Myanmar Font Fall Back 1.2

Mac အတွက် ဇော်ဂျီ font fallback ကျအောင် လုပ်တဲ့ App ကို ကျွန်တော် တစ်ခေါက် ရေးဖူးပါတယ်။ အခု အနည်းငယ်ထပ်ပြင်ထားပြီးတော့ Source code ကို Github မှာ တင်ထားပေးပါတယ်။ အခု Version အသစ်မှာ နှစ်သက်ရာ font family မိမိဘာသာ စိတ်ကြိုက် ရိုက်ထည့်ပြီးတော့ fall back လုပ်ခွင့်ပေးထားပါတယ်။ နောက်ဆုံး Version ကို ဒီမှာ download ချနိုင်ပါတယ်။More

Rabbit

Rabbit Converter နဲ့ ပတ်သက်ပြီး update လုပ်ထားတာလေးတွေ ဖော်ပြချင်ပါတယ်။ Swift 2 Rabbit Converter ကို Xcode 7 အတွက် Swift 2 ကို support လုပ်ထားပါတယ်။ Cocoapods နဲ့ carthage အတွက်ကိုတော့ Xcode 7 Official ထွက်ပြီးရင် update လုပ်ပေးပါမယ်။ အခုတော့ Swift 1.2 ကိုပဲ support လုပ်ပါသေးတယ်။ Xcode 7 အတွက်ကိုတော့ Github ကနေ ပဲ ရယူ အသုံးပြုနိုင်ပါသေးတယ်။ Rabbit Wiki Rabbit ကို အသုံးပြုထားပြီးတော့ Credits ပေးထားတဲ့ projects တွေကို github ရဲ့…More

Ornagai and MMConverter Telegram Bot , MMConverter API

Telegram ဆိုတာကတော့ WhatsApp , LIne , Viber တို့လို့ Messenger ပါပဲ။ Telegram က bot တွေကို ရေးသားခွင့်ပေးထားပြီးတော့ bot ကို message ပို့လိုက်ရင် ပို့လိုက်တဲ့ data ပေါ်မှာ မူတည်ပြီးတော့ bot က reply ပြန်ပေးပါတယ်။ OrnagaiBot Ornagai dictionary အတွက် ရဲလင်းအောင် က ရေးထားတာပါ။ Telegram app ရဲ့ contact ကနေ OrnagaiBot ကို ရှာပြီး ထည့်လိုက်ရုံပါပဲ။ Dictionary အတွက် /e အနောက်မှာ စာရိုက်ထည့်လိုက်ရင် အဓိပ္ပာယ် ပြန်ပေးပါတယ်။ /e word OrnagaiBot ရဲ့ source…More

Yangon Map Updated – Offline Search

Yangon Map Offline (android) version ကို ထပ်ပြီးတော့ update လုပ်ထားပါတယ်။ အခု version မှာတော့ offline search ကိုပါ ထည့်သွင်းထားပါတယ်။ နောက်ပြီး နေ့စဉ် search database ကို update လုပ်နိုင်ပါတယ်။ Search Database က 7 MB လောက် ရှိပါတယ်။ နေ့တိုင်း size က map ကို update လုပ်ရင်း တိုးတိုးသွားပါလိမ့်မယ်။ ဒါကြောင့် တစ်လ တစ်ခါ ဒါမှမဟုတ် တစ်ပတ် တစ်ခါ update လုပ်ရင် လုံလောက်မယ်လို့ ထင်ပါတယ်။ Search လုပ်တဲ့ အခါမှာတော့ မြို့နယ်တွေ မပါဝင်သေးတော့ ဘယ်မြို့နယ်က လမ်း…More

