Zawgyi IS NOT EQUAL TO MyMyanmar

မနေ့က OC ပွဲမှာ အသိတစ်ယောက်က ဇော်ဂျီက မိုင်မြန်မာကို ရောင်းလိုက်တာ ဟုတ်လားတဲ့… အစကတော့ နည်းနည်းကြောင်သွားတယ်… ပြီးတော့ သူက ဆက်ပြောတယ်… Computer Journal မှာ ပါတယ်လေဆိုတော့… ဟာ..မဟုတ်ပါဘူးဗျာ… ဇော်ဂျီက ရောင်းတာ မှမဟုတ်တာ… လုပ်ပိုင်ခွင့်တွေ ကို ဘယ်သူ့ကိုမှ လည်းမပေးပါဘူးဗျာ.. ဇော်ဂျီက ကျွန်တော် သိသလောက်တော့ မည်သူ မဆို လွှတ်လပ်စွာ သုံးစွဲနိုင်သည်။ မည်သူ မဆို လွှတ်လပ်စွာ မိမိ၏ product များတွင် အသုံးပြုနိုင်သည်။ လုပ်ပိုင်ခွင့်တွေကိုတော့ ရောင်းတာတော့ ဇော်ဂျီဘက်က မကြားမိပါဘူ…. ဒါနဲ့ alpha က ကိုရဲမြတ်သူ နဲ့ ဖုန်းပြောတော့ မေးလိုက်တော့… မရောင်းပါဘူးတဲ့…More

Ornagai Release Now

ornagai ကို ကျွန်တော် ရေးနေတာ ကြာလှပြီ။ 14 ရက်နေ့ အပြီးတင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတင်ဖြစ်လိုက်ဘူး။ နောက် ၁၆ ရက်နေ့လောက်တော့ error တွေ အများကြီးတွေ့လိုက်တယ်။ 19 ရက်နေ့တော့ အကုန်လုံးနီးပါးပြီးသွားတယ်။ ၂၀ရက်နေ့ကတော့ design တွေပြန်ပြင်လိုက်တယ်။ ၂၀ ရက်နေ့ ညတော့ တင်လိုက်နိုင်တယ်။More

SOAP & me

ဒီနေ့ ညနေ ၆ နာရီလောက်ကတည်းက webservice ကို SOAP နဲ့ စမ်းနေတာ။ ရကိုမရနိုင်ဘူးဖြစ်နေတယ်။ SOAP အတွက် wsdl ကို ကိုယ်တိုင်မရေးချင်တာနဲ့ generate လုပ်ပေးတဲ့ NuSOAP ကိုသုံးလိုက်တယ်။ နောက်ပြီးတော့ local မှာ စမ်းတာ လုံးဝကို မရဘူး။ error ကြီးပဲတက် တက်နေတယ်။ နောက်တော့ မသင်္ကာတာနဲ့ပဲ browser ပေါ်တင်လိုက်တော့ အရမ်းကို အဆင်ပြေသွားတယ်ဗျ။ localhost မှာ SOAP ကို သွားဖတ်လို့မရဘူးဖြစ်နေတယ်။ ဖြစ်နိုင်တာက php.ini မှာ တစ်ခုခုပြင်ဖို့ လိုနေတာလားမသိဘူး။ ညနေ တစ်ခုလုံး မူးနောက်သွားတာ။ နောက်ဆုံးတော့ localhost ဖြစ်နေလို့ ဖြစ်နေတယ်။ ဘာပဲ ပြောပြော web service…More

iTable

iTable ဆိုလို့ စိတ်ဝင်စားသွားတာ။ Apple က ထုတ်တာများလားပေါ့။ တကယ်တန်းတော့ PQ Labs iTablet ပါ။ MS surface ထက်သာတယ်ဗျာ။ အကျယ်ကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။ အောက်မှာကတော့ video လေးပါ။ Warcraft ကို ကစားပြသွားတာ မိုက်တယ်။ Mac ကော Windows နဲ့ကော အဆင်ပြေတယ်ဆိုတော့ တော်တော်ကောင်းတယ်ဗျ။More

Most view website in Myanmar

2008 ခုနှစ်အတွက် မြန်မာနိုင်ငံမှာ လူအကြည့်များဆုံး website ၂ ခု ရှိခဲ့ပါတယ်။ အဲဒီ website နှစ်ခုကတော့…..More

ဟန်လင်း social Bookmarks

ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။More

Linux Resource Center , Myanmar

Linux နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ resource တွေက တော်တော်ခက်ခဲပါတယ်။ Linux ဆိုတာ ဘာလဲ ? အဲဒီ မေးခွန်းကြီးက ခဏခဏ မေးခံထိပါတယ်။ MZ forum မှာတော့ ကျွန်တော်နဲ့ box02 အများကြီးဆွေးနွေးထားတာကို ဖတ်နိုင်ပါတယ်။ Linux ဆိုတာကို သိပြီ။ Linux နဲ့ ပတ်သက်တာတွေ ဘယ်မှာ ရနိုင်မလဲ။ အဲဒီအတွက် ကျွန်တော်တို့အတွက် အခက်အခဲတစ်ခု ဖြစ်လာပြီ။ Linux က Free လေ။ iso file ကို download ချလိုက်ရုံပဲလေ။ ဒါပေမယ့် CD တစ်ချပ် လောက်ရှိတာကို သာမန် အသုံးပြုသူတွေ ဘယ်လိုလုပ်ရမလဲ။ အဲဒီအတွက် ကျွန်တော်တို့တွေ Linux Resource Center, Myanmar…More

WordPress 2.7

ဒီနေ့ မနက်မှ ကြည့်ဖြစ်တယ်။ wordpress အသစ်ပြောင်းပြီးသွားပြီဆိုတာနဲ့ Update လုပ်လိုက်တယ်။ အဲ.. အဲဒီမှာ ပြသနာ စတာပဲဗျ။ ကျွန်တော်က အရင်က admin drop down menu သုံးထားတယ်။ update လည်းလုပ်လိုက်ရော ပြသနာက စပါလေရော။ ဒါနဲ့ FTP ထဲဝင်ပြီး admin drop down ကို ဖျက်လိုက်ရတယ်။More