saturngod

  • တော်တော်ရယ်ရတာပဲ.. သူပြောတော့လည်း ဟုတ်နေတာပဲ… နောက်မှ video site မှာ upload ပြန်တင်လိုက်အုံးမယ်။ http://sharepoint.microsoft.com/businessproductivity/why-microsoft/pages/google-apps.aspx#fbid=cInf6-ifB6W

  • အကုန်လုံးက cloud လို့ အော်နေကျတာရယ် ကိုယ်ကလည်း cloud ထဲရောက်မှန်းမသိ ရောက်နေတာရယ်။ နောက်ပြီး ရုံးက google doc ကိုပြောင်းဖို့တွန်းအားပေးတာကြောင့် pages နဲ့ ရေးထားတဲ့ စာတွေကို ပြောင်းမယ်လို့ ပြင်လိုက်တယ်။ အရင်ဆုံး အကုန်လုံးကို copy ကူး ပြီးတော့ google doc ပေါ်မှာ တင်ပေါ့။ အကုန်လုံးတော့ တက်သွားပါရဲ့ ပုံတွေပါမလာဘူး။ web 2.0 ရောက်နေပေမယ့် ကိုယ့်စက် clipboard ထဲမှာရှိတဲ့ picture ကိုတော့ အလိုလို upload တင်ပေးတာကတော့ မရသေးဘူးဗျ။ ဘယ်တော့ဆိုရင်တော့ clipboard ထဲက data ကို ဖတ်ပြီး picture upload တင်လို့ရမလဲမသိဘူး။ ဒါနဲ့ pages file…

  • အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…

  • ပြီးခဲ့တဲ့ အပတ်က Amazon EC2 server ကို ကိုင်ရတယ်။ client သုံးမယ်ဆိုလို့ ရုံးက ဝယ်ပေးတဲ့ server ပေါ့။ project တွေအားလုံးက လက်ရှိ Linux Server ပေါ်မှာပဲ run နေတာကြောင့် Amazon Ec2 မှာလည်း Linux တင်ပြီး Web Server လေး တစ်ခုကို ရုံးက ဆောက်ခိုင်းတယ်။ ရုံးမှာက Linux ပိုင်း သိတာ ဆိုလို့ လူက များများစားစား မရှိတာကြောင့် Amazon EC2 ကြီးကို ကိုင်ဖို့တာဝန်က ကိုယ့်ပေါ်ရောက်လာပြီ။ အဲဒီနေ့မတိုင်ခင်ကလည်း VPS တစ်လုံးနဲ့ web server ကော symfony ကော သွင်းလိုက်ရသေးတယ်။ ဒါကြောင့်…

  • မြန်မာ website တွေထဲမှာ scratch ကနေ စပြီး ဆွဲထားတဲ့ site တွေကို သိချင်နေပါတယ်။ showcase လေးလုပ်မလားလို့ စဉ်းစားမိလို့။ ကျွန်တော် သိသလောက်က Books Hive Address: http://www.books-hive.com Category: Ebook Sharing Site Language: PHP Developer: Thet Twe Aung Burglish Address: http://burglish.my-mm.org/latest/trunk/web/testarea.htm Category: Myanmar Font Lanuage: Javascript with AJAX Developer: Soe Min Light Myanmar Dictionary Address: http://en.my-mm.org/ Category: Dictionary Language: PHP Developer: Soe Min

  • ဆင်းရဲမွဲတေမှုပြဿနာကြောင့် လူသားမျိုးနွယ်ပျောက်ဆုံးသွားနိုင်တယ်။ Global Warming ကြောင့် ကမ္ဘာကြီး ပျက်သုန်းသွားနိုင်တယ်။ ဒီနေ့ အိပ်ရာနိုးတော့ Facebook မှာ မြင်လိုက်ရတာက ချီလီနိုင်ငံ မြေငလျင် သတင်းနဲက ဂျပန်ကို ဆူနာမီ ဝင်တော့မယ်ဆိုတဲ့ Alert တွေတွေ့လိုက်ရတယ်။ အမှန်တိုင်း ဝန်ခံရရင် အရမ်းလန့်သွားမိတယ်။ ဟေတီ ငလျင်ဖြစ်ပြီးတာ ဘာကြာသေးလို့လဲ။ အခုတစ်ခေါက် ထပ်ပြီး ငလျင်လှုပ်ပြန်ပြီဆိုတော့ ဆက်တိုက်ဆိုသလို ဖြစ်နေပြီပဲ။ ငလျင်လှုပ်လိုက်တာနဲ့ မပြီးသေးပဲ Japan မှာ ဆူနာမီ alert ဖြစ်လို့ ချက်ခြင်း လူ ၃ သိန်းကျော် နေရာရွေ့ပြောင်းခဲ့ရတယ်။ အရင်တုန်းက သဘာဝ ဘေးအန္တာရယ် တစ်ခုပြီးတစ်ခု ကပ်ဆိုက်တာ မြန်လာ သလိုပဲ။ နည်းပညာတွေ တစ်ခုပြီး တစ်ခု အရင်တုန်းကထက် ပြောင်းလဲနှုန်း…

  • ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့

  • ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက်…