MVC & Me

MVC (Model , View , Controller) ကို ROR ကတည်းက စပြီးတွေ့တယ်.. နောက်ပိုင်း cakePHP, symfony တွေလေ့လာတော့လည်း ကြုံရတယ်… အမှန်တိုင်းဆိုရင်တော့ MVC ကို မကျွမ်းဘူးဗျ… ဒါကြောင့် ROR ကို ကောင်းကောင်းမသုံးတတ်သလို cakePHP, symfony ကိုလည်း မရခဲ့ဘူး… အခုအချိန်မှာ လုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ Zend Framework ကိုလေ့လာပြန်တော့လည်း MVC နဲ့ တွေ့ပြန်ကော.. MVC က သမာရိုးကျ တွေးခေါ်ပုံနဲ့ မတူတော့ နားလည်အောင် အရင်လုပ်မှ ဖြစ်မယ်… သူ့ flow လေးတွေကို နားလည်အောင်တော့ စာသေချာဖတ်မှဖြစ်တော့မယ်… အခု website ((www.cyberciti.biz/tips/zend–framework-php-tutorial.html)) မှာတော့ သမာရိုးကျကနေ […]

substr

ဒီနေ့ ရေးလက်စ project တစ်ခုမှာ စာလုံးတွေ ဖြတ်ထုတ်ဖို့ ပါလာတယ်။ id နဲ့ အမျိုးအစားခွဲဖို့လေ။ ဒါနဲ့ ဟိုစမ်းဒီစမ်းနဲ့ ရေးလို့ရသွားတယ်။ ထူးခြားတာက -2 ဆိုတာနဲ့ နောက်က စာလုံး ဖြုတ်ပေးလိုက်တာပဲ။ အဲဒါကို မသိလိုက်တာ။ googling လုပ်လိုက်လို့သိသွားတာ။ $time = “1234_sta”; $length = strlen($time); $characters = 3; $start = $length – $characters; $time1 = substr($time , $start ,$characters); $time2=substr($time,0,-4); echo $time1; echo “”; echo $time2;

When Don’t Run Apache in Firefox (Ubuntu)

ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။

MySQL UTF-8 Convertor

တချို့တွေအတွက်တော့ လိုချင်မှ လိုလိမ့်မယ်။ တချို့တွေအတွက်ကတော့ မရှိမဖြစ်ပေါ့။ ကျွန်တော့်အတွက်လည်း မရှိမဖြစ်ပဲ။ ကျွန်တော်အရင်တုန်းက Fantastico De Luxe ကနေပြီးတော့ wordpress ကို သွင်းဘူးတယ်။ အဲမှာ ရွာစပတ်တာပဲ။ မြန်မာလို ဘယ်လိုမှ ရိုက်လို့မရဘူး။ ??? တွေပဲပေါ်လာတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲဆိုတော့ mysql database မှာ Latin ဖြစ်နေတာပဲ။ တကယ်လို့ UTF-8 တာဆိုရင် code လေးနည်းနည်းပြင်စမ်းလိုက်ရင် ရအုံးမယ်။ ဒါပေမယ့် Table တစ်ခုခြင်းစီ Field တစ်ခုခြင်းစီ လိုက်ပြင်ဖို့ မလွယ်ဘူး။ ဒါနဲ့ နောက်ဆုံးမှာတော့ အစအဆုံး upload ပြန်တင်လိုက်ရတယ်။ တကယ်တန်း ကျွန်တော်တို့ one click install သွင်းလို့ရနေရဲ့သားနဲ့ upload တင်ရတာအလုပ်မဟုတ်ဘူးဗျာ။ […]

On the way

ကျွန်တော်ကတော့ web developer တစ်ယောက်ဖြစ်ပြီးလား မဖြစ်သေးဘူးလား ကောင်းကောင်းမသိပါဘူးဗျာ… Php နဲ့တော့ ကောင်းကောင်းရေးတတ်တယ်…. မှတ်မှတ်မိမိ ကျွန်တော်လေ့လာဘူးတာတွေကတော့

Image Verify

အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။