Knowledgebase
-
WWDC 2015 မှာ swift 2 ကို Xcode 7 နှင့် အတူ မိတ်ဆက်ခဲ့ပါတယ်။ Swift 2 မှာ Swift 1.2 ကို အဆင့်မြှင့်တင်ထားပြီးတော့ keyword အသစ်တွေပါလာပါတယ်။ try/catch iOS developer တွေ အနေနဲ့ try catch ကို သိပ်ပြီး ရင်းနှီးမှုမရှိလှဘူး။ Objective-C မှာလည်း try/catch မရှိတဲ့အတွက်ကြောင့် error handling အတွက် try/catch ကို မသုံးဖြစ်ခဲ့ပါဘူး။ သို့ပေမယ့် Java/C# သမားတွေ အနေနဲ့ try/catch က ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် Error exception တွေကို Swift…
-
MySQL မှာ Sorting စီတာကို သံလွင် Soft က Keith (1976-2011) မဆုံး ခင် ကတည်းက ဖန်တီးထားခဲ့ပါတယ်။ Keith ဆုံးပြီး နောက်ပိုင်း သူ့ သူငယ်ချင်း တစ်ယောက်က သူ့ code တွေ အကုန်လုံးကို github မှာ တင်ထားတဲ့ အတွက် mysql Myanmar Collation source code ကို ရယူနိုင်သလို ကိုငွေထွန်းက 2006 မှာ MySQL ရဲ့ bug report site မှာ Myanmar Collation Extension ထည့်ဖို့ ပြောထားတာကို တွေ့နိုင်ပါတယ်။ သို့ပေမယ့် MySQL အနေနဲ့ offical support လုပ်ဖို့…
-
တစ်ချိန်တုန်းက မြန်မာ unicode ကို ပြောင်းသုံးတဲ့ အခါမှာ နောက်ပိုင်း sorting ကိစ္စတွေ အဆင်ပြေလာလိမ့်မယ် လို့ ပြောခဲ့ဖူးပါတယ်။ မြန်မာ Unicode Sorting ကို ပုံမှန် အတိုင်း ရေးပေမယ့် programming language တော်တော်များများ မှာ support မလုပ်ပါဘူး။ ICU အတွက် Myanmar စာ sorting ကိစ္စကို သံလွင် soft ရဲ့ website မှာ ရေးထားတာ ဖတ်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ICU မှာ support လုပ်ပြီးနောက်ပိုင်း အချိန်တော်တာ်ကြာတဲ့ အထိ programming language တွေမှာ sorting မမှန်သလို OS တွေမှာလည်း sorting မမှန်ပါဘူး။ OpenOffice…
-
Web Route ဆိုပြီးတော့ ကျွန်တော် ပုံလေး တစ်ခု ဖန်တီးခဲ့ဖူးတယ်။ Web Developer ဖြစ်ချင်တဲ့ သူတွေ အနေနဲ့ HTML , CSS ပြီးရင် ဘာတွေ လေ့လာရမယ်။ ဘာတွေ လေ့လာလို့ ရမယ် စတာတွေကို ပုံ တစ်ပုံတည်းနဲ့ ကြည့်ပြီး နားလည်အောင် ဖန်တီးထားတာပါ။ ဖန်တီးထားခဲ့တာက ၂၀၁၂ လောက်က ဖြစ်မယ်ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်နဲ့ အခု အချိန် Technology တွေ မတူညီတော့ပါဘူး။ Node.js ဟာ အားကောင်းလာပြီး framework တွေ အများကြီး ရှိလာသလို Go lang ဟာ လည်း တကယ်ကောင်းတဲ့ framework တွေ ရှိလာပြီ။ နောက်ပြီးတော့…
-
