nothing

  • Rabbit converter အကြောင်းကို ဒီမှာ ကျွန်တော် ရေးဖူးပါတယ်။ Github မှာ issues ဖွင့်ပြီးတော့ မှားနေတာတွေကို ပြောပြပေးတဲ့ ကိုမြတ်မင်းစိုး ကိုလည်း ကျေးဇူးတင်ပါတယ်။ Fixed အခု update မှာ unicode ကနေ ဇော်ဂျီ ပြောင်းတဲ့ အခါမှာ မင်္ဂလာ ၊ ကြိုး စသည့် bugs ၂ ခုကို ပြင်ထားပါတယ်။ ဇော်ဂျီ ကနေ unicode ပြောင်းတဲ့ အခါမှာ ကြွေ ၊ ကျွေ စသည့် bugs ကို လည်း ပြင်ထားပေးပါတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ Github Page မှာ စမ်းကြည့်လို့ရပါတယ်။ Rabbig Android App ကိုလည်း update…

  • NSMag ဟာ Mobile Developer တွေ အတွက် magazine တစ်ခု အဖြစ် ကျွန်တော် ဖန်တီးထားပြီးတော့ iOS နဲ့ Android မှာပဲ ဖတ်လို့ရပါတယ်။ အဓိကတော့ iOS Development အကြောင်း အများဆုံးပါပါတယ်။ အခု NSMag ကို website ပေါ်မှာ စတင် ဖတ်ရှုနိုင်ပါပြီ။ အကယ်၍ offline ဖတ်လိုရင်တော့ iOS app ကို app store နှင့် Android App ကို play store ကနေ ရယူနိုင်ပါတယ်။

  • Gitlab ဆိုတာကတော့ open source git hosting တစ်ခုပါ။ အခု gitlab က bitbucket လို unlimited repo ရပါတယ်။ Bitbucket ထက်ပိုကောင်းတာကတော့ unlimited users ပါ အသုံးပြုလို့ရတာပဲ။ Free user အနေနဲ့ supporting တော့ ရမှာ မဟုတ်ပါဘူး။ Gitlab ကို အသုံးပြုပြီးတော့ ကိုယ်ပိုင် github လိုမျိုး git hosting တစ်ခု ဖန်တီးနိုင် သလို gitlab မှာလည်း ကျွန်တော်တို့တွေ ကိုယ်ပိုင် project တွေကို တင်ထားနိုင်ပါတယ်။ အခု ကျွန်တော်ရေးမယ့် အကြောင်းကတော့ gitlab ကို အသုံးပြုပြီး ကိုယ့် server ပေါ်မှာ…

  • Ornagai website မှာ bug တွေ ကို fix လုပ်ထားပါတယ်။ နောက်ပြီးတော့ comment ပါ ထပ်ဖြည့်ထားပါတယ်။ website မှာ suggestion တွေကို comment ပေးထားခဲ့လို့ ရပါပြီ။ သို့ပေမယ့် comment မှာ pagination ထည့်ဖို့လိုပါသေးတယ်။ အခုတလော အတွင်းမှာ update လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ Android version မှာတော့ default အနေနဲ့ background service ကို ပိတ်ထားပါတယ်။ Setting ကနေ တဆင့် orange background service ကို ဖွင့်လို့ ရပါတယ်။ Background service က စာ ကို copy ကူးလိုက်တာနဲ့…

  • iOS မှာ Zawgyi Force က အခု version အသစ်မှာ တချို့ website တွေနဲ့ Google မှာ မမြင်ရတာတွေ အတွက် ပြန်ပြင်ထားပါတယ်။ Sar Lone keyboard သွင်းထားတယ်ဆိုရင် App store မှာ update လုပ်နိုင်ပါပြီ။

  • Penultimate ကို နေ့စဉ်နီးပါး သုံးဖြစ်တော့ stylus ကောင်းကောင်းလေး လိုချင်မိတယ်။ Penulimate က Jotscript တစ်ခုတည်းကို support လုပ်တဲ့အတွက်ကြောင့် Jotscript ကို ဝယ်ဖို့ပဲ ရှိတယ်။ တခြား stylus တွေကို penultimate က support မလုပ်တာကြောင့် ရွေးချယ်စရာ မရှိဘူး။ Jotscript မတိုင်ခင်က Jot Pro ကို သုံးပြီး စာရေးဖြစ်တယ်။ တော်တော်လေးကို ကောင်းတယ်။ သို့ပေမယ့် ရေးတာ ကြာတော့ Jotpro ရဲ့ nib က မှန်တွေခြစ်ပြီး သိပ်ရေးလို့ မကောင်းဘူး။ ရေဆေးပြီး သုံးရင် အဆင်ပြေပေမယ့် အမြဲတန်းအတွက် အဆင်မပြေဘူး။ ဒါနဲ့ Jotscript ကို ဝယ်မယ်ကွာ ဆိုပြီး…

  • Ornagai v3 Website ကို ပြီးအောင် လုပ်နေတာ ရယ် နောက်ပြီးတော့ ရုံးမှာ android developer တစ်ယောက် ခွင့်ယူသွားတာ ရယ်ကြောင့် အိမ်မှာကော ရုံးမှာပါ အားလပ်ချိန် မရှိသလောက်ပဲ။ ဒါကြောင့် facebook ကို login လည်း မဝင်ဖြစ်ဘူး။ ဖုန်း နဲ့ iPad  ထဲမှာလည်း ရှုပ်လို့ ဆိုပြီး ဖျက်ထားလိုက်တယ်။ အရင်တုန်းကတောင် Facebook personal ကို မသုံးဖြစ်ရင်အောင် Page လေး ကို သုံးဖြစ်သေးတယ်။ အခုတော့ Facebook Page app ကိုတောင် ဖျက်ထားလိုက်တော့ facebook ဆိုတာ နဲ့ တော်တော်လေး ဝေးသွားတယ် ဆိုရမယ်။ Facebook နဲ့ ဝေးသွားတော့…

  • Ornagai website v3 ကို ရေးနေတာ နှစ်တွေ တောင် တော်တော်ကြာသွားတယ်။ တကယ် စရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ် စနေ တနင်္ဂနွေမှ လို့ ဆိုရမယ်။ Front end ပိုင်းကို မစခင်ကတည်းက backend ပိုင်း တော်တော်များများကို silm ကို အသုံးပြုပြီး ရေးထားတော့ အကြမ်းလောက်တော့ ပြီးထားပြီးသား။ Angualr-JS ကို လေ့လာပြီးတော့ ဒီ တစ်ခေါက်တော့ Angular JS နဲ့ လုပ်မယ်ဆိုပြီး ရေးဖြစ်လိုက်တော့ beta အဆင့်လောက် ထိ ပြီးသွားတယ်။ Saing Myanmar , English Dictionary ကိုလည်း ခွင့်တောင်းပြီးတော့ v3 မှာ ပေါင်းထည့်ထားပေးတယ်။ Ornagai…