Gardar is available on app store

Gardar ကို Apple App store ပေါ်မှာ download ချနိုင်ပါပြီ။ Gardar နဲ့ ပတ်သက်တဲ့ FAQ ကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။More

Gardar

ဒီ ၃ လ အတွင်း ထွေထွေထူးထူး မလုပ်ဖြစ်ပဲ ဂါထာ ကိုပဲ ပြီးအောင် ရေးနေတယ်။ ဂါထာ ဆိုတာကတော့ ရွတ်ရတဲ့ ဂါထာ မဟုတ်ပါ။ iPhone, iPad app တစ်ခုပါ။ Gardar ဆိုတာ ဘာလဲ ? Gardar ဆိုတာကတော့ Google Reader App တစ်ခုပါ။ မြန်မာ unicode နဲ့ ဇော်ဂျီဖတ်လို့ရပါတယ်။ နောက်ပြီးတော့ ခမာ စာတွေပါ ဖတ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ ခမာ unicode ကလည်း အခု အချိန်ထိ iOS 5 မှာ အလုပ်မလုပ်သေးပါဘူး။ ဒါကြောင့် ခမာ unicode ပါ ထည့်သွင်းပေးထားတာပါ။ ဘာလို့ Gardar ကို…More

Problem in Mahabote App

တခြား ဖုန်းတွေမှာ Day of the week တွေကို OS ကနေ reply ပြန်တာ တစ်ခု လျော့နေတယ်။ ဘာလို့ ဖြစ်တာလည်းတော့ သေချာမသိသေးဘူး။ လက်ရှိ သုံးထားတာကတော့ NSDateFormatter ကနေ ပြန်ပြီး ထုတ်ထားတာပဲ။ ကျွန်တော့် ဖုန်းနဲ့ ipad မှာတော့ မှန်ပေမယ့် UK နဲ့ Australia က ဖုန်းတွေမှာ မမှန်ဘူးဖြစ်နေတယ်။ ဘယ်လိုလည်း ဆိုတော့ တနင်္လာဆိုရင် ၂ ကို select လုပ်ရမှာ ဖြစ်ပေမယ့် ၁ ကို သွား select လုပ်နေတယ်။ ၁ ဖြစ်တဲ့အတွက်ကြောင့် တနင်္ဂနွေ ကို သွားပြီး select လုပ်လိုက်တဲ့အတွက်ကြောင့် result က…More

Mahabote iPhone App

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက မဟာဘုတ် iphone ကို ရေးပြီးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကျော်လောက်ကမှ app store ပေါ်တင်ဖြစ်တယ်။ ဘာလို့ မဟာဘုတ် App ကို ရေးဖြစ်ခဲ့သလဲဆိုတော့ လက်ရှိ computer လောကမှာ အောင်မြင်နေတဲ့ သူတွေရဲ့ အသက်တွေကို ကြည့်ရင်း မွေးသက္ကရာဇ် ကို ဂရုပြုမိတယ်။ ဒါနဲ့ ဘာဖွားလဲသိရအောင် တွက်ကြည့်အုံးမှ ဆိုပြီး တွက်ရင်း တစ်ယောက်ခြင်းဆီကို တွက်နေရင်တော့ မဖြစ်သေးပါဘူးဆိုပြီး App တစ်ခုကို ချရေးလိုက်တာ။ App က ဘယ်လောက်မှ မကြာပဲနဲ့ ပြီးသွားတယ်။ ပြီးမှ Admob ထည့်တာ နောက်ပြီး icon ဆွဲတာတွေအတွက် ဖြည်းဖြည်း နဲ့ ၁ ပတ်လောက် အချိန်ကုန်သွားတာ။…More

Lesson from Angry Birds – Part 2

Angry Birds ကို App Store မှာ December 2009 မှာ စပြီး ပေါက်ခဲ့ပါတယ်။ Mat Wilson က ငါတို့ စောစော သိခဲ့တာက ပေါက်သွားဖို့အတွက် အရင်ဆုံး နိုင်ငံသေးသေးလေးတွေမှာ အရင်ဆုံး ပေါက်အောင် လုပ်ဖို့ လိုတယ်။ လို့ဆိုပါတယ်။ Finnish App store မှာ ရာကျော်မျှသာ ရောင်းရပြီးတော့ Sweden , Denmark , Greece နဲ့ Czech Republic မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ UK နဲ့ US store မှာ မပေါက်ခင်ထိ 30,000 ကနေ 40,000 downloads ကို နိုင်ငံသေးသေးလေးတွေကနေ ရခဲ့ပါတယ်။ အများကြီးတော့…More

Dhamma Stream

Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက်…More

CB Bank iPhone app

CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ်…More

Pulse for iPad

ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို…More