Knowledgebase
-
Developer တစ်ယောက် ရဲ့ တာဝန် ကိုယ့် program ကိုယ် စစ်ဆေးပါ။ Developer တစ်ယောက်ဟာ code ရေးနေဖို့ပဲ မဟုတ်ပါဘူး။ မိမိ code ကိုလည်း ကိုယ့်ဘာသာကိုယ် test လုပ်တတ်ဖို့ လိုပါတယ်။ အများအားဖြင့် developer တွေဟာ unit testing တွေကို QR လက်ထဲ လွဲလိုက်တာ များပါတယ်။ function တွေ အလုပ်လုပ် မလုပ်။ ကိုယ်ရေးထားတာတွေက မှန်မမှန် ပြန်စစ်ဖို့က developer တစ်ယောက်မှာ တာဝန်တွေ အများကြီး ရှိပါတယ်။ အလုပ်တွေမှာ Tester ဆိုပြီး ခေါ်တာထက် QA (Quality Assurance) position ဆိုပြီး ခေါ်တာပါ။ တနည်းပြောရင် သူတို့ရဲ့ တာဝန်က…
-
ကျွန်တော် ရန်ကုန် ပြန်ရောက်တုန်းက ဖန်တီးရာမှာ developer meetup လေးလုပ်ခဲ့ဖြစ်ပါတယ် ။အဲဒီတုန်းက ပြောခဲ့တဲ့ “To Developers From Developer” အကြောင်းလေးကို မှတ်မိသလောက် ပြန်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။ ပွဲ မတိုင်ခင် ၁ ပတ်အလိုလောက်မှ ကျွန်တော်တို့ရုံးက developer conference ရှိတာနဲ့ ကျွန်တော် ပြောမယ့် ခေါင်းစဉ် အတွက် အတော်လေးကို အသုံးဝင်သွားတယ်။ ကျွန်တော် ပြောသည့် အကြောင်းအရာ အတော်များများက ရုံးက developer conference ကနေ ပြန်ပြီးတော့ ကောက်နှုတ်ထားတာပါ။ Developer conference မှာ Group CEO နဲ့ ကျွန်တော်တို့ စင်္ကာပူရုံးက Deupty Director တို့ ပြောတဲ့ အကြောင်းအရာတွေက…
-
ကျွန်တော် ပုံမှန် OSM မှာ ရန်ကုန်မြို့ရဲ့ လမ်းတွေ နောက်ပြီး လမ်းနာမည်တွေ ပုံမှန် ထည့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်က OSM ရဲ့ data ပေါ်မှာ ဇော်ဂျီ နဲ့ ထည့်ထားတဲ့ လမ်း အမည် တွေ တွေ့တာကြောင့် တစ်ခုခြင်းစီ ကို လိုက်ပြောင်းနေပေမယ့် အကုန် ကျွန်တော် မပြင်နိုင်ပါဘူး။ အရင်ဆုံး OSM နဲ့ မရင်းနှီးသည့် သူတွေအတွက် OSM ဆိုတာ ဘာလဲ ရှင်းပြ ပါရစေ။ OSM ဆိုတာ မြေပုံ data ကို Opensource ပေးထားပြီးတော့ ဘယ်သူ မဆို ဝင်ရောက်ပြုပြင်နိုင်ပါတယ်။ Wiki လိုပေါ့။ ဒါကြောင့် လမ်းနာမည်တွေ အဆောက်အအုံ အမည်တွေကို…
-
အိမ်က အခန်းထဲမှာ wifi connection ကောင်းကောင်းမရတာ နဲ့ သူငယ်ချင်း တစ်ယောက်ပြောလို့ HomePlug ကို သုံးကြည့်ဖြစ်တယ်။ အခု အချိန်မှာ HomePlug ရဲ့ Speed က 1200 Mbps ထိ ရနေပါပြီ။ တစ်ခါမှ မသုံးဖြစ်တဲ့ အတွက် 1200 Mbps ကို ၆၀ နဲ့ ရတယ်ဆိုပြီး ဝယ်ခဲ့ပြီးမှ ၂ ခု လို နေမှန်း သိတယ်။ ဒါနဲ့ နောက်ထပ် တစ်ခု ထပ်ဝယ်ရတယ်။ 500 Mbps ၂ ခုကို S$60 ဝန်းကျင်လောက်နဲ့ ရနိုင်ပြီးတော့ 1200 Mbps HomePlugs ၂ ခုကိုတော့ S$120 ဝန်းကျင်လောက်တော့ ရှိပါတယ်။…
