Antiusbhidden GUI

အရင်က console version နဲ့ ရေးခဲ့ပါတယ်။ အခု ပိုပြီးရိုးရှင်းလွယ်ကူအောင် GUI version နဲ့ ရေးထားပါတယ်။ System Hidden Folder တွေကို ပြန်ဖော်ပေးပါတယ်။ checkbox ကို check ထားရင် Foldername နာမည်နဲ့တူတဲ့ exe တွေကို ဖျက်ပေးပါတယ်။ .NET Framework 3.5 တော့လိုတယ်။ ထုံးစံအတိုင်း C# နဲ့ပဲရေးထားတာပါ။ antiusbhiddenMore

Ornagai အသစ်ထွက် ပြောင်းလဲမှုများရှိ

ယခု ornagai site မှာ မြန်မာလိုကော english လိုပါ complete list ပေါ်ပါပြီ။ အရင်တုန်းက english လိုပဲ ဖော်ပြပေးရာကနေ အခု မြန်မာလိုပါ complete list ရနေပြီတဲ့အတွက် မြန်မာလို ရှာရာမှာလည်း လွယ်ကူသွားတယ်။ tab format ကို tsv လို့ နာမည်ပြောင်းပေးလိုက်တယ်။ ကိုစိုးမင်းရဲ့ dict နဲ့ တူသွားအောင်ပေါ့။ ကိုစိုးမင်းရဲ့ python dictionary ကလည်း tsv ကို အသုံးပြုထားတဲ့အတွက်ကြောင့် tsv လို့ပဲခေါ်လိုက်တာ။ data သိမ်းပုံက အရင်လိုပဲ tab တွေခြားထားတာပဲ။ ကဲ.. အသေးစိတ်ကို http://www.ornagai.com/site/ မှာဖတ်။ download ကိုတော့ http://www.ornagai.com/site/offline မှာ ချလို့ရပါတယ်။More

Anti USB Hidden (Alpha)

ကျွန်တော်တို့တွေ usb stick ထဲကို virus ဝင်သွားရင် Folder တွေပျောက်ကုန်တယ်။ FolderName.exe တွေ ပေါ်လာတယ်။ Virus သတ်ပြီးတဲ့အခါမှာတော့ FolderName.exe ကို သတ်။ ပြီးရင် attrib -s -h FolderName ဆိုပြီး လုပ်ရတယ်။ Folder တွေအများကြီးဆိုရင် လက်က ညောင်းပြီသာမှတ်ပဲ။ အဲလို ကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော် မနေ့ညက C# နဲ့ program လေး တစ်ခုရေးထားတယ်။ antiusbhidden လို့နာမည်လေးပေးထားပါတယ်။ သုံးပုံသုံးနည်းက cmd ကနေ antiusbhidden.exe ရှိတဲ့နေရာကို သွားပါလိုက်ပါ။ ဥပမာ C: အောက်မှာ antiusbhidden.exe ရှိတယ်ဆိုပါဆို့။ ဒါဆိုရင် Run -> Cmd  ကိုသွား…More

onthefly greasemonkey

ကိုစိုးမင်တို့ လုပ်ထားတဲ့ greasemonkey က ကိုယ့် blog ထဲမှာ ထည့်ထားမှ အလုပ်လုပ်လိမ့်မယ်။ တကယ်လို့ မထည့်ထားတဲ့ my.wikipedia.org လိုမျိုး Unicode 5.1 နဲ့ သုံးထားတဲ့ site တွေဆို ဖတ်လည်းဖတ်ချင်တယ်။ ဖတ်ရတာလည်း အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကိုစိုးမင်းတို့လုပ်ထားတဲ့ code လေးကို greasemonkey လေးနဲ့ ပြန်လုပ်ထားတယ်။ greasemonkey လေးနဲ့ လုပ်လိုက်တော့ ကိုယ့်ကြည့်ချင်တဲ့ site တွေကို Unicode 5.1 နဲ့ပဲဖြစ်ဖြစ် Zawgyi နဲ့ဖြစ်ဖြစ်ကြည့်လို့ရတာပေါ့။ hahauni greasemonkey မှာ greasemonkey သုံးနည်းလေးရေးထားတယ်ဗျ။ အခု onthefly greasemonkey ကို ဒီမှာ install သွင်းလို့ရတယ်။ Greasemoneky လေးသွင်းထားမယ်ဆိုရင်…More

