saturngod

  • စာအုပ်ထုတ်ဖို့ လုပ်နေပေမယ့် အခုထက်ထိ လေ့ကျင့်ခန်းတွေရဲ့ အဖြေတွေထည့်ဖို့ ကျန်သေးလို့ မထုတ်ဖြစ်သေးဘူး။ အခု အကြမ်း version ကို ဖတ်ချင်သည့်သူတွေ အနေနဲ့ အောက်က link မှာ download ချနိုင်ပါတယ်။ http://jmp.sh/nn48Gae လိုအပ်တာတွေ နားမလည်တာတွေ ရှိရင် https://github.com/saturngod/programming_basic_qa/issues မှာ မေးမြန်းနိုင်ပါတယ်။

  • Docker ကို သိတာကတော့ ကြာပြီ။ သုံးဖြစ်လိုက်။ မသုံးဖြစ်လိုက်နဲ့ ၊ သေသေချာချာ မသုံးဖြစ်မိဘူး။ အခုလတ်တလော လုပ်နေသည့် project တစ်ခုက python 2.7 နဲ့ ရေးရမယ်။ C++ code တွေ compile လုပ်ရမှာတွေ ရှိတော့ linux ကို မဖြစ်မနေ သုံးပြီး ရေးမှရမယ့် သဘောဖြစ်လာတယ်။ လက်ရှိ mac မှာ setup လုပ်ရင် ရပေမယ့် မလိုအပ်တာတွေ အများကြီး သွင်းရမှာစိုးလို့ docker ကို မဖြစ်မနေ သုံးဖြစ်တယ်။ Virtual Machine နဲ့မရဘူးလား ဆိုတော့ ရပေမယ့် hard disk space က နေရာ အများကြီးပေးရတယ်။ Machine တစ်ခု…

  • ၂၀၁၈ ထဲရောက်လို့ ဖေဖော်ဝါရီတောင် ရောက်ပြီ။ နှစ်စ ကတည်းက အလုပ်ရှုပ်နေတာနှင့် အခုမှ ၂၀၁၇ မှာ ဘာတွေလုပ်ခဲ့လဲ ဘာတွေ ပြီးခဲ့လဲဆိုတာကို ပြန်ချရေးဖို့ အချိန်ရှိတော့တယ်။ ၂၀၁၆ အကုန်မှာ မြန်မာနိုင်ငံ ပြန်ရောက်ပြီး ယောင်ချာချာ ဖြစ်နေပေမယ့် ၂၀၁၇ မှာ ကိုယ်ပိုင် startup သေးသေးလေး စဖြစ်ခဲ့တယ်။ ၂၀၁၇ ၁ နှစ်လုံးက ဘဝ အတွက် သင်ခန်းစာတွေ အများကြီး ရခဲ့သည့် နှစ်ပဲ။ အထူးသဖြင့် သား ကို ၂၀၁၇ နှစ်စ မှာ မွေးခဲ့တော့ ၁ နှစ်လုံး သားရယ် အလုပ်ရယ် နှင့်ပဲ အချိန်တွေက အတော်လေးကို ကုန်သွားတယ်။ ၁ နှစ်ကုန်သွားလို့ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲလို့…

  • English နံပတ်တွေကို မြန်မာ နံပတ် ပြောင်းတာ swift နဲ့ ရေးကြည့်ပြီးတော့ kotlin အတွက် ပြန်ပြီး ရေးကြည့်ပါတယ်။ Kotlin နဲ့က ပိုရှင်းပြီး လွယ်တယ်။ အထူးသဖြင့် character ကို unicode number ပြောင်းရတာ အရမ်းကို ရှင်းပါတယ်။ fun getMMNumber(eng: String): String { try { eng.toDouble() //it's digit var mm = "" eng.toCharArray().map { char -> if (char.toInt() >= 48 && char.toInt() <= 57) char.toInt() + 4112 else char.toInt()…

