Web Text Service For WordPress

ဒီနေ့တော့ web text service ကို wordpress အတွက်လုပ်ထားတာလေး တင်လိုက်တယ်။ http://www.mysteryzillion.org/webtext/wordpress_webtext.zip အဲဒီ zip file ကိုဖြည်လိုက်.. wordpress folder ထဲက addform.php ကို yourdomain.com/ သို့မဟုတ် blog ရဲ့အောက်မှာပေါ့… ကျွန်တော်ဆို saturngod.net ဖြစ်တဲ့အတွက် saturngod.net/addform.php ဆိုပြီး ခေါ်လို့မှာပေါ့… နောက်ထပ် အဆင့်အနေနဲ့ကတော့ Admin -> Apparance -> Editor -> comment.php မှာ <input id=”submit” class=”button” name=”submit” type=”submit” value=”Submit Comment” tabindex=”5″ /> ကိုရှာ ပြီးရင် အဲဒီ အောက်မှာ <input onclick=”window.open(‘http://www.mysteryzillion.org/webtext/webtext.php?url=’ + escape(document.location.href),’WebTextEdtior’,’resizable=yes,width=1200,height=500′)”…More

Web Text Service

အခု web text editor service ကို စမ်းထားတယ်ဗျ။ အခုတော့ ကျွန်တော့် blog comment ပိုင်းမှာ ထည့်ထားတယ်။ အခုတလော မအားသေးလို့ဗျာ.. လုပ်စရာတွေလည်း ရှိသေးတယ်…  MZ ပွဲအတွက်လည်း လုပ်ရမယ်… အခြား ပိုက်ဆံ ရမယ့်ဟာတွေကိုလည်း လုပ်ရမယ်… အခုတော့ ပိုက်ဆံမရှိလို့ တော်တော်လေးကို အဆင်မပြေတွေဖြစ်နေတယ်.. အိမ်ကလည်း ပြောပေါင်းများပြီ… ကျောင်းတုန်းကလို လုပ်ချင်တာ လုပ်တဲ့အရွယ်မဟုတ်တော့ခက်သား… ကဲဗျာ.. MZ ပွဲအတွက် နည်းနည်းလေး လုပ်ရအုံးမယ်ဗျာ… အားရင်တော့ web text service လေးအကြောင်း ရေးပါအုံးမယ်.. အခုတော့ တော်တော်အဆင်ပြေတယ်..More

Fedora 10 အတွက် ဇော်ဂျီ keyboard တကယ်ရပြီ

အခုလက်ရှိ fedora ကနေ zawgyi နဲ့တင်လိုက်တာနော်။ မယုံမှာဆိုးလို့ ပုံလေးနဲ့ ပြထားလိုက်တယ်။ အဲ.. copy paste မဟုတ်ဘူးဗျ။ fedora အတွက် ကျွန်တော် အရင်က ubuntu က deb package ကနေ rpm ပြောင်းထားတာ။ ပြသနာတွေကတော့ အများကြီးပဲဗျ။ ဘယ်လောက်များလဲဆိုတာတော့ မမေးနဲ့။ သွင်းလို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ကျွန်တော့်မှာက fedora လည်းမရှိ။ နောက်ပြီး fedora ရဲ့ command တွေမသိတာလည်းပါတယ်။ အခုမှ ပြန်ကြည့်မိတယ်။ အကုန်အမှားတွေအများကြီးပဲ။ အခုတော့ fedora 10 ကို VirtualBox နဲ့ run ပြီးတော့ keyboard ကို ပြန်လုပ်လိုက်တယ်။ နောက်ပြီး rpm package…More

