Chrome ကိုမကြိုက် firefox ကိုသာခိုက်

ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )More

Google Chrome

Web 2.0 လို့အော်နေကြတာ ကြာပါပြီ။ အခု Google ကလည်း broswer အသစ် Google Chrome ဆိုပြီး ထုတ်လိုက်ပြန်ပြီ။ သုံးကြည့်လိုက်တော့ တော်တော်လေးတော့ သဘောကျမိတာ အမှန်ပဲဗျ။ သုံးရတာ မိုက်တယ်။ ဒါပေမယ့် အားသာချက် အားနည်းချက်ဆိုတာတော့ ရှိစမြဲပဲ။ Chrome ဟာ Firefox, IE , Opera, Safari စတဲ့ browser တွေ အားသာချက်တွေကို စုပေါင်းထားတယ်။ နောက်ပြီး မြင်ကွင်း ကျယ်ကျယ်မြင်ရတာကတော့ တခြား browser တွေထက် သာတာပဲဗျ။ အဲဒါက တော်တော်လေး အရေးပါပါတယ်။ မြန်မာစာအတွက်တော် တော်တော်လေးကို အဆင်ပြေတယ်။ Unicode 5.1 ကို လိုက်နာထားတာကိုတွေ့ရတယ်။ ဒီလိုဗျာ။ ရန် ဆိုတဲ့အထဲမှာ န် ကို back space နှိပ်လိုက်ရင်–် တစ်ခုထဲမဟုတ်ပဲ…More

Gtalk Account တွေသတိထားပါ

ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။More

Becareful Your Gmail

ကျွန်တော့် သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေး email ကို hack လို့ရသွားတယ်။ ဘယ်လိုလုပ်မိလဲမသိတော့ဘူး။ ဒါနဲ့ ကျွန်တော်သိလိုက်ပါပြီ။ forget email ကနေ သွားလိုက်တာပဲ။ ဒါနဲ့ တစ်ယောက်ယောက်ရဲ့ mail ကို စမ်းကြည့်လိုက်တယ်။ ပထမ တစ်ယောက် မရပေါင်။ secondary mail ကိုပို့လိုက်ပါတယ်။ ဒါနဲ့ နောက်တစ်ယောက် ထပ်စမ်းတယ်။ မရ။ secondary mail ကိုသွားပို့တယ်။ နောက်တစ်ယောက်စမ်းတယ်။ ရသွားတယ်။ security question လာမေးတယ်။ သုံးတဲ့ ဖောင်တိန် အရောင်တဲ့။ အရောင်တွေ တစ်ခုပြီး တစ်ခု ၃ ခေါက်လောက်လည်း ထည့်လိုက်ကော မှန်သွားပါလေရော။ new password ထည့်ခိုင်းတယ်။ ဒါပေမယ့် မဖြည့်လိုက်ပါဘူး။ ဒါကြောင့် သိလိုက်တယ်.. ၁.…More

Search In MZ

သူများတွေတော့ မသိဘူး… ကျွန်တော်ကတော့ Computer နဲ့ ပတ်သက်ပြီး ရှာစရာရှိရင် MZ မှာ အရင်ရှာကြည့်တယ်။ အထူးသဖြင့် Anti virus တွေပေါ့။ Flashyfix ဆိုတာကို google မှာ ရှာကြည့်လိုက်။ MZ ထိပ်ဆုံးပဲ။ ကြွားတာမဟုတ်ပါ။ MZ မှာ အများအားဖြင့် virus ကိစ္စတွေပဲ ဆွေးနွေးကြတာများလို့ပါ။ အများအားဖြင့် virus အသစ်ပေါ်လာတိုင်း သတ်ပုံသတ်နည်းတွေ ညတွင်းချင်းတောင် ရနိုင်တယ်လေ။ ဒါကြောင့် MZ ကို အားကိုးရတာပေါ့ :D ။ အဲဒီအတွက် ရှာဖို့ forum ကိုဝင်ရတာ ကြာတယ်။ ဒါနဲ့ http://www.mysteryzillion.com/search/ ဆိုပြီး လုပ်ထားလိုက်တယ်။ Google Custom search ပေါ့။ ဖြစ်နိုင်ရင် firefox…More

Internet And Your Personal

ဒီနေ့ google မှာ saturngod gmail ဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် information တော်တော်များများထွက်လာတယ်။ အထူးသဖြင့် deviantart.com က information ပဲ။ ကျွန်တော်တို့တွေ community site တွေထဲမှာ ကိုယ့် Information တွေ ဖြည့်မိတာတွေ ကိုယ့် email လိပ်စာတွေ ထည့်မိတာတွေ ရှိကောင်းရှိမယ်။ ဒါဟာကောင်းလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုမျိုး ကိုယ့် Information ကို အလွယ်တကူရှာတွေ့နိုင်တာ ကျွန်တော့် အထင်အတွက်တော့ မကောင်းဘူးထင်တာပဲ။ ကျွန်တော် ကိုယ်တိုင်က အေးအေးဆေးဆေးပဲ နေတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းလူမသိစေချင်ဘူး။ ဟိုးအရင်တုန်းက Internet ဆိုတာဘာမှန်း ကောင်းကောင်းမသိခင်တုန်းက တွေ့ရာနေရာမှာ ကိုယ့် information အမှန်တွေပဲ ထည့်ခဲ့ဘူးတယ်။ email တွေဆိုလည်း…More