nothing
-
google ကို ရည်ညွှန်းရမယ်လို့ ကျွန်တော် မပြောထားဘူး။ ကျွန်တော်ဆိုလိုတာကတော့ ဘယ် website လိပ်စာမှာ ရှိတယ်။ သွားကြည့်လိုက်လို့ ရေးထားပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေ ကြာလေလေ english စာ ညံ့လေလေ မဖြစ်စေချင်လို့ပါ။ နောက်ပြီး သူများကို အရမ်းမှီခိုသွားလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင် ဦးစားပေးမယ်။ လမ်းမလျှောက်တတ်ခင် လမ်းလျှောက်တတ်အောင် သင်ပေးမယ်။ လမ်းလျှောက်တတ်လာရင်တော့ ကိုယ့်ဘာသာကိုယ်ကြိုးစားလျှောက်ပေါ့။ ကိုယ့်မှာလည်း အစွမ်းအစရှိရဲ့နဲ့ ပျောက်ကွယ်နေတာကိုတော့ အားမပေးချင်ဘူး။ google ထဲမှာ ရှာရခက်တယ်။ မှန်တယ်။ မရှာတတ်လို့ ရှာရခက်တာပါ။ MZ မှာ ကျွန်တော်ပြောထားတာက ရှာတွေ့တဲ့ Link လေးကို ပေးဖို့ပါ။ သွား google မှာ သွားရှာလို့ ဘယ် member မှလည်း မရေးထားပါဘူး။ ရေးခွင့်လည်း…
-
ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )
-
ကျောင်းပြီးသွားတော့မှ သိလာတယ်။ ကျောင်းသားတွေကသာ အနာဂတ်အတွက်ဆိုတာကိုပေါ့။ အခု အလုပ်စလုပ်နေတော့ အရင်တုန်းကလို မအားတော့ဘူး။ ကျောင်းတက်နေတုန်းကလို မလေ့လာနိုင်တော့ဘူး။ တစ်ညလုံး စာတွေ ဖတ် မနက် ကျောင်းသွား။ ကျောင်းကားပေါ်အိပ် ကျောင်းရောက်တော့ ထပ်အိပ်။ ပြီးရင် ညဘက် တစ်ညလုံး ဖတ်လိုက် လေ့လာလိုက် စမ်းလိုက် ပြီးရင် သူများတွေကို ဝေမျှလိုက်။ ညဘက် gtalk မှာ သူငယ်ချင်းတွေ မေးတာဖြေလိုက်။ အဲဒီလိုမျိုး အခုအချိန်မှာ မရနိုင်တော့ဘူး။ မေးသမျှလည်း ဖြေဖို့အချိန်မရှိတော့ဘူး။ MZ ကိုတောင် ဝင်ကြည့်လိုက် လိုအပ်မှ ဖြေလိုက်။ edu မှာ စာသင်ဖို့အတွက် စာတွေ ပြန်ဖတ်ဖို့တောင် မနည်းအချိန်ပေးနေရတယ်။ ကျောင်းသားတွေကသာ အသစ်သစ်တွေ ထွင်နိုင်တာပါ။ ကျောင်းသားတွေကသာ တိုင်းပြည်အတွက် ရတနာပါ။ အခုအချိန်မှာ…
-
Tag & Category လုပ်ထားတာလေးကို လူတော်တော်များများ မေးကြတယ်။ သိချင်ကြတာတော့ တော်တော်များများပဲ။ ဘယ်သူမှ right click မနှိပ်မိကြဘူး။ နှိပ်ပြီး ရှာတော့လည်း ရှာမတွေ့။ ဒါကြောင့် တိုက်ရိုက် link လေးပေးလိုက်ပါတယ်။ http://wordpress.org/extend/plugins/wp-cumulus/ ကဲ… စိတ်ချမ်းသာကြပါစေသော်…… :)
-
Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။ ၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။ ၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။ ၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။ ၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။
-
သင့်ရဲ့ blog ကို backup လုပ်ဖို့မမေ့ပါနဲ့။ တပတ်တကြိမ်လောက်တော့ လုပ်ထားပါ။ ဘာတွေလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ သိပ်မခက်ပါဘူး။ ကျွန်တော်က wordpress သုံးတဲ့အတွက် wordpress မှာဆိုရင်တော့ firefox addon ဖြစ်တဲ့ fireftp ကိုအသုံးပြုပြီး ftp ကနေ file တွေကို backup လုပ်ပါတယ်။ ကိုယ့် blog က ကိုယ်ပိုင် host မှ ftp သုံးလို့ရမှာနော်။ နောက်မို့ဆိုရင်တော့ မရဘူးဗျ။
-
ကျွန်တော် ကိုအိမောင်ပြောတဲ့ အတိုင်း bug ကို fix လုပ်ထားပြီးပါပြီဗျာ။ Fixed: Myanmar Keyboard တွင် ဇော်ဂျီတစ်ခုတည်းထည့်သွင်းထားခြင်း။ Manual တွင် နည်းနည်းပြင်ခြင်း Download
-
MZ နဲ့ပတ်သက်ပြီး ပြောဖို့ ကျန်ခဲ့တာလေးတွေပါ။ Edu ကိစ္စပေါ်ပေါက်လာပုံ။ MZ စတင်ကာစက ကိုပီဇီ နဲ့ ကျွန်တော် moodle ကို ပူးပေါင်း အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်က MZ က အခုလိုမျိုးမဟုတ်ပါဘူး။ လူလည်း နည်းပါးနေပါတယ်။ ကို DBA ပြောတဲ့ အချိန်မှ MZ စတင်ကာလကို ကျွန်တော်တို့တွေ ပြန်လည် သတိရလာမိပါတယ်။ ဒါကြောင့် ကို DBA ကို ကျေးဇူးတင်ပါတယ်။ Edu ကိစ္စမှာ ကို DBA နာမည် ဂျာနယ်မှာ မပါခဲ့တာ ကျွန်တော်တို့ နှစ်ယောက် မေ့လျော့မှုပါ။ အခုလို ထောက်ပြတဲ့ အတွက် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ကျွန်တော်သီးသန့် MZ edu…