MySQL UTF-8 Convertor

တချို့တွေအတွက်တော့ လိုချင်မှ လိုလိမ့်မယ်။ တချို့တွေအတွက်ကတော့ မရှိမဖြစ်ပေါ့။ ကျွန်တော့်အတွက်လည်း မရှိမဖြစ်ပဲ။ ကျွန်တော်အရင်တုန်းက Fantastico De Luxe ကနေပြီးတော့ wordpress ကို သွင်းဘူးတယ်။ အဲမှာ ရွာစပတ်တာပဲ။ မြန်မာလို ဘယ်လိုမှ ရိုက်လို့မရဘူး။ ??? တွေပဲပေါ်လာတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲဆိုတော့ mysql database မှာ Latin ဖြစ်နေတာပဲ။ တကယ်လို့ UTF-8 တာဆိုရင် code လေးနည်းနည်းပြင်စမ်းလိုက်ရင် ရအုံးမယ်။ ဒါပေမယ့် Table တစ်ခုခြင်းစီ Field တစ်ခုခြင်းစီ လိုက်ပြင်ဖို့ မလွယ်ဘူး။ ဒါနဲ့ နောက်ဆုံးမှာတော့ အစအဆုံး upload ပြန်တင်လိုက်ရတယ်။ တကယ်တန်း ကျွန်တော်တို့ one click install သွင်းလို့ရနေရဲ့သားနဲ့ upload တင်ရတာအလုပ်မဟုတ်ဘူးဗျာ။…More

MMGLITE

Now MMGLITE is release source code. You can download it and run on your server. http://www.4shared.com/file/64961332/b44ce05a/mmglitetar.htmlMore

MZ blog

wordpress မှာ blog လုပ်တာ မြန်မာလို မပေါ်ဘူး။ နောက်ပြီး plugin တွေကို ကိုယ်လိုချင်တဲ့ plugin မရဘူးဖြစ်နေလား။ wordpress blog ကို ကိုယ်ပိုင် host မထိုင်တတ်ဘူးလား။ blog လုပ်ချင်ပြီး ဘယ်ကနေ စလုပ်ရမှန်းမသိတာလား။ အဲဒီအတွက် MZ blog လာပါပြီ။ ကျွန်တော်တို့ MYSTERY ZILLION ကပေးလိုက်တဲ့ နောက်ထပ်တစ်ခုပါ။ Blog တွေကို လွယ်လွယ်ကူကူလုပ်နိုင်အောင် စီစဉ်ထားပါတယ်။ template တွေအများကြီးထည့်ထားတယ်။ နောက်ပြီး လိုအပ်တဲ့ plugin တွေထည့်သွင်းထားပေးတယ်။ blogger ကနေလည်း import လုပ်လို့ရတယ်လေ။ www.mzblog.net ကနေ သင် blogger တစ်ယောက်ဖြစ်လာဖို့ လမ်းစ တစ်ခု ဖွင့်ပေးလိုက်ပါတယ်။More

Database Charset UTF-8

ကျွန်တော်တို့တွေ အများအားဖြင့် database transfer လုပ်ရင် UTF-8 မပြောင်းတာ အမြဲ ပြသနာဖြစ်တယ်ဗျ။ကျွန်တော်တို့တွေ အစအဆုံး ပြန်ပြန်တင်နေရတာတွေ ကြုံတတ်တယ်။ အဲဒီအတွက် ကျွန်တော် sahana project လုပ်တုန်းက ရေးထားတဲ့ db_setup.php လေးက တော့ ကိုယ့် database တစ်ခုလုံး ရှိတဲ့ field တွေအပါအဝင် UTF-8 ပြောင်းပေးအောင်ရေးထားပါတယ်။အဲဒီ file လေးကို download ချပြီး notepad နဲ့ဖြစ်ဖြစ် wordpad နဲ့ဖြစ်ဖြစ် ဖွင့်ပြီး $db_name=’sahana’;$host=”localhost”;$username=”root”;$pwd=””; အဲဒီနေရာတွေမှာ ကိုယ့် database နဲ့ဆိုင်ရာတွေ ဖြည့်ပြီး db_setup.php ကို run လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ မြန်မာတွေအတွက် database transfer လုပ်ပြီးတဲ့အခါ အသုံးဝင်နိုင်လို့ ဖြန့်ဝေလိုက်ပါတယ်။More

Zawgyi Keyboard For Ubuntu

အခု version မှာတော့ လက်ရှိ ဇော်ဂျီ လက်ကွက်အတိုင်းလုပ်ထားပါတယ်။ ပြသနာကတော့ –ျှ လိုမျိုး code နှစ်ခုကို key တစ်ခုထဲမှာထည့်မရပါဘူး။ နောက်ပြီး ဝင်းမြန်မာစာလုံးတွေပါ ထည့်ထားပေးပါတယ်။ package ကိုလည်း Ubuntu အတွက် သီးသန့်ရေးဆွဲထားတာပါ။ Debian Package ပေါ့။More