HTML 5 Online EBook (Myanmar version)

HTML 5 စာအုပ်ကို စက်တင်ဘာလ ၂၀၁၃ ကတည်းကရေးနေပေမယ့် ဒီနေ့တော့ အခန်း ၉ ကို ပြီးသွားပါပြီ။ နောက်ဆုံး ရေးဖို့ ထားထားတဲ့ javascript နဲ့ canvas အခန်းပဲ ကျန်ပါတော့တယ်။ HTML 5 အကြောင်းရေးမယ်ဆိုတော့ CSS လည်း အနည်းငယ်သိဖို့ လိုသလို javascript လည်း သိဖို့လိုပါတယ်။ ဒါကြောင့် စာအုပ်ထဲမှာ CSS ကော javascript ပါ ထည့်ရေးဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ စာအုပ် တစ်အုပ်လုံး နီးပါး ပြီးနေပါပြီ။ အခန်း ၂ ခန်းပြီးရင်တော့ HTML 5 စာအုပ်ပြီးပြီလို့ ဆိုနိုင်ပါတယ်။

အခုတလော ရုံးအလုပ်ကလွဲပြီး ကျန်တဲ့ လုပ်လက်စ app တွေကော project တွေကော ထားပြီးတော့ HTML 5 စာအုပ်ကိုပဲ ရေးနေပါတယ်။ အမြန်ဆုံးပြီးဖို့လည်း မျှော်လင့်တယ်။ တော်တော်ကြာနေပြီဖြစ်တဲ့အတွက်လည်း အမြန်ဆုံး အဆုံးသတ်ချင်နေမိတယ်။ အခန်း ၁၁ ခန်းပြီးသွားရင်တော့ အစအဆုံး ပြန်ဖတ်ပြီး အချောသတ်ဖို့တော့ လိုပါအုံးမယ်။

HTML ကို အခုမှ စလေ့လာနေတဲ့သူတွေ အတွက် ကျွန်တော့် HTML 5 စာအုပ် က အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ HTML 5 စာအုပ်ကို Download တော့ ချခွင့်မပေးထားပါဘူး။ Online မှာသာ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်ကို gitbook အသုံးပြုပြီးရေးထားပါတယ်။

4 Comments

  1. De blog paw ka Photo tway ta khu mha ma myin ya par buu byo!!!!!!!!!!!!!!!

    1. saturngod says:

      yes , because droplr is not free anymore :(

    2. saturngod says:

      yes because droplr is not free anymore :(

  2. yam says:

    Bro.download link lay cha pay yin kaung mher pal.online read pho ka asin ma pyay lo per.ty for ur try hard.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.