  • English နံပတ်ကနေ မြန်မာ နံပတ်ကို ပြန်ပြောင်းဖို့အတွက် အတိုဆုံး ပုံစံ နဲ့ ဘယ်လို ရေးလို့ ရမလဲဆိုပြီး စမ်းကြည့်ထားတာပါ။ Code var eng = 890 var k = "\(eng)".map { UnicodeScalar(String($0))!.value + 4112 }.reduce("") { "\($0)\(String(Character(UnicodeScalar($1)!)))" } print(k) Swift မှာ အဆင်ပြေတာက reduce က ပထမဆုံး အခန်းကနေ စတယ်။ reduce("") ဖြစ်သည့်အတွက် previous value က empty string ပဲဖြစ်နေသေးတယ်။ အကယ်၍ အနှုတ် ၊ဒဿမ တွေ ပါလာရင်တော့ var k = "\(eng)".map…

  • Blog ရေးလာတာ ၁၁ နှစ်တောင် ရှိခဲ့ပြီ။ နှစ်တိုင်းလည်း ကျွန်တော် blog စရေးဖြစ်ခဲ့သည့် အကြောင်းလေးတွေ ရေးတတ်တယ်။ အခုအချိန်မှာ blog ဆိုတာ facebook ပေါ်က post တစ်ခုလောက်တောင် လူတွေ မသိကျသည့် အချိန်ပါ။ သို့ပေမယ့် facebook post တွေထက် ကျွန်တော့် blog posts တွေကို ပိုတန်ဖိုးထားတယ်။ ဒီ ၁၁ နှစ်ကာလအတွင်းမှာ ကျွန်တော် ဘာတွေ လုပ်ခဲ့တယ် ဘာတွေကို စိတ်ဝင်စားခဲ့တယ်။ ဘာတွေကို လေ့လာခဲ့တယ် ဆိုတာတွေ အကုန်လုံးဟာ ကျွန်တော့် blog ပေါ်မှာ ရှိနေတယ်။ တစ်ခြားလူတွေ အတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေမယ့် ကျွန်တော့် ဘဝ သမိုင်းကြောင်းကတော့ ကျွန်တော် ရေးသားခဲ့သည့်…

  • Map Reduce ကို ပထမဆုံး သိခဲ့တာကတော့ Mongodb မှာပါ။ သို့ပေမယ့် အစိမ်းသပ်သပ်ကြီး ဖြစ်နေသည့် အတွက်ကြောင့် ချက်ခြင်း နားမလည်ခဲ့ဘူး။ နောက်ပြီး ဘယ်လို အသုံးပြုရမလဲဆိုသည့် Logic လည်း မရှိခဲ့ဘူး။ Map Reduce ဆိုပေမယ့် အများအားဖြင့် filter , map , reduce ဆိုပြီး တွဲသုံးကြတာ များပါတယ်။ Map Reduce ကို နားလည်လွယ်ဆုံး ပုံစံကတော့ ကျွန်တော်တို့မှာ ရှိသည့် data တွေကို လိုချင်သည့် ပုံစံရအောင် map လုပ်ပါတယ်။ ပြီးရင် data တွေ အကုန်လုံးကို ပေါင်းလိုက်ပြီးတော့ နောက်ဆုံး တကယ်ရလိုသည့် result ကို ထုတ်ပါတယ်။ ကျွန်တော်တို့…

  • ရန်ကုန်ပြန်လာချင်တယ်။ Startup လုပ်ရင် ကောင်းမလား ? Startup လုပ်ချင်ဆိုရင်တော့ လုပ်ရင် ကောင်းမလား ဆိုတာထက် လုပ်ကြည့်လိုက်ပါ။ မလုပ်ဘူးရင် သူများပြောတာတွေ နားထောင် စာဖတ်တာနဲ့ ပဲ အချိန်ကုန်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ် ယုံကြည်မှုရှိတယ် စာတွေ့ နဲ့ လက်တွေ့ ပေါင်း ကြည့်မှပဲ သိလိမ့်မယ်။ မိသားစုကို ထောက်ပံ့နေရလား ? မိသားစု ကို ထောက်ပံ့နေရတယ်ဆိုရင်တော့ Startup လုပ်မယ်ဆိုရင်တော့ စဉ်းစားစေချင်တယ်။ Startup လုပ်မယ်ဆိုရင်တော့ အနည်းဆုံး ၃ နှစ်လောက် ထိ မိသားစုကို ပြန်ပြီး ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိသားစုကို ထောက်ပံ့ နေရသည့် သူတွေက အခြားသူတွေ အတွက် risk ပိုများပါတယ်။ ဖြစ်နိုင်ရင် မလုပ်စေချင်ဘူး။…