nothing
-
word 2007 အတွက် english – myanmar dictionary plugins ပါ။ သုံးတဲ့စက်ကတော့ dot net framework 3.5 သွင်းထားဖို့လိုပါတယ်။ http://thetheaye.my-mm.org/2009/08/english-myanmar-dictionary-microsoft.html
-
အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။ ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့…
-
ကျွန်တော် မနေ့က Linux Journal နဲ့ MSDN Journal ကို ဖတ်လိုက်ရတယ်။ အရမ်းဖတ်ရတာ ကောင်းတယ်ဗျာ။ မြန်မာနိုင်ငံက Journal တွေနဲ့ တခြားစီပဲ။ Journal တွေက ပါးပါးလေးပဲ။ ဒါပေမယ့် ပြည့်စုံတယ်။ လုံလောက်တယ်။ မြန်မာနိုင်ငံက လစဉ်ထွက် ဂျာနယ်တွေက Linux Journal နဲ့ MSDN Journal တွေထက် ထူလွန်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ Developer တွေဖတ်ဖို့ ဘာမှ မပါဘူး။ ဂျာနယ်တွေအားလုံးဟာ စာဖတ်သူတွေကို end user တွေကို ရည်ရွယ်တာ မဟုတ်သလို developer တွေကို ရည်ရွယ်တာ မဟုတ်သလိုပဲ။ အများစုက hardware ပစ္စည်း ဘယ်လောက်ကောင်းကြောင်း နဲ့ သတင်းနဲ့ အတင်းတွေ…
-
ဒီနေ့ CRM ဆိုတဲ့ system ကြီးကို မဖြစ်မနေ သုံးကြည့်ရတယ်။ ဒါနဲ့ ပြောတဲ့ tigercrm ကို download ဆွဲပြီးလေ့လာကြည့်တယ်။ တော်တော်လေးကိုကောင်းတဲ့ဟာပဲ။ ကျွန်တော်တို့ ရုံးလုပ်ငန်းတွေမှာ မဖြစ်မနေ သုံးသင့်တယ်။ သူ့မှာ Admin,Account,Marketing,Production စတဲ့ role တွေပါပြီး ကိုယ့် product stock တွေကိုပါ control လုပ်ပေးနိုင်တယ်။ Marketing ကလည်း camping တွေ ချမှတ်နိုင်တယ်။ member တွေကလည်း event, schedule, todo list စတာတွေ လုပ်နိုင်တယ်။ အသေးစိတ်တော့ မရှင်းပြတတ်ဘူး။ အခုမှ လေ့လာနေတုန်းမို့ပါ။ လေ့လာပြီးရင်တော့ ရေးပါအုံးမယ်ဗျာ။
-
မနေ့က ကိုဝီလျံရဲ့ ပွဲကို သွားတက်လိုက်တယ်။ အခန်း ၂၀၅ မှာပဲ။ ၉ နာရီ ခွဲ စမယ်ဆိုပေမယ့် မြန်မာတွေရဲ့ ထုံးစံအတိုင်း လူစောင့်နေတာနဲ့ ၁၀ နာရီမှပဲ စဖြစ်တယ်။ ( သတိရမိတာ။ ။ e-commerce ပွဲမှာ ပြောသွားသလို နိုင်ငံခြားမှာဆိုရင် ဒီလိုပွဲတွေကို $50 လောက်ပေးပြီး တက်ရတာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပွဲလုပ်။ လူမလာမှာဆိုးလို့ လက်ဆောင်တွေတောင် ပေးရနဲ့တဲ့။ ) ၁၀ နာရီလောက်ဆိုတော့ ကိုဝီလျံ တက်လာပြီး Linux အကြောင်း မပြောခင် Unix အကြောင်းစပြောတယ်။ Unix ပြောပြီးတော့ Linux အကြောင်းပြောတာပေါ့။ တော်တော်လေးကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောသွားတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းက chrome…
-
မနက် ၁၀ နာရီ ကိုဝီလျံ ပွဲသွားတယ်။ MICT Room 205 မှာ။ ၁၁ နာရီ ခွဲလောက်ပြီးတယ်။ chrome OS အကြောင်းတွေ ပြောသွားတယ်။ ၁ နာရီ e-commerce ပွဲ ဆက်တက်တယ်။ Hall ထဲမှာပဲ။ ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ e-banking system 2010 မှာရအောင် ကြိုးစားနေတယ်လို့ မြဝတီဘဏ်က ပြောသွားတယ်။ အခုတော့ ပင်ပန်းပြီ။ တနေကုန်ပဲဆိုတော့။
-
ဒီနေ့ json ကိုလေ့လာလိုက်တာ တော်တော်လေးကို သဘောကျသွားတယ်။ အစကတော့ လုပ်တာ မရဘူး။ ရေးထားတာလည်း မှန်တယ်။ ဒါပေမယ့် အလုပ်မလုပ်ပြန်ဘူး။ ဘာမှားနေလဲမသိဘူး ဖြစ်နေတာ။ ဒါနဲ့ သူများရေးထားတဲ့ json ကိုကြည့်ပြီးမှ သဘောပေါက်သွားတယ်။ သူက arrary ဆိုရင် [ နဲ့စပြီး ] နဲ့ ပိတ်ဖို့လိုတာကို။ အဲဒီ တချက်လွတ်သွားတာ။ အဲဒါလေးလည်း fixed ပြီးရော.. json ကို jquery နဲ့ ဖတ်ကြည့်တာ လွယ်လွယ်ကူကူပဲ ဖတ်လို့ရသွားပါလေရောဗျာ။ json ကို XML ထက်ပိုကြိုက်တယ်။ XML ထက် ရိုးရှင်းတယ်။ လွယ်ကူတယ်။ နောက်ပြီး jquery နဲ့ လွယ်လွယ်ကူကူ ဖတ်လို့ရတယ်။ ဒါကြောင့် json ကို…
-
ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း…