saturngod

  • Google Drive က 15GB ပြည့်သွားလို့ အသစ် 100 GB ကို ဝယ်လိုက်တယ်။ ၁ နှစ်စာ ဝယ်ရင် ပိုဈေးသက်သာမယ် ဆိုတာနဲ့ တစ်နှစ်စာ ဝယ်မိလိုက်တယ်။ ပြဿနာ က ဝယ်ပြီးနောက်ပိုင်း Scanning Files ကနေ မတက်လာတော့တာပဲ။ Google Product Forum , Twitter စတာတွေမှာ မေးပေမယ့် နောက်ဆုံး အဖြေက Google App free user ဖြစ်နေလို့ support မရနိုင်ဘူးပဲ ဖြစ်သွားတယ်။ ဖြစ်တာက ကျွန်တော် တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်း နီးပါး ဖြစ်တာပဲ။ Backup And Sync from Google စသုံး ကတည်းက ပြဿနာ ဖြစ်တာ။  Google က ပေးသည့် အကြံတွေက အကုန်ဖျက်ပြီး အစကနေ ပြန်သွင်း restart ချ logout…

  • WWDC 2018

    ဒီနှစ်မှာတော့ ကြီးကြီးမားမား ဘာမှ ကြေငြာသွားတာ မရှိပါဘူး။ platform update အနေနဲ့ iOS 12 , watchOS 5, macOS Majave နှင့် tvOS အသစ် တို့ကို မိတ်ဆက်သွားပါတယ်။ WWDC App မှာ keynote ကို replay ပြန်ကြည့်လို့ ရပါပြီ။ အခြား videos တွေ လည်း ကြည့်နိုင်ပါတယ်။ Developer တွေ အနေနဲ့ Platforms State of Union ကိုလည်း ကြည့်သင့်ပါတယ်။ အဓိက ကြေငြာသွားတာတွေက iOS မရှိသည့် သူတွေ အနေနဲ့ website မှာ ကြည့်နိုင်ပါတယ်။ iOS 12 မှာ ARKit…

  • အခု ရက်ပိုင်း MPU နဲ့ တော်တော်လေးကို အဆင်မပြေဖြစ်တယ်။ unique မှာ သွားဝယ်တိုင်း အမြဲလိုလို လိုင်းကြနေတော့ သီးသန့် ATM ဆီသွားရတယ်။ laptop ဝယ်ဖို့ ၁၀ သိန်းကျော်သည့် အခါမှာ ညနေ ဆိုတော့ ဘဏ် ပိတ်တာရယ် နောက်ပြီး ဘဏ်မှာ မစောင့် ချင်တာကြောင့် ၂ ရက် ခွဲထုတ်ရတယ်။ တကယ်ကို အဆင်မပြေတာ အမှန်ပဲ။ ကျွန်တော် နားမလည်နိုင်တာက MPU POS က ဘာလို့အမြဲ လိုလို လိုင်းကျနေသလဲဆိုသည့် အချက်ပဲ။ အရင်က dial up သုံးသည့် အတွက်ကြောင့် နှေးတယ် အဆင်မပြေဘူး။ အခု 4G sim card တွေ ပါသည့်…

  • MYSTERY ZILLION ကို unicode ကနေ ဇော်ဂျီ ပြန်ပြောင်းလိုက်တယ်။ အဓိက unicode သုံးလိုက်ပြီး နောက်ပိုင်းမှာ ဇော်ဂျီ အသုံးပြုကြသည့် သူတွေအနေနဲ့ သိပ်အဆင်မပြေတာကြောင့်လည်း အမေးအဖြေတွေဟာ မရှိသလောက် ဖြစ်သွားတာလည်း ပါတယ်။ နောက်ပြီး data အဟောင်းတွေကို archive.mysteryzillion.org မှာ ထားခဲ့ပြီး အကုန်လုံး data အသစ် နဲ့ ပြန်စဖို့ ဆုံးဖြတ်လိုက်တာကြောင့် junior တွေ အသုံးများဖို့လိုတယ်။ အဓိက junior တွေကို အရင် ကလို မေးဖို့နေရာ တစ်ခု ပြန်ဖန်တီးပေး ဖို့ လိုအပ်တယ်လို့ မြင်မိတယ်။ Facebook မှာ ရှိတယ် ဆိုပေမယ့် group တွေများနေသလို forum သဘောသဘာဝ မဟုတ်သည့် အတွက်ကြောင့်…

