကိုတော့ ဒီမှာ ရနိုင်ပါတယ်။ Mobile app Vs Web App
-
Node.js ကို သုံးနေရင်းသိလာတာက Node.js က Asynchronous ဖြစ်တာကို သိလာတယ်။ Asynchronous ဆိုတော့ ရေလည်မိုက်တာပေါ့ လို့ တွေးထင်ကောင်း ထင်ပါလိမ့်မယ်။ သို့ပေမယ့် ပြဿနာလေးတွေက ရှိလာပြန်ကော။ ပြဿနာ မပြောခင် asynchronous ကြောင့် ကောင်းတာလေးတွေ ရှိပါတယ်။ Database ဖတ်နေတာကို တောက်လျှောက် စောင့်ပြီး တခြားဘာမှ မလုပ်နိုင်ပဲ ဖြစ်နေတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ Asynchronous ကောင်းကျိုးကို ကျွန်တော်တို့ jquery မှာ ajax တွေ မှာ တွေ့ခဲ့ပြီးပါပြီ။ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သို့ပေမယ့် Node.js မှာ ပြဿနာလေး ရှိပါတယ်။ ဒီ code လေးကို တချက်ကြည့်လိုက်ပါ။ အဲဒီ code ကို…
-
Node.js ကို ရေးရင်းနဲ့ တစ်ခု ထူးခြားလာတာကို တွေ့တယ်။ Node.js ဟာ javascript နဲ့ တူသလား ဆိုတော့ ဟုတ် javascript ပါ။ သို့ပေမယ့် မတူပါဘူးလို့ ပြောရမယ့် အဆင့် တစ်ခုထိရောက်နေပြီ ဆိုတာကို သတိထားမိတယ်။ ဘာလို့ ဒီလို ဆိုရတာလဲဆိုတော့ javascript မှာ စဉ်းစားပုံနဲ့ node.js မှာ စဉ်းစားပုံက ကွာခြားလာတာတွေ ကြောင့်ပါ။ လက်ရှိ javascript မှာ ဆိုရင် အများအားဖြင့် အောက်ကလို မျိုး ရေးကြပါတယ်။ သို့ပေမယ့် node.js မှာတော့ အများအားဖြင့် callback နဲ့ ရေးကြတယ်။ callback နဲ့ function return က မတူပေမယ့် callback…
