saturngod
-
Cloud ဆိုတာကလည်း နာမည်ကြီးနေတာ တော်တော်လည်းကြာလာပါပြီ။ Cloud နဲ့ပတ်သတ်ပြီး လူသုံးများတာကတော့ SAAS ပါပဲ။ နောက်ပြီး Amazone, Rackspace တို့လို cloud server တွေပေါ့။ Cloud ကိုလည်း ရုံးမှာ အဓိက သုံးဖြစ်ပါတယ်။ Github , Google Docs , Protoshare , Clarizen , စတာတွေကို သုံးနေပါတယ်။ SAAS က အခုနောက်ပိုင်း တော်တော်လေး အသုံးများလာသလို online ဈေးကွက်အသစ်လည်း ဖြစ်လာတယ်။ ကျွန်တော် လက်ရှိသုံးနေတာက Dropbox နဲ့ Evernote ပဲ။ free ရတာကြောင့်လည်း ပါတယ်။ သုံးရတာလည်း အဆင်ပြေတယ်။ သဘောအကျဆုံး အချက်က offline ရတာပဲ။…
-
Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။
-
ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က MYSTERY ZILLION ၃ နှစ်တောင် ပြည့်ခဲ့ပြီ။ ဒီနှစ် Anniversary ကိုတော့ ၂၅ ရက်နေ့မှ လုပ်ဖြစ်တယ်။ နှစ်ပတ်လည်နေ့နဲ့ တော်တော်ကွာသွားပေမယ့် အားလုံး အဆင်ပြေဆုံးနေ့ဖြစ်တာကြောင့် အဲနေ့ကို ရွေးဖြစ်ခဲ့တာလည်း ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေကို အဓိကရည်ရွယ်ပြီး ပွဲလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MZ မှာ exiter ရေးထားတာကိုပဲ ပြန်ဖော်ပြလိုက်ပါတယ်။
-
ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…
-
ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင်…
-
Bing ရဲ့Home Page မှာ ပုဂံ ဘုရားတွေနဲ့တွေ့လိုက်လို့ မှတ်တမ်းတင်တဲ့သဘောနဲ့ တင်ထားလိုက်တာပါ။
-
ဒီနေ့ Client Server မှာ တင်တော့ mail() function က php မှာ သုံးမရဘူးဖြစ်နေတယ်။ တကယ်တန်းတော့ symfony မှာ ဘာ plugin လဲမသိပါဘူး။ မေ့တောင် မေ့သွားပြီ။ အဲဒါနဲ့တွဲသုံးထားတာ။ mail() function လိုတယ်ဆိုတာနဲ့ mail function enable လုပ်ဖို့ စရပါတော့တယ်။ Ubuntu Server ဆိုတော့ ရှာရတာ အရမ်းလွယ်တယ်။ ဘာမှ မခက်ဘူး။ exim4 ကို သွင်း။ ပြီးရင် config လုပ်။ အဲဒါကလည်း https://help.ubuntu.com/community/Exim4 အဲဒီမှာ ဖတ်လိုက်လို့ရတယ်။ sudo apt-get install exim4 လို့ သွင်းပြီး sudo dpkg-reconfigure exim4-config ဆိုပြီး…
