nothing
-
ဒီနေ့ ကျွန်တော်တို့ MZ ပွဲကို အောင်မြင်အောင် ကျင်းပခဲ့သော်လည်းပဲ ကျွန်တော်တို့ မျှော်မှန်းထားသော လူဦးရေး ၃၀၀ မရောက်ရှိလာခဲ့ပဲ လူ ၁၁၀ လောက်ပဲရောက်ရှိလာပါတယ်။ သို့သော်လည်းပဲ တစ်ဝက်တွင်ပြန်သွားသူ။ တစ်ဝက်မှ ဝင်လာသူ။ အစစသော အကြောင်းကြောင့် ခန်းမကျယ်ထဲမှာ ၄ ပုံ ၁ ပုံပဲရှိခဲ့ပါတယ်။ ကျွန်တော် April Fool လုပ်ခဲ့မိတာကြောင့် အခုလိုဖြစ်သွားရတယ်ဆို ကျွန်တော် အနူးအညွှတ်တောင်းပန်အပ်ပါတယ် Organizer များအနေနဲ့ အားမလိုအားမရဖြစ်နေခြင်းကို မျက်စိမှာ အထင်းသားပေါ်နေပါတယ်။ မျှော်လင့်ချက်တွေ ကျဆုံးသွားတဲ့ မျက်လုံးတွေကို ကျွန်တော်မြင်ခဲ့ရတဲ့အတွက် ကျွန်တော် အရမ်းပဲအားနာမိတယ်။ ကျွန်တော် ဆောင်ရွက်တာ လိုသွားတာလေးတွေရှိတယ်။ April Fool လုပ်မိတာကြောင့်လည်း ပါဝင်ပါလိမ့်မယ်။ နောက်ပြီး Journal တွင် ကြော်ငြာထည့်သွင်းခြင်းကို နည်းနည်းလေးစောသွားခြင်း…
-
မင်းက ငါ့ထက် ငယ်မယ်ထင်လို့ ညီလို့ခေါ်လိုက်တာပါ။ မင်းအဖွဲ့သားတွေကတော့ ငါ့ထက်ကြီးရင် ကြီးမယ်။ ရွယ်တူဖြစ်ရင် ဖြစ်ကောင်းဖြစ်မှာပေါ့။ မင်းတို့အဖွဲ့လည်း ဒီနေ့ တော်တော်ပင်ပန်းသွားရှာမှာပါ။ မင်းတို့စက်တွေကော အဆင်ပြေရဲ့လား။ တော်တော်လေးလည်း run လိုက်ရသေးလား။ အစ်ကိုထင်သလောက် မင်းတို့ စက်တွေဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး။ မင်းတို့တွေ server တစ်ခုခုကို host လုပ်ပြီး လုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ အစ်ကိုလည်း log တွေဖတ်ပြီးပြီ။ ဘယ် IP တွေ ဘယ်လိုလုပ်လဲဆိုတာလည်း ကြည့်ပြီးပြီ။ အစ်ကိုတော့ ဒေါသမထွက်တော့ပါဘူးကွာ။ ဒေါသထွက်လည်း ထူးလာမှာမှ မဟုတ်တာ။ အရင်ကတော့ မင်းတို့အပေါ် တော်တော်လေး ဒေါသထွက်မိတယ်။ ဒါလေးလုပ်တာကို မင်းတို့ ဂုဏ်ယူနေရသလားဆိုပြီးတော့။ နောက်တော့လည်း မင်းတို့ ငယ်သေးတာကြောင့်လည်းဖြစ်နိုင်တယ်။ မင်းတို့မှာ ပညာမရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိဘတွေနဲ့…
-
အော်… စီးပွားဖြစ်…. ပူးပေါင်းခြင်းက နတ္ထိ…. ကူညီမှုက ပါးစပ်ဖျား… အလကားဆို ထိပ်ဆုံးက…. လိုင်စင်တွေ ဘေးဖယ်ထား… ငါလုပ်တာ ငါပိုင်တာ… အမြဲအော်တတ်တယ်….
-
ornagai.com အတွက် သီးသန့် blog လေးတစ်ခုလုပ်ရမယ်။ ဘယ်လိုမျိုးသုံးလို့ရတယ်။ ဘာတွေ download ချလို့ရတယ်ဆိုတာလေးကိုပေါ့။ နောက်ပြီး webservice ဘယ်လိုသုံးမလဲဆိုတာရယ်။ firefox opensearch နဲ့တွဲပြီး ဘယ်လိုလုပ်ရမလဲ။ chrome မှာ opensearch ဘယ်လို သုံးရမလဲဆိုတာ။ စတာလေးတွေ လုပ်ရအုံးမယ်။ နောက်ပြီး အားရင် ဇော်ဂျီသီးသန့် site လေးတစ်ခုဆောက်အုံးမယ်။ ဇော်ဂျီ information တွေကြီးပဲပေါ့။ နောက်ပြီးရင်တော့ web text editor အသစ်လုပ်နေတာ။ web service ပုံစံပေါ့။ ဘယ်သူမဆို ယူသုံးလို့ရအောင်လေ။ ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်တို့ wordpress blog ရဲ့ comment နေရာမှာ အသစ်တွေ ထည့်မနေတော့ဘူး။ အဲဒီ webtext editor လေးပွင့်လာမယ်။ အဲမှာရိုက်။…
-
အရင်က Online Game တွေဆို သိပ်မကြိုက်ဘူးဗျ။ ဆော့လည်း မဆော့ဖြစ်ဘူး။ ရုပ်ပုံတွေမပါလို့။ အခု Online Game တစ်ခုဆော့နေတယ်။ နာမည်က Ikariam တဲ့။ လိပ်စာကတော့ ikariam.org ပေါ့။ အဲဒီ game မှာ world ၁၄ ခုလောက် ပါတယ်။ world တစ်ခုမှာလည်း ကျွန်းတွေ အများကြီးပဲဗျ။ အဲဒီ ကျွန်းတွေ အများကြီးထဲကမှ ကျွန်းတစ်ကျွန်းမှာ မြို့လေး တစ်မြို့ ကိုယ်က စရတာပေါ့။
-
အခုတလော ornagai မှာ add လိုက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်ပြီး Ubuntu မှာ stardict သုံးပြီးတော့ English Myanmar Dictionary စမ်းနေတာလည်း အဆင်ပြေသွားပြီ။ အခု Web Text Editor Version အသစ်စမ်းနေတာ။ အဲဒါကတော့ မရသေးဘူး။ အခု Version အသစ်မှာ အခြား project တွေကပါ ယူသုံးလို့ရအောင်ပေါ့။ အခု MZ မှာတော့ စမ်းသုံးထားတယ်။ ကျွန်တော့် blog မှာလည်း စမ်းထည့်ထားတယ်။ အခုဟာက service မဟုတ်ပဲ တိုက်ရိုက်ခေါ်သလိုဖြစ်နေတယ်။ ဒါကြောင့် service အနေနဲ့ ပြန်ပြောင်းရအုံးမယ်။ PHP file run လို့ရတဲ့ hosting တွေမှာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ အခုလက်ရှိ…