Ornagai ကို Angular js ကို သုံးပြီးရေးမှပဲ Angular ကို သုံးတတ်တော့တယ်။ သုံးတတ်တယ်လို့တာ ဆိုပေမယ့် ကျွမ်းကျင်ဖို့ကတော့ လိုအုံးမယ်။ Angular ကို codeschool ကနေ သင်ပြီးတော့ လက်တွေ့ အသုံးပြုမယ်ဆိုတာ ornagai ကို ပြန်ရေးဖြစ်တယ်။ Backend API တော်တော်များများပြီးနေတာကြောင့် Angular js ကို ပိုပြီး အချိန်ပေးနိုင်တယ်။ စပြီး တွေ့ရတဲ့ ပြဿနာက ဘယ်ကနေ စမလဲ ဆိုတာပဲ။ ဘာတွေပါမလဲဆိုတာကို လည်း မသိဘူး။ စဉ်းစားလို့ရတာက search ပါမယ်။ ပြီးရင် ရလာတဲ့ result ကို ပြဖို့အတွက် နေရာပါမယ်။ ဒါက ပထမဆုံး ခြေလှမ်းပါပဲ။ ပထမဆုံး ဖန်တီး ဖြစ်တဲ့…
-
HTML5-Myanmar iOS app ကို App store ပေါ်မှာ download ချလို့ရပါပြီ။ မြန်မာလို ရေးသားထားတဲ့ HTML 5 စာအုပ်ပါ။ စာအုပ်ကို ၁ နှစ်ကျော်လောက် ရေးသားခဲ့ပြီးတော့ Online version အနေနဲ့ http://books.saturngod.net/HTML5/ မှာ ဖတ်နိုင်ပါတယ်။ Why App ? Epub သို့မဟုတ် iBooks version အနေနဲ့ မထုတ်ပဲနဲ့ ဘာကြောင့် app အနေနဲ့ ထုတ်လဲ ဆိုတော့ စာအုပ် စရေးကာစက ebook အနေဲ့ ရောင်းဖို့ ရေးဖြစ်ခဲ့တာပါ။ Online မှာ Free ပေးဖတ်ပြီးတော့ Offline အနေနဲ့ ebook ရောင်းမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်။ စာအုပ်ရေးပြီးဖို့ ၁…
-
ဧပြီလ ၂၀၁၃ မှာ စပြီးရေးခဲ့တဲ့ HTML 5 စာအုပ်ဟာ ဒီနေ့မှာ ပြီးသွားခဲ့ပါပြီ။ ရေးလိုက် နားလိုက်နဲ့ ၁ နှစ် နဲ့ ၂ လ လောက် ကြာသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တနှစ်တောင် ပြည့်သွားပြီ စာအုပ်ပြီးအောင် ရေးမယ်။ မပြီးမချင်း တခြား project မလုပ်ဘူးဆိုပြီး တောက်လျှောက်ရေးဖြစ်ခဲ့တယ်။ စာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပါတယ်။ HTML အပြင် CSS , JavaScript အခြေခံ တွေ ပါထည့်သွင်းရေးထားပါတယ်။ သို့ပေမယ့် JavaScript နဲ့ အဓိက သုံးရတဲ့ Gelocation , Drag/Drop , Web Storage စတာတွေတော့ မပါဝင်လာပါဘူး။ စာအုပ်က…
-
အရင်တုန်းက markdown အတွက် haroopad ကို သုံးတယ်။ English လိုရေးတဲ့ အခါမှာတော့ ရေးရတာ အဆင်ပြေပေမယ့် မြန်မာလို ရေးရင် အဆင်မပြေဘူး။ Unicode Cursor position က Ace Editor နဲ့ Code Mirror version 4 မတိုင်ခင်မှာ ဖြစ်နေပါတယ်။ Code Mirror version 4 နောက်ပိုင်းမှာ unicode cursor postion bug ကို fix လုပ်ပေးထားတယ်။ ဒါပေမယ့် haroopad က CM 4 ကို update မလုပ်ရသေးတဲ့အတွက် မြန်မာစာရေးတဲ့ အခါမှာ cursor position အမှန်မပြတော့ ရေးရတာ စာပြန်ဖျက်တဲ့ အခါမှာ…
