Knowledgebase
-
ဒီလောက် ခက်ခဲနေတယ်ဆိုရင် ဘာလို့ Market ထဲကို ဝင်ဖို့ ကြိုးစားတာလဲဆိုတာကို စဉ်းစားရပြီ။ အဓိကတော့ လူသုံးများနေတဲ့ ဖုန်းဖြစ်လို့ပါ။ တကယ်လို့ လက်ရှိ အသုံးအများဆုံး phone က iPhone မဟုတ်ခဲ့ဘူးဆိုရင် ဒီလောက်ထိ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လတ်တလော နာမည်အကြီးဆုံးနဲ့ လူသုံးများနေတဲ့ phone ဖြစ်သာကြောင့်ဆိုရင် မလွဲပါဘူး။ သို့ပေမယ့် ထည့်စဉ်းစားသင့်တာက လူတိုင်း ဆရာဝန်မဟုတ်ဘူး။ လူတိုင်း technology သမားမဟုတ်ဘူး။ ဒီတော့ product တစ်ခု အောင်မြင်ဖို့က လူတိုင်းသုံးတဲ့ iphone application ဖြစ်ရင် ပိုကောင်းတာပေါ့။
-
iPhone Application တစ်ခု စတင်ဖန်တီးပြီဆိုတာနဲ့ သူ့ရဲ့ Market ကိုလည်း လေ့လာဖို့လိုလာပါပြီ။ Application တစ်ခုဖန်တီးရာမှာ အချိန်ရယ် ငွေရယ် ရင်းနှီးမြုပ်နှံ့ထားရပါတယ်။ လူတွေက iPhone, iPhone ဖြစ်နေပြီး Steve ကြီးရဲ့ စကားကို ယုံပြီး Application အတွက် ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင် အရင်ဆုံး သူ့ Market ကို လေ့လာကြည့်ရအောင်။ iPhone Application တွေက 5 billions လောက် download ချပြီးပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ 5 billions ထဲမှာ Free Application 70% လောက်ပါနေတယ်ဆိုတာ အံသြစရာမရှိပါဘူး။ ကျန်တဲ့ 30% ကသာ ရောင်းရတယ်လို့ ဆိုရလိမ့်မယ်။ လက်ရှိ App…
-
ကျွန်တော်ရေးထားတဲ့ bot ကိုတော့ ပိတ်လိုက်ပြီ။ အဲဒီ bot အတွက် ရေးထားတဲ့ service လေးတစ်ခုရှိတယ်။ သို့ပေမယ့်လည်း server loading တက်မှာဆိုးလို့ မထည့်တော့ပဲ ပိတ်လိုက်တာ။ ကျွန်တော် http://www.naungmon.co.cc/ ကနေ နောက်ဆုံး ပေါက်ဈေးကို သိရအောင် PHP နဲ့ ရေးလို့ရပါတယ်။ ဥပမာ။။ website ကို သွားစရာ မလိုပဲ အောက်ကလို မြင်ရမှာပါ။ SGD To Kyats 24 Jun 1SGD– 715 Ks
-
ကဲ.. အခု iPhone SDK မှာ ဇော်ဂျီရသွားပါပြီဗျာ။ iPhone SDK 3.2 ကနေ စပြီး iPhone Development မှာ Custom Font ယူသုံးလို့ရသွားပြီ။ ရေးရတာလည်း တော်တော်လွယ်ပါတယ်။ ဘယ်လိုရေးရလဲဆိုတာကိုတော့ http://doli.at/2010/05/08/custom-fonts-ipad/ အဲမှာ ကြည့်လိုက်ရင် ရပါတယ်ဗျာ။ ကျွန်တော်သုံးနေတဲ့ iPodTouch iOS4 no jailbreak မှာ မြင်ရတဲ့ ပုံပါ။ နောက်ပြီး Ornagai App မှာ မြန်မာစာ စာလုံးအမှားတွေ အများကြီးတွေ့ရပါတယ်။ တကယ်လို့ အမှားတွေ့လို့report လုပ်လိုလျှင် http://goo.gl/6SJm မှာ report လုပ်နိုင်ပါတယ်။
-
အခုတလော နာမည်ကြီးနေတဲ့ Sencha Touch ကို စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လို့ အခုစမ်းကြည့်လိုက်တယ်။ တော်တော်မိုက်တာပဲဗျ။ ကိုယ့်မှာ iPad မရှိတော့ iPad view ဘယ်လိုပေါ်လဲဆိုတာကို Simulator နဲ့ပဲကြည့်နေရတယ်။ iPad Simulator က သေးသေးလေး။ Sencha ဆိုတာက ဂျပန် လက်ဖက်စိမ်း လို့ ခေါ်တယ်ထင်တယ်။ သူက jQTouch ထက်သာတာက အများကြီးပဲ။ iPad အတွက်နဲ့ iPhone အတွက် design ကို page တစ်ခုတည်းနဲ့ ဖြစ်အောင် လုပ်လို့ရတာလေးတော့ သဘောကျတယ်။ Code တွေကတော့ weekend မှပဲ လေ့လာတော့မယ်။ အခုတလော လုပ်ချင်တာတွေ အရမ်းများနေတယ်။ အလုပ်မှာလည်း မအားတာနဲ့ တခြားဘာမှ မလုပ်ဖြစ်ဘူး။…
-
WordPress 3.0 မှာ Menu ဆိုတာ ထပ်ပါလာပါတယ်။ Menu က theme အဟောင်းတွေမှာ သုံးလို့မရပါဘူး။ Menu ကို သုံးမယ်ဆိုရင် menu register လုပ်မှရပါတယ်။ [lang name=”php”] // To allow to use Nav register_nav_menus( array( ‘primary’ => ‘Menu Description’, ‘secondary’=>’Second Menu Description’, ) ); [/lang]
-
HTML မှာ ဘာလို့ doctype ထည့်ရတာလဲ နောက်ပြီးတော့ valide စစ်တာ valide မဖြစ်ဘူးဆိုပြီး mail ရောက်လာပါတယ်။ အဲဒီ mail ကို reply ပြန်ဖို့ မအားတာနဲ့ မပြန်ဖြစ်ဘူး။ အဲဒီအကြောင်းကို ဒီနေ့ MZ မှာ ဝင်းလွင် ဆိုတဲ့ တစ်ယောက်က ပြည့်ပြည့်စုံစုံနဲ့ ပြန်ရှင်းပြထားတာကို တွေ့လို့ သွားဖတ်လိုက်ပါလို့ပဲ ဒီကနေ reply ပြန်လိုက်ပါတယ်။ နောက်ပြီးတော့ အချို့email တွေက mail အမှားတွေနဲ့ ဝင်လာတော့ reply ပြန်လို့ မရတဲ့ mail တွေလည်း ရှိပါတယ်။ အဲဒီလို mail တွေကိုတော့ ကျွန်တော် reply ပြန်ဖြစ်မှာမဟုတ်ပါဘူး။ http://www.mysteryzillion.org/forums/showthread.php/8332-lt-!DOCTYPE-in-HTML-gt?p=75950
-
ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။ https://videopress.com/v/wp-content/plugins/video/flvplayer.swf?ver=1.21