When Don’t Run Apache in Firefox (Ubuntu)

ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။ ဒါနဲ့ မယုံသေးဘူး။ /var/index.html ကို ပြင်လိုက်တယ်။ ပြီးမှ refresh ချလိုက်တယ်။ အဆင်ပြေတယ်ဗျာ။ သေချာပြီ firefox ကဖြစ်တာပဲ။ firefox က Network setting တွေ ပြောင်းကြည့်တယ်။ မရဘူး။ နောက်ထပ် browser တစ်ခုဖြစ်တဲ့ Epiphany နဲ့ စမ်းတယ်။ မရဘူး။ Epiphany က GNOME Network Setting နဲ့ ချိန်ထားတာဆိုတော့ localhost ကို ignore မလုပ်လို့လားပေါ့။ ဒါနဲ့ စစ်ကြည့်တယ်။ လုပ်ထားတယ်ဗျ။ မဖြစ်သေးဘူး။ opera မှာကတော့ရတယ်။ တခြား browser နှစ်ခုက မရသေးဘူးဆိုတော့ တစ်ခုခု လွဲနေတာဖြစ်မယ်။ ဒါနဲ့ Epiphany မှာ configure ရှာတာ ရှာတော့မတွေ့ဘူး။ ဒါပေမယ့် File > Work Offline ဆိုတာကို check ထားတာတွေ့ရော။ အဲဒါနဲ့ ဖြုတ်လိုက်တယ်။ ပြန်ပြီး run တော့ အိုကေသွားပါတယ်ဗျာ။ သေချာပြီ။ ဒါဆိုလည်း firefox မှာလည်း Work Offline ဖြစ်နေလို့ဖြစ်မယ်ဆိုပြီး File > Work Offline ဆိုတာလေးကို ဖြုတ်လိုက်တော့ bravo! အခုတော့ ကောင်းကောင်းလေး run လို့ရသွားပါပြီ။ အားလုံး အဆင်ပြေသွားပြီလေ။ အခုမှပဲ စမ်းစရာရှိတာတွေကို Ubuntu မှာရော Windows မှာပါ စမ်းလို့ရပြီပေါ့ဗျာ။

One response to “When Don’t Run Apache in Firefox (Ubuntu)”

  1. http://blog.atomicdevelopment.net/2008/10/24/prevent-your-site-from-ddos-attack/

    ပေးလို့ ရတဲ့ နေရာမှာ ပေးသွားတယ်ဗျာ.. ဘာဖစ်လဲ… ဟီးးး :P

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading