News
-
Facebook Account အပါအဝင် Twitter, WordPress ( wordpress နဲ့ လုပ်ထားတဲ့ website တွေ အပါအဝင် ) , Gowalla , tumblr.com စသည့် တော်တော်များများ site ကို firesheep ဆိုတဲ့ firefox addon နဲ့ လွယ်လွယ်ကူကူ hijack လုပ်လို့ရပါတယ်။ firesheep ကို firefox ကနေ run လိုက်ပြီဆိုတာနဲ့ wifi network ထဲမှာ ရှိနေတဲ့ အသုံးပြုသူအားလုံးရဲ့ page တွေကို login ဝင်စရာမလိုပဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပါတယ်။ ကာကွယ်လို့ရတဲ့ နည်းလမ်းကတော့ https:// ကို အသုံးပြုခြင်းပါပဲ။ firefox မှာဆိုရင်တော့ forceTLS ဆိုတဲ့…
-
စမ်းပြီးပြီ။ မိုက်၏။ ကြည်သည်။ မြန်သည်။ ပြဿနာမရှိ။ တစ်ယောက်နဲ့ စကားပြောနေလျှင် နောက်တစ်ယောက်က ခေါ်မရ။ http://www.apple.com/mac/facetime/ တွင် beta version ရပြီ။ အခုတော့ အိပ်ပြီ။ ၃ နာရီထိုးနေပြီ။
-
အရင်ကတော့ jquery ကို iphone အတွက် ရေးချင်ရင် jQTouch နဲ့ အသုံးပြုပြီး ရေးရတယ်။ နောက်တော့ sencha touch ပေါ်လာတယ်။ phonegap , titanium လိုမျိုး web base ကနေ app ဖန်တီးလို့ရလာတာတွေကြောင့် native ui နဲ့ တူတဲ့ jquery framework တွေ ခေတ်စားလာပါတယ်။ အများအားဖြင့်တော့ jQTouch နဲ့ sencha ကို အသုံးများပါတယ်။ Ornagai မှာလည်း jQTouch ကို အသုံးပြုထားတယ်။ jQuery ကလည်း အခုတော့ mobile version အတွက်ပါ ထုတ်ပါပြီ။ သူကြေငြာထားတာတော့ ကြာပြီ။ အခုမှပဲ alpha release ထုတ်တာပေါ့။။
-
MZ မှာ T.K တင်ထားတာတွေ့လို့ပါ။ http://www.mysteryzillion.org/forums/showthread.php/9114-Ubuntu-Myanmar-LoCo-Team ကို ပြန်လည် ဖော်ပြထားပါတယ်။ Myanmar Ubuntu LoCo Team ဖွဲ့စည်းနိုင်ရန်နှင့် Ubuntu အကြောင်း ပိုမိုသိရှိနားလည်ပြီး အသုံးချနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္တုလလမ်းဒေါင့်ရှိ BAK Computer Mark ၏ Wifi-FreeZone တွင် Ubuntu အကြောင်း ရှင်းလင်း ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ Ubuntu အကြောင်း မြန်မာဘာသာဖြင့် Wiki မှ လေ့လာသင်ယူနိုင်ရန် Wiki အား ဖတ်ရှုလေ့လာပုံနှင့် Wiki ၏ နည်းပညာပိုင်း ဆိုင်ရာ သတ်မှတ်ချက်များကို လေ့လာရန်မလိုပဲ Microsoft Word နှင့် OpenOffice ကိုအသုံးပြု၍ Wiki…
-
ထွက်မယ် ထွက်မယ်နဲ့ စောင့်နေရတဲ့ BlackBerry က အခုတော့ တရားဝင် ကြေငြာလိုက်ပါပြီဗျာ။ ကြည့်ရတာကတော့ မဆိုးဘူး။ Android ထက်စာရင် ပိုလှတယ်လို့ ဆိုရမယ်။ HTML5 အပြင် Flash 10.1 ပါရပါတယ်။ webkit ပဲနဲ့တူတယ်။ အဲဒါကိုတော့ သေချာမရေးထားဘူး။ 7″ LCD display, 1024 x 600 screen resolution ပါတဲ့ဗျာ။ 0.9 lbs (400g) သာရှိပြီးတော့ Multitouch လည်းရတယ်ဗျ။ ထုံးစံအတိုင်း wifi ရယ် usb connector ရယ်ကတော့ ပါရတာပဲ။
-
ကြော်ငြာကြည့်ရတာ အခု iPhone သမားတွေ ဖြစ်နေတဲ့ ပုံနဲ့ တော်တော်တူပါတယ်။ ကြည့်ရတာ Windows Phone 7 ကလည်း iPhone လိုမျိုး အောင်မြင်မယ်လို့ မျှော်မှန်းထားပုံပဲ။ Oct 11 ပတ်ဝန်းကျင်လောက် ထွက်မယ်နဲ့တူပါတယ်။ အခုထက်ထိတော့ ကောလဟာလတွေပဲ ရှိသေးတယ်။ Oct မှာတော့ ထွက်မှာ သေချာပါတယ်။
-
မနေ့ညကပဲ Message ရောက်လာတယ်။ ကြည့်ရတာ တင်ထားတဲ့ video ကြောင့်နဲ့တူတယ်။ video တွေကို clouding အနေနဲ့ သုံးလို့မရသေးဘူးပဲ။ video file တွေကို dropbox ထဲထည့်ပြီး HTML5 နဲ့ ပေါင်းသုံးလိုက်တဲ့အခါမှာတော့ public folder က suspend ဖြစ်သွားပါလေရော။
-
ဒီနေ့ Theme ပြောင်းချင်တာနဲ့ Theme တွေ ရှာတာ စိတ်ကြိုက်မတွေ့ဘူး။ ဒါနဲ့ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဆွဲကြည့်ပါမယ်လေဆိုပြီး စမ်းဆွဲလိုက်တာ အခု လက်ရှိ Theme ဖြစ်သွားတယ်။ WordPress 3.0 menu ကို သုံးထားတယ်။ Widget support လုပ်အောင် ရေးထားတယ်။ design အကြမ်းကိုတော့ http://iphone.appstorm.net ကနေ အခြေခံထားတယ်။ အခုထက်ထိတော့ အလုံးစုံတော့ မပြီးသေးဘူး။ ၁၀ နာရီလောက်က စဆွဲလိုက်တာ ၃ နာရီလောက်မှာတော့ အကြမ်းထည်လေး ပြီးသွားတယ် ဆိုရမယ်။ အခု Design ကို 960gs css framework နဲ့ ပဲ ဆောက်ထားတယ်။ နောက်ပြီး color scheme ကို ပြင်လို့ရအောင် color scheme အတွက် သီးသန့် CSS ခွဲထုတ်ထားတယ်။