  • Laravel မှာ asset ကို သုံးသည့် အခါမှာ အဓိက ပြဿနာက https ဆိုရင် အကုန်အလုပ်မလုပ်တော့တာပဲ။ ဒါကြောင့် https ကို support ဖြစ်အောင် အောက်ကလို ပြင်လို့ရပါတယ်။ ပထမဆုံး .env မှာ HTTPS = true ဆိုပြီး ထည့်လိုက်ပါ။ app/Providers/AppServiceProvider.php က boot မှာ URL::forceScheme('https'); ကို ထည့်ဖို့ လိုပါတယ်။ public function boot() { if (env('HTTPS')) { URL::forceScheme('https'); } } ဒါဆိုရင် .env မှာ HTTPS ကို true ဖြစ်ရင် https ကို သုံးပြီးတော့ မဟုတ်ခဲ့ရင်တော့…

  • ဝတ္ထု မဖတ်ဖြစ်တာ ၁ နှစ်ကျော်ခဲ့ပြီ။ ဖတ်မယ်ဆိုပြီး ဝယ်ထားသည့် Inferno ကို ဒီနေ့မှ ဖတ်လို့ ပြီးသွားတယ်။ တော်တော် အရသာ ရှိသွားတာ အမှန်ပဲ။ Inferno ကို ရုပ်ရှင်ကြည့်တုန်းက သဘောမကျ လှဘူး။ ဝတ္ထုဖတ်မှ ပဲ သဘောကျမိတော့တယ်။ Dan Brown ရေးသည့် စာတွေကတော့ ထွေထွေထူးထူး ပြောဖို့ မလိုပါဘူး။ ဖတ်ဖူးသည့် သူတိုင်း သိပါလိမ့်မယ်။ အစပိုင်းက ပျင်းဖို့ ကောင်းပေမယ့် တဝက်ကျော်လောက် ရောက်တော့ စာအုပ်ကို မချနိုင်လောက်အောင် တောက်လျှောက် ဖတ်ဖြစ်မိတယ်။ ရုပ်ရှင်ဟာ ဝတ္ထုရဲ့ မှီငြမ်းထားပြီးတော့ ပြင်ထားတာတွေ ပါတယ်။ ဇာတ်သိမ်းပိုင်းက လုံးဝ ကို ကွာခြားသွားတယ်။ ဝတ္ထုက ဖြစ်သင့်သည့် ဇာတ်သိမ်းပိုင်း တစ်ခုကို…

  • ရန်ကုန်ပြန်ရောက်ပြီး ကိုယ်ပိုင် လုပ်ငန်းစလုပ်တော့ အဓိက ပြဿနာက အလုပ်မှာ လိုအပ်သည့် နေရာတွေ အတွက် လူခန့် ဖို့ ခက်သည့် ပြဿနာ ကို ကြုံရတယ်။ ကျွန်တော်တို့ company မှ မဟုတ်ပါဘူး။ ရန်ကုန်က နေရာတိုင်း နီးပါးမှာ လိုချင်သည့် လူ မရဘူး ဆိုတာကို ကြားနေရတယ်။ ကျွန်တော်တို့ company ကို junior တွေ အလုပ်လျှောက်ကြပါတယ်။ သို့ပေမယ့် အတွေ့အကြုံ လုံးဝ မရှိသေးဘူးသည့် သူတွေကို အချိန်ပေးပြီး မသင်ပေးနိုင်ပါဘူး။ startup တွေ အနေနဲ့ junior developers တွေကို အချိန်ပေးပြီး သင်မပေးနိုင်ကြပါဘူး။   လုပ်ငန်းအတွေ့အကြုံ လုပ်ငန်း အတွေ့အကြုံဆိုတာကတော့ ဘယ် company မှာ…

  • PHP 7 မှာ mcrypt ကို သုံးလို့ မရတော့ပါဘူး။ mcrypt အစား openssl_encrypt, openssl_decrypt ကို ပြောင်းသုံးဖို့ လိုပါတယ်။ သို့ပေမယ့် mcrypt နဲ့ encrypt လုပ်ထားတာတွေကို openssl_decrypt နဲ့ ပြန်ဖြည်ရင် အဆင်မပြေ သလို openssl_encrypt နဲ့ လုပ်ထားရင် mcrypt_decrypt နဲ့ ပြန်ဖြည်ရင် လွဲနေတာတွေ ရှိပါတယ်။ အဓိကကတော့ padding ပုံစံ ကွာသွားလို့ပါ။ ဒါကြောင့် system အဟောင်းတွေ မှာ အဆင်ပြေအောင် မူရင်း စာ ကို padding ထပ်ဖြည့်ပေးဖို့လိုပါတယ်။   <?php function aes_128_encrypt($message,$key,$iv) { $message_padded = $message; if…