Programming Basic Chapter 2 Done

Programming Basic စာအုပ်ကို ရေးတာ အခုဆိုရင် Chapter 2 ပြီးသွားပါပြီ။ Chapter 2 မှာ programming နဲ့ ပတ်သက်ပြီးတော့ အခြေခံ တော်တော်များများကို ရေးသားထားပါတယ်။ နောက် အခန်းတွေက စပြီးတော့ Data Structure အပိုင်းတွေကို စပြီး ရေးသွားပါမယ်။ Chapter 2 ဖတ်ပြီးတဲ့ အထိ နားမလည်တာတွေ ရှိရင် Github မှာ issue ဖွင့်ပြီး မေးနိုင်ပါတယ်။ အခုမှ စလေ့လာကာစ သူတွေ အတွက် တချို့ code တွေက နားလည်ဖို့ ခက်ခဲနေလိမ့်မယ်။ ဒါကြောင့် မသိတာတွေကို မေးပါ။ Exercise တွေကို အဖြေမကြည့်ပဲ ကြိုးစားပြီးတော့ code ရေးကြည့်ပါ။ စာအုပ်ကိုတော့…More

No Need Zawgyi Force in iOS 8.3 (Works Everywhere Now)

ဒီနေ့ စာလုံး keyboard မှာ unicode force ထည့်မလို့ ဆိုပြီး unicode font သွင်းပြီး google ကို သုံးကြည့်တာ force လုပ်စရာ မလိုပဲ မြန်မာစာတွေ ပေါ်နေတာကို တွေ့တယ်။ တစ်ခုခုများ မှားနေသလား ဆိုပြီးတော့ Font ကို ဖျက်။ ဇော်ဂျီ ပြန်သွင်းတော့လည်း ဇော်ဂျီတွေ ပေါ် နေတာကိုတွေ့ရပါတယ်။ iOS 8.3 သွင်းထားတဲ့သူများ အနေနဲ့ Font profile ကို download ချပြီး သွင်းထားတယ်ဆိုရင် Safari browser မှာ စမ်းကြည့်နိုင်ပါတယ်။ Sar Lone ကနေ ဇော်ဂျီ force လုပ်စရာ မလိုပဲ မြန်မာ လို google…More

Sar 1.6.2

Sar iOS app ဝယ်ယူသုံးစွဲ သူတွေကို ဦးစွာ အထူးကျေးဇူးတင်ပါတယ်။ အခု Version 1.6.2 ကို app store ပေါ်မှာ download ချနိုင်ပါပြီ။ အခု Version မှာ Feature အသစ် အနေနဲ့က Markdown Update Keyboard Shortcut Fixed Bluetooth Keyboard Detection စတာတွေ ပြုပြင်ပါဝင်ပါတယ်။ Markdown Markdown syntax highlighting ကို ထည့်သွင်းထားပါတယ်။ iOS ရဲ့ TextKit framework ကို အသုံးပြုပြီး ကိုယ်တိုင် ပြန်ရေးထားပါတယ်။ တကယ်လို့ Syntax Highlighting မမှန်တာလေးတွေ ရှိရင် တချက်လောက် အကြောင်းကြားစေချင်ပါတယ်။ ဒါမှမဟုတ် Support…More

Gmail now available in Myanmar

Gmail ကို မြန်မာ ဘာသာ နှင့် စပြီးတော့ အသုံးပြုနိုင်ပါပြီ။ မြန်မာစာလုံးတွေ အတွက် Unicode ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ Gmail ရဲ့ Settings ထဲမှာ Language ကို မြန်မာ ဘာသာ ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။ Gmail အတွက် Font တွေကတော့ Tharlon သို့မဟုတ် မြန်မာ၃ လိုအပ်ပါတယ်။ Font ကို ဒီမှာ Download သွားချနိုင်ပါတယ်။ Burmese အောက်မှာ မြန်မာစာ အတွက် font download လေးပေးထားပါတယ်။ Languages ပြောင်းပြီးသွားရင် စာတွေ အကုန်လုံး မြန်မာစာ (Unicode) နဲ့ ပြပေးပါလိမ့်မယ်။More