nothing
-
အခု C# ထဲမှာ Excel rows 100 ရှိတဲ့ file 26 ခုကို Access ထဲမှာ သွားပေါင်းတာကို ပြန်ပြင်ရေးနေတာ ပြီးပြီ။ အစက စက်က ဟမ်းနေတယ်။ အစအဆုံး ပြီးမှ အလုပ်ပြန်လုပ်တယ်။ ဒါနဲ့ backgroundworker ကို သုံးလိုက်တယ်။ အစက ၁ ခုပဲ သုံးတာ အဆင်မပြေဘူး။ ၂ ခုသုံးလိုက်တော့ တော်တော်အဆင်ပြေသွားတယ်။ check လုပ်ထားတဲ့ list item ကို စစ်တာ တစ်ခု။ excel ကနေ access ကို သွားထည့်တာ တစ်ခု။ စုစုပေါင်း ၂ ခုနဲ့ ရေးတာအဆင်ပြေသွားပြီ။ Good Job!!! MySQL Fulltext ကို…
-
HTML5 မှာ tag အသစ်တွေပါဝင်လာတယ်။ section , article,nav စတဲ့ tag တွေက div အစားထိုးအနေနဲ့ ဝင်ရောက်လာပါတယ်။ အရင်က ul,ol တွေ div အစား ဝင်ရောက်လာသလိုပေါ့… နောက်ပြီး header ဆိုပြီး သီးသန့်ပါလာပါတယ်။ ပုံစံက html4 ကနဲ့ မတူတော့ပဲ အနည်းငယ်ပြောင်းလဲသွားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ HTML5 မှာ လို့ ပုံစံ အကြမ်းပြောလို့ရတာပေါ့။ ပိုပြီး structure ကျလာတယ်ထင်တယ်။ ဒါပေမယ့်လည်း event အသစ်များစွာအတွက် javascript example code တွေ မရှိသေးဘူးဖြစ်နေတယ်။ attribute အသစ်ဖြစ်တဲ့ draggable ကို true ပေးထားသော်လည်း drag လုပ်လို့မရသေးဘူး။ ကျွန်တော် သေသေချာချာ…
-
လက်ရှိ HTML 5 မှာ ပါဝင်တဲ့ tag တွေကို w3school မှာ ဖော်ပြထားပါတယ်။ quackit မှာလည်း w3schools ထက်ပိုပြီး ပြည့်စုံအောင် example လေးတွေနဲ့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ chrome 3 , firefox 3.5 တို့ဟာ HTML 5 ကို support တယ်လို့ ကြေငြာထားပါတယ်။ သို့သော်လည်းပဲ HTML 5 မှာ ပြောထားတဲ့ tag တွေကို သာ သိရုံအဆင့်ပဲရှိသေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ က HTML 5 မှာ ပြောထားသလို အဖွင့်အပိတ် မရသေးပါဘူး။ details tag အကြောင်းကို ဒီလို ဖော်ပြထားပါတယ်။
-
ဖတ်စရာတွေ အရမ်းများနေတယ်… .NET နဲ့ပတ်သက်တာ ၄ အုပ်… ၁ အုပ်ပဲ တစ်ဝက်ကျိုးနေတယ်… ဖတ်ရတာ ပျင်းဖို့ကောင်းတယ်… coding ဖတ်ရတာ ပိုမြန်တယ်.. သူရှင်းတာ ဖတ်တော့မှ မူးကုန်တယ်.. :D အခုတော့ CodeIgniter ဖတ်နေတယ်.. တော်တော်ကောင်းပြီး လွယ်တဲ့ PHP Framework ပျင်းရင်ပဲဖြစ်ဖြစ် အားရင်ဖြစ်ဖြစ် HTML 5 ဖတ်ကြည့်နေတယ်.. လေ့လာလို့ပဲ ပြီးကို မပြီးနိုင်ဘူး… စိတ်ကုန်တယ်… :( ဖတ်ဖို့တွေ ပုံနေတာပဲ…
-
MZ က post ((http://www.mysteryzillion.org/forums/showthread.php?t=4586)) တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ.. ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်… ကျောင်းက အရင်အတိုင်းပဲ… အဆောင်သစ်တစ်ခု ဆောက်နေတယ်… အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်… တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ… ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ… အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်… ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ… အဲတုန်းက ယောင်္ကျားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ… ဒေါသထွက်တိုင်း မှန်ကို ခွဲ… တံခါးကို ဆောင့်ကန်… မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း…
-
အော်.. လူလည်းတယ်ခက်ပါလား… တစ်ခုခုကို စွဲလုပ်ဖို့က မလွယ်တဲ့ ကိစ္စပဲ… လုပ်ချင်တာ ဓာတ်ကျတာကိုပဲ လုပ်နေမိတယ်.. ပြီးခဲ့တဲ့လက ornagai ကို လုပ်ဖြစ်တယ်.. ဒီလတော့ wiki ဘက်ပြန်ရောက်သွားပြန်ပြီ.. အခုတော့ facebook founder ဖြစ်တဲ့ Mark Zuckerberg အကြောင်းရေးနေတယ်။ ဒီညတော့ အပြီးသတ်လိုက်မယ်။ အားတဲ့ အချိန်တိုင်းရေးနေတာ။ အခုတလော လူတွေ အကြောင်းဖတ်ပြီး ဘာသာပြန်ရတာကို ဓာတ်ကျနေပြန်ပြီ… ခက်တယ်… ခက်တယ်… တစ်ခုလောက်ပဲ စိတ်ထဲစွဲပြီး အလုပ်မလုပ်တတ်တာဆိုးတာပဲ… အားတဲ့ အချိန်မှာ ornagai ကို ပြန်လုပ်ချင်ပေမယ့်… ဘာသာပြန်ရတာ.. စာဖတ်ရတာကို သဘောကျနေမိတယ်.. အခုတလောလည်း သိပ်မအားဘူးဖြစ်နေတယ်….
-
ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့…