saturngod
-
ကျွန်တော်တို့ COMQUAS ရုံးမှာ programming ပွဲမှာ မေးခဲ့သည့် ပုစ္ဆာ တစ်ခုပါ။ ယုန် နှင့် ကြက် စုစုပေါင်း ခေါင်း ၃၅ ခေါင်း နှင့် ခြေ ၉၄ ချောင်း ရှိတယ်။ ယုန် ဘယ်နှစ်ကောင်လဲ။ ကြက် ဘယ်နှစ်ကောင်လဲ။ နောက်ပြီး error handling ပါ ထည့်သွင်းဖို့ လိုပါတယ်။ code မရေးခင်မှာ equation တွက် ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ယုန် ဘယ်နှစ်ကောင် ကြက် ဘယ်နှစ် ကောင် အတွက် equation ထွက်လာပါပြီ။ Error handling အတွက် result က အနှုတ် ဖြစ်လို့ မရပါဘူး။ နောက်ပြီးတော့ စားသည့်…
-
Basecamp မှာ အဓိက ပြဿနာက tasks list အကုန်လုံးကို တစ်နေရာတည်းမှာ ကြည့်မရတာပဲ။ ဒါပေမယ့် API အပြည့်အစုံပေးထားတော့ ကိုယ့်ဘာသာကိုယ် python နဲ့ ရေးပြီး ထုတ်လိုက်တယ်။ Basecamp API မှာ ပြဿနာ နောက်တစ်ခုက အဆင့်ဆင့် ထုတ်နေရတာပဲ။ Projects အားလုံးထဲက todo setname ကို ရှာရတယ်။ setname ကနေ တဆင့် todo sets ကို ယူရတယ်။ ပြီးမှ todo တွေကို ဆွဲထုတ်လို့ရတယ်။ code ကတော့ ခက်ခက်ခဲခဲ မဟုတ်ပေမယ့် API ကို နားလည်အောင် အချိန်ပေးပြီး ဖတ်လိုက်ရတယ်။ https://github.com/saturngod/basecamp3-getall-incomplete-todo မှာ ကျွန်တော် code ကို တင်ထားပါတယ်။…
-
လူထု ဒေါ်အမာ ဘာသာပြန်ပြီး ရေးထားသည့် စာအုပ်လေး တစ်အုပ်ပါ။ နေရူး အကြောင်း ကို ဦးနုရဲ့ တာတေ စနေသား ဖတ်ပြီး ကတည်း ဖတ်ကြည့်ချင်ခဲ့တယ်။ နေရူးဟာ ဘယ်လိုမျိုးလူလဲ ဆိုတာ ဦးနု ပြောတာ တစ်ခုတည်းနဲ့ မယုံကြည်ချင်တာလည်း ပါတယ်။ ဒီစာအုပ်ဟာ ဝယ်ထားတာကြာပေမယ့် ရှေ့မှာ စာအုပ် ၂ အုပ် ခံသွားလို့ အခုမှ ဖတ်ဖြစ်တယ်။ ပါးပါးလေးပဲ။ ၁ ရက် ပဲ ကြာတယ်။ စာတွေ အများကြီးထဲမှာ စာ ၂၁ စောင်ထဲပဲ ပါလို့ အားမရ မိတာ အမှန်ပဲ။ စာတွေ ဖတ်ကြည့်လိုက်တိုင်း သမီးပေါ်မှာထားသည့် အချစ် နှင့် နိုင်ငံပေါ်မှာ ထားသည့် စိတ်ကို မြင်ရတယ်။ တကယ်ကို လေးစားဖို့ ကောင်းသည် ။ သူ့စာတွေ ဖတ်ကြည့်လိုက်တော့ ပညာတတ်တယ်။ အင်္ဂလိပ်ကို မုန်းတာ မဟုတ်ဘူး။…
-
Remote , ReWork , Getting Real စသည့် စာအုပ်တွေကို ဖတ်ထားတော့ basecamp က နောက်ထပ် ထုတ်သည့် It Doesn’t Have to Be Crazy at Work ကိုလည်း မထွက်ခင် ကတည်းက pre order လုပ်ထားဖြစ်တယ်။ စာမျက်နှာ ၂၄၀ ပဲရှိပြီး အပိုင်း လေးတွေ နဲ့ ဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ မြန်မြန်ဆန်ဆန် နဲ့ ပဲဖတ်လို့ ပြီးသွားတယ်။ Basecamp က CEO ဟာ ၁၉ နှစ်တာ ကာလ အတွင်း သူကြုံခဲ့ရသည့် ပြဿနာတွေကို အခြေခံပြီးတော့ ဖြေရှင်း နည်းလေးတွေ ကို…
