HTML 5 Online EBook (Myanmar version)

HTML 5 စာအုပ်ကို စက်တင်ဘာလ ၂၀၁၃ ကတည်းကရေးနေပေမယ့် ဒီနေ့တော့ အခန်း ၉ ကို ပြီးသွားပါပြီ။ နောက်ဆုံး ရေးဖို့ ထားထားတဲ့ javascript နဲ့ canvas အခန်းပဲ ကျန်ပါတော့တယ်။ HTML 5 အကြောင်းရေးမယ်ဆိုတော့ CSS လည်း အနည်းငယ်သိဖို့ လိုသလို javascript လည်း သိဖို့လိုပါတယ်။ ဒါကြောင့် စာအုပ်ထဲမှာ CSS ကော javascript ပါ ထည့်ရေးဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ စာအုပ် တစ်အုပ်လုံး နီးပါး ပြီးနေပါပြီ။ အခန်း ၂ ခန်းပြီးရင်တော့ HTML 5 စာအုပ်ပြီးပြီလို့ ဆိုနိုင်ပါတယ်။

အခုတလော ရုံးအလုပ်ကလွဲပြီး ကျန်တဲ့ လုပ်လက်စ app တွေကော project တွေကော ထားပြီးတော့ HTML 5 စာအုပ်ကိုပဲ ရေးနေပါတယ်။ အမြန်ဆုံးပြီးဖို့လည်း မျှော်လင့်တယ်။ တော်တော်ကြာနေပြီဖြစ်တဲ့အတွက်လည်း အမြန်ဆုံး အဆုံးသတ်ချင်နေမိတယ်။ အခန်း ၁၁ ခန်းပြီးသွားရင်တော့ အစအဆုံး ပြန်ဖတ်ပြီး အချောသတ်ဖို့တော့ လိုပါအုံးမယ်။

HTML ကို အခုမှ စလေ့လာနေတဲ့သူတွေ အတွက် ကျွန်တော့် HTML 5 စာအုပ် က အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ HTML 5 စာအုပ်ကို Download တော့ ချခွင့်မပေးထားပါဘူး။ Online မှာသာ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်ကို gitbook အသုံးပြုပြီးရေးထားပါတယ်။

4 responses to “HTML 5 Online EBook (Myanmar version)”

  1. De blog paw ka Photo tway ta khu mha ma myin ya par buu byo!!!!!!!!!!!!!!!

    1. yes , because droplr is not free anymore :(

    2. yes because droplr is not free anymore :(

  2. Bro.download link lay cha pay yin kaung mher pal.online read pho ka asin ma pyay lo per.ty for ur try hard.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading