News
-
Ornagai Android version ကို update လုပ်ပြီး playstore ပေါ်မှာ တင်ထားပေးပါတယ်။ version 2.2.6 မှာ စာလုံးပေါင်း အမှားအချို့ကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။ feature အသစ်အနေနဲ့ History ကို ထည့်သွင်းထားပေးပါတယ်။ စာလုံးကို ဖျက်ချင်ရင်တော့ စာလုံးကို အကြာကြီးဖိထားလိုက်ရင် select ပေါ်လာပါလိမ့်မယ်။ ဖျက်ချင်တဲ့ စာလုံးတွေကို ရွေးပြီးတော့ Delete လုပ်လိုက်ရုံပါပဲ။ Version 2.2.2 မှာ ကတည်းက Clipboard Service ပါဝင်လာပါတယ်။ App က background မှာ အသုံးပြုနေရင် မည်သည့် app မှာ မဆို စာလုံးကို select လုပ်ပြီး copy လုပ်လိုက်တာနဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးပါလိမ့်မယ်။ UI/UX…
-
ဒီနေ့မှ iOS 8 ထဲမှာ languaeg ကို ထည့်ကြည့်မိတယ်။ List ထဲမှာ တော့ မြန်မာ မပါပေမယ့် search လုပ်တဲ့ အခါမှာ မြန်မာ ပါလာတာကို တွေ့ရတယ်။ မြန်မာစာ ကတော့ အခုတော့ local ပဲ ပါပါတယ်။ Unicode ကို အသုံးပြုထားပါတယ်။ Lock Screen မှာ မြန်မာလို နာရီ နဲ့ ရက်စွဲကို ပြတယ်။ ပြက္ခဒိန် icon မှာ မြန်မာလို ပြတယ်။ ပြက္ခဒိန် app က ရက်စွဲတွေ က မြန်မာလို ပဲ။ Notification က လည်း မြန်မာလို နံပတ်ပါ။ Setting > General…
-
Laravel Myanmar အဖွဲ့ စုပေါင်းပြီး Laravel docs ကို ဘာသာပြန်ထားတာကို မနေ့က github မှာ တွေ့လိုက်တယ်။ အကုန်လုံးကို markdown နဲ့ ရေးထားတာ ဖြစ်ပြီး အတော်လေးကို ပြီးနေပါပြီ။ တကယ်လို့ laravel ကို စိတ်ဝင်စားတယ်။ လေ့လာနေတယ် ဆိုရင် သူတို့ အဖွဲ့ကို ကူပြီးတော့ ဘာသာပြန်ပေးစေချင်ပါတယ်။ Contributor တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ ကျွန်တော် ဒီနေ့ သူတို့ ရေးထားတာ စာတွေကို Gitbook version ပြောင်းပြီးတော့ Gitbook တင်ထားပေးပါတယ်။ လူတိုင်း online ကနေ လွယ်လင့် တကူ ဖတ်နိုင်အောင်ပါ။ တကယ်လို့ epub အတွက် ဒီမှာ download ချနိုင်ပါတယ်။…
-
codeschool က hall pass ဆိုပြီး ၂ ရက် unlimit access ပေးထားပါတယ်။ Free acount နဲ့ဆိုရင် အချို့ courses တွေနဲ့ screencasts တွေသာ ကြည့်လို့ရပေမယ့် hall pass နဲ့ ဆိုရင် အကုန်လုံးကို access လုပ်လို့ရပါမယ်။ လက်ရှိ တော့ Ember.js ကို code schoold ကနေ လေ့လာနေတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်တာ ထက် code school မှာ video လေး ကြည့်လိုက် ပြီးတော့ သူပေးထားတဲ့ challenge လေးကို ဖြေလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်။ ပုံမှန် စာအုပ်ဖတ်ရင်တော့ လက်တွေ့ မလုပ်ပဲ တောက်လျှောက်…
-
ပြီးခဲ့တဲ့လက MYMC radio iOS app ကို သုံးကြည့်တာ သိပ်ပြီး အဆင်မပြေဘူး။ အဓိကတော့ design မလှတာရယ် album art မပါတာကြောင့် ကြည့်လို့ မကောင်းဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ background မှာ run တဲ့ အခါမှာ Pause နဲ့ Play ပြန်လုပ်လို့ မရဘူး။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် App တစ်ခုရေးမယ်ဆိုပြီး နားဆင် app ကို ရေးဖြစ်သွားတယ်။ App ကို စဖို့အတွက် ပထမဆုံး design ရေးဆွဲဖြစ်တယ်။ ဘယ်အချက်တွေကို လက်ရှိ app မှာ မကြိုက်ဘူးလဲဆိုတာ ချရေးဖြစ်တယ်။ နောက်ပြီးတော့ ဘယ်လိုမျိုး ပုံစံနဲ့ album art ပြမယ်။…
-
မဟာဘုတ် iOS version နဲ့ Android version ကို အသစ်တင်ထားပါတယ်။ Version အသစ်မှာ အကြွင်း နေ့ဖွား အလိုက် ဆရာ မောက် ဟောထားတာတွေ ကို ထည့်ထားပေးပါတယ်။ iOS version ကို အားရပေမယ့် Android version ကို အားမရဘူး။ သုံးပြီး အဆင်မပြေတာတွေ ရှိရင် ပြောပါ။ တကယ်လို့ တွက်ထားတာ မှားနေတာ ရှိရင်လည်း မှတ်ချက် ပေးခဲ့ပါ။ ဆရာ ဒလမင်းခေါင် ရဲ့ စာအုပ်ထဲက ဆရာ မောက် ရဲ့ အဟော က အနီစပ် ဆုံးဖြစ်တာမို့ ဆရာမောက် ရဲ့ အဟောကို ယူထားပါတယ်။ အကြွင်း ၇ ခု ၊…
-
NSMag android version ကို android 4.4 အတွက်သာ ထုတ်ခဲ့ရာကနေ အခု android 4.1 အထိ အသုံးပြုလို့ရပါပြီ။ android 4.1 ကနေ 4.2 အထိ ကို ပိတောက် font ကို menu အတွက် အသုံးပြုထားတယ်။ စာလုံးအကုန်လုံးက သေချာ မှန်ကန်စွာတော့ မပြသပေးနိုင်ပါဘူး။ သို့ပေမယ့် ဖတ်လို့ရတဲ့ အထိ အဆင်ပြေပါတယ်။ Android 4.3 နဲ့ Android 4.4 အတွက်ကိုတော့ MON3 Anonta 1 ကို အသုံးပြုထားတယ်။ WebView အတွက်ကို Android 4.1 ကနေ 4.3 အထိ ကို unicode ကနေ ဇော်ဂျီ…
-
MZ ကို မနေ့က vanilla 2.2 ကို update လုပ်လိုက်တယ်။ လက်ရှိ vanilla version က ဟောင်းနေတာနဲ့ github မှာ ရှိတဲ့ master branch က stable version ကို download ချပြီး သွင်းလိုက်တယ်။ သွင်းလိုက်တော့ အရင် design အဟောင်းက ပုံစံနဲ့ မကိုက်တော့ဘူး။ ဒါနဲ့ Vote တွေ QnA တွေ ပြန်ဖြုတ်ပြီး forum လေး လိုပဲ သီးသန့် ပြန်ထားထားတယ်။ အရင်တုန်းက email ပို့လိုက်ရင် gmail မှာ မရောက်လာဘူး ဖြစ်နေတယ်။ php mail ကနေ ပို့လိုက်ရင် gmail က…