-
Regular Expression ကို စသိခဲ့တုန်းက email validation မှာ စသိခဲ့တယ်။ Regular Expression ကို သေသေချာချာ နားမလည်ခဲ့ဘူး။ နားလည်အောင် လုပ်ဖို့လည်း သိပ်ပြီး မလွယ်လှဘူး။ Programming စာအုပ်တော်တော်များများ သင်တန်းတော်တော်များများမှာ regular expression ကို သီးသန့် အနေနဲ့ ပါဝင်တာ အတော်ရှားပါတယ်။ MZ forum ကို ပြောင်းဖို့ Zawgyi to Unicode converter စရေးတော့ regular expression က မဖြစ်မနေ လိုအပ်လာတယ်။ အဲဒီအချိန်က စပြီး regular expression ကို သဘောကျမိခဲ့တယ်။ Swift နဲ့ Markdown Editor တစ်ခု အတွက် syntax highlighter…
-
Poco F1 က နာမည်ကြီးနေတာနဲ့ win mobile မှာ ရောက်ရောက်ခြင်းပဲ ဝယ်ဖြစ်တယ်။ Performace နှင့် battery ကတော့ ပြောစရာ မရှိဘူး။ သုံးရတာ နှေးသွားတာ ဟန်းသွားတာ မရှိဘူး။ MIUI ကို poco f1 အတွက် ပြန်ပြင်ထားပေးသည့် အတွက် အဆင်ပြေတယ်။ Launcher ကိုတော့ အတော်သဘောကျတယ်။ MIUI ထက် အများကြီး ပေါ့တယ်။ မကြိုက်သည့် အချက်တွေ ကတော့ ရှိတယ်။ Plastic Body Body က ပလပ်စတစ် ဖြစ်နေသည့် အတွက် ခပ်ပေါပေါ လို ထင်မိတယ်။ A2 တောင် အလူမီနီယံ နဲ့ ဆိုတော့ F1 က ဈေးလျော့လို့ ရအောင် ဝိတ်လျော့ထားတယ်လို့ ထင်တယ်။ NO OLED (or AMOLED)…
-
ကျွန်တော်တို့တွေ အနေနဲ့ file storage အတွက် သီးသန့် server အစား amazon s3 ကို အသုံးပြုကြပါတယ်။ Digital Ocean က s3 အတိုင်း Digital Ocean Space ဆိုတာ ထုတ်ထားပါတယ်။ s3 နဲ့ api အတူတူပဲ ဖြစ်ပြီးတော့ end point ပဲ ကွာပါတယ်။ Create Space Space ကို ဆောက်ဖို့ အတွက် Digital Ocean ကို Login ဝင်ပါ။ Create a Space ကို နှိပ်ပါ။ Region ကို ရွေးပါ။ ကျွန်တော်ကတော့ Singapore ပဲ ရွေးပါတယ်။ Allow file listing မှာတော့ Restrict File…
-
Scalability ဆိုတာကတော့ လက်ရှိ ရှိနေသည့် system ကို scale လုပ်လို့ရအောင် လုပ်ထား တယ်လို့ ဆိုနိုင်ပါတယ်။ Scale လုပ်တယ်ဆိုတာက လက်ရှိ လူ ၁၀ ယောက်လောက် သုံးနေချိန်မှာ server အသေးပဲ လိုပေမယ့် လူ အယောက် ၁ သန်း သုံးသည့် အချိန်မှာတော့ လက်ရှိ server နဲ့မရတော့ပါဘူး။ Horizontal Scale , Vertical Scale Scaling လုပ်သည့် အပိုင်းမှာ ၂ မျိုး ရှိပါတယ်။ Horizontal လုပ်မလား Vertical လုပ်မလား ဆိုပြီး ရှိပါတယ်။ Vertical ကတော့ လက်ရှိ ရှိနေသည့် server spec ကို တိုးလိုက်တာပါ။…