Ubuntu 9.04 Zawgyi KB

Ubuntu 9.04 ရဖို့အတွက် တော်တော်လေး ရင်းနှီးလိုက်ရတယ်။ နောက်မှပဲ အဲဒီ အကြောင်းလေး ရေးအုံးမယ်။ အခုတော့ Keyboard သွင်းပုံလေး အရင်ရေးလိုက်မယ်။ http://www.saturngod.net/wp-content/uploads/zawgyikbtar.gz ကို download ချလိုက်။ download file ကို Desktop ပေါ်မှာရှိတယ်လို့ပဲ ကျွန်တော် သဘောထားတယ်နော်။ ပြီးရင် Right Click နှိပ်။ extract here လုပ်။ Zawgyi folder လေးပေါ်လာမယ်။ ပြီးရင် application -> Accessories -> terminal ကနေ $cd ~/Desktop/Zawgyi $./install.sh လုပ်လိုက်ရုံပဲလေ။ တကယ်လို့ password တောင်းရင် ဖြည့်လိုက်ပါ။ ပြီးရင် Finished ဆိုပြီး ပေါ်လာပါမယ်။ အဲဒါတွေပြီးရင် Panel…More

Thank Ko Soe Min

ကိုစိုးမင်းထောက်ပြတဲ့အတွက် ကျွန်တော် အများကြီးပြင်ဖြစ်သွားတယ်.. ကိုစိုးမင်းကို ကျေးဇူးတင်ပါတယ်… ကိုစိုးမင်းပြောတဲ့ လိုအပ်တာလေးတွေကိုလည်း syllable break ထဲမှာ ထပ်ဖြည့်ထားပါတယ်… နောက်ပြီး မရှင်းတာ တစ်ခုရှိတယ်ဗျ… ကိုညီလင်းဆက် ကိုစိုးမင်းတို့ စဉ်း ကို အဲလို မရေးကြပဲ စဉ်း လို့ပြောင်းရတာတွေ့ရလို့…. ဘယ်ဟာအမှန်လဲမသိဘူး… ??? http://code.google.com/p/zgnorsb/downloads/listMore

Source Code ZGNORSB

Zawgyi Normaliztion နဲ့ Syllable Breaking PHP source code ကို http://code.google.com/p/zgnorsb/ မှာ ရယူနိုင်ပါတယ်။ နောက်အားရင် ဘယ်လိုလုပ်ထားတယ်ဆိုတဲ့ နည်းပညာလေး ရေးပေးပါအုံးမယ်..More

လူတစ်ကိုယ် စာတစ်မျိုး

လူတစ်ကိုယ်စာတစ်မျိုးဆိုတာ တကယ်ပဲဗျ… တစ်ယောက်တစ်မျိုးရေးကြတာပဲဗျ.. normalization လုပ်လိုက်တော့မှ သိတော့တယ်။ အတတ်နိုင်ဆုံး reduce လုပ်ထားတယ်။ အခုတော့ pattern 51 မျိုးနဲ့ ရသွားတယ်။ အားလုံး အိုကေတယ်ဆိုရင်တော့ ornagai.com မှာ သုံးတော့မယ်။ www.ornagai.com/zgnor မှာ တချက်လောက် စစ်ပေးပါ။ တချို့တွေက U(–့) နဲ့ မရေးပဲနဲ့ Space Y(–့) နဲ့ရေးကြတယ်။ တချို့တွေက ေ space ဖြစ်ပါနေတတ်တယ်။ တော်တော်များများကို fixed လုပ်ထားပါတယ်။More