-
SQL Injection ကို လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေ အတော်များများ ကြားဖူးပါလိမ့်မယ်။ SQL Injection ဆိုတာကတော့ လက်ရှိ ရှိတဲ့ query ကို ပြောင်းပြီး ရေးလိုက်တာပါပဲ။ အထူးသဖြင့် အခုမှ web development ကို လေ့လာနေတဲ့သူတွေ အတွက်ကတော့ SQL Injection က စိမ်း နေပါလိမ့်မယ်။ သို့ပေမယ့် SQL Injection ကို web development လုပ်တဲ့ သူတွေ သိထားဖို့ လိုပါတယ်။ How can we know ? SQL Injection ရှိမရှိ ကို ဘယ်လို သိနိုင်သလဲဆိုတော့ အလွယ်ကူဆုံး နည်းကတော့ single quote (')…
-
WWDC 2015 မှာ swift 2 ကို Xcode 7 နှင့် အတူ မိတ်ဆက်ခဲ့ပါတယ်။ Swift 2 မှာ Swift 1.2 ကို အဆင့်မြှင့်တင်ထားပြီးတော့ keyword အသစ်တွေပါလာပါတယ်။ try/catch iOS developer တွေ အနေနဲ့ try catch ကို သိပ်ပြီး ရင်းနှီးမှုမရှိလှဘူး။ Objective-C မှာလည်း try/catch မရှိတဲ့အတွက်ကြောင့် error handling အတွက် try/catch ကို မသုံးဖြစ်ခဲ့ပါဘူး။ သို့ပေမယ့် Java/C# သမားတွေ အနေနဲ့ try/catch က ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် Error exception တွေကို Swift…
-
MySQL မှာ Sorting စီတာကို သံလွင် Soft က Keith (1976-2011) မဆုံး ခင် ကတည်းက ဖန်တီးထားခဲ့ပါတယ်။ Keith ဆုံးပြီး နောက်ပိုင်း သူ့ သူငယ်ချင်း တစ်ယောက်က သူ့ code တွေ အကုန်လုံးကို github မှာ တင်ထားတဲ့ အတွက် mysql Myanmar Collation source code ကို ရယူနိုင်သလို ကိုငွေထွန်းက 2006 မှာ MySQL ရဲ့ bug report site မှာ Myanmar Collation Extension ထည့်ဖို့ ပြောထားတာကို တွေ့နိုင်ပါတယ်။ သို့ပေမယ့် MySQL အနေနဲ့ offical support လုပ်ဖို့…
-
တစ်ချိန်တုန်းက မြန်မာ unicode ကို ပြောင်းသုံးတဲ့ အခါမှာ နောက်ပိုင်း sorting ကိစ္စတွေ အဆင်ပြေလာလိမ့်မယ် လို့ ပြောခဲ့ဖူးပါတယ်။ မြန်မာ Unicode Sorting ကို ပုံမှန် အတိုင်း ရေးပေမယ့် programming language တော်တော်များများ မှာ support မလုပ်ပါဘူး။ ICU အတွက် Myanmar စာ sorting ကိစ္စကို သံလွင် soft ရဲ့ website မှာ ရေးထားတာ ဖတ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ICU မှာ support လုပ်ပြီးနောက်ပိုင်း အချိန်တော်တာ်ကြာတဲ့ အထိ programming language တွေမှာ sorting မမှန်သလို OS တွေမှာလည်း sorting မမှန်ပါဘူး။ OpenOffice…