saturngod
-
Linux မှာ zip လုပ်လိုလျှင် zip -r zipfile.zip myfile.txt ပြန်ဖြည်ချင်လျှင် unzip zipfile.zip Tar အသုံးပြုလိုလျှင် tar cvf alldocs.tar *.doc Folder တစ်ခုလုံးကို tar cvf panda.tar panda/ ဖြည်လိုလျှင်တော့ tar xvf panda.tar Tar.Gz ဆိုလျှင် tar cvzf alldocs.tar.gz *.doc ဖြည်မယ်ဆိုလျှင် tar xvf panda.tar.gz
-
မီးပျက်တယ်… ပျက်ချိန်မှာ အချိန်မှန်ပျက်တယ်.. လာချိန်မှာလည်း ပျက်တယ်… အမြဲတန်းပျက်တယ်… ရုပ်ရှင်ကြည့်မရဘူး.. မီးစက် အမြဲဖွင့်နေရတယ်… ညဘက် အမှောင်ထဲနေရတယ်…. ညဆို အမြဲ ပူလောင် အိုက်စွာ အိပ်ရတယ်… အဲ… မနှစ်ကလည်း ဒီအတိုင်းပဲ… ဒီနှစ်လည်း ဒီအတိုင်းပါပဲ… မထူးပါဘူးလေ…
-
မြန်မာစာတွေ ရှာဖို့အတွက် Search Theory လေး စဉ်းစားကြည့်ရအောင်.. ကျွန်တော်လက်ရှိကတော့ ဇော်ဂျီနဲ့ပဲ စဉ်းစားထားတယ်.. ဘာလို့လည်းဆိုတော့ လက်ရှိ website တွေအားလုံးက ဇော်ဂျီကို အသုံးပြုနေလို့ပါ… ဇော်ဂျီမှာ ပြသနာရှိတယ်… အဲဒါကတော့ က ိ ု နဲ့ က ု ိ မတူတာပဲ.. သူ့မှာ rendering မပါဘူး.. ဒါကြောင့် ပြသနာဖြစ်နေတာ ( Unicode 5.1 မှာတော့ ဒီပြဿနာတွေ မရှိဘူး…. ) ဒါကြောင့် ဇော်ဂျီမှာ က ိ ု နဲ့ က ု ိ ရှာရင် ရတဲ့ result မတူဘူး… လက်ရှိ google မှာ ရှာရင်တောင်…
-
လူတစ်ကိုယ်စာတစ်မျိုးဆိုတာ တကယ်ပဲဗျ… တစ်ယောက်တစ်မျိုးရေးကြတာပဲဗျ.. normalization လုပ်လိုက်တော့မှ သိတော့တယ်။ အတတ်နိုင်ဆုံး reduce လုပ်ထားတယ်။ အခုတော့ pattern 51 မျိုးနဲ့ ရသွားတယ်။ အားလုံး အိုကေတယ်ဆိုရင်တော့ ornagai.com မှာ သုံးတော့မယ်။ www.ornagai.com/zgnor မှာ တချက်လောက် စစ်ပေးပါ။ တချို့တွေက U(–့) နဲ့ မရေးပဲနဲ့ Space Y(–့) နဲ့ရေးကြတယ်။ တချို့တွေက ေ space ဖြစ်ပါနေတတ်တယ်။ တော်တော်များများကို fixed လုပ်ထားပါတယ်။
-
Zawgyi Normalization နဲ့ syllable breaking ကို ဒီနေ့တော့ RC version လေးပြီးသွားတယ်။ အံဩဖွယ်ရာကောင်းတာက ကျွန်တော် အများကြီးရေးထားတဲ့ pattern တွေကို ၁၀ ကြောင်းတည်းနဲ့ ရေးလို့ရသွားတာပဲ။ ကိုယ့်အချိန်တွေတောင် ကိုယ်နှမြောတယ်။ အတွေ့အကြုံဆိုတာက လက်တွေ့ကနေ ရယူရတာပဲ။ အတွေ့အကြုံရှိမှပဲ လုပ်ရ ကိုက်ရတာ မြန်မှာ။ အခု စုစုပေါင်း pattern 51 ခုနဲ့ ပြီးသွားတယ်။ အမှန်တိုင်းဆိုရင် ပိသာ = ပိဿာ ပြသနာ = ပြဿနာ ရေ=ရေ ရာ=ရာ ရွ=ရွ စတာတွေ ထပ်ဖြည့်ထားတာကြောင့်လည်း ပါတယ်။
-
အစကတော့ syllable breaking လုပ်ရတာ တော်တော်လေးမူးနောက်နေတာပဲ။ ဟော… အခုတော့ လွယ်လိုက်တာမှ ဖြစ်ခြင်း။ ယုံမလား မသိဘူး။ pattern 10 ခုနဲ့တင် ပြီးသွားတယ်။ အစက အခု ၃၀ လောက်ကနေ အခု ၁၀ ခုနဲ့တင်ပြီးသွားတော့ တော်တော်တောင် အံဩမိတယ်။ အော်.. တော်တော် ညံ့တဲ့ငါပါလားလို့…. အခုတော့ အရင်ထက် မြန်သွားပြီ။ နောက်ပြီး –ဲ|–ံ|–ိ|–ီ|–့|–့ စတာတွေကို duplicat ဖြစ်နေရင် ဖျက်ပေးတယ်။ နောက်ပြီးတော့ –ု|–ူ|–ှ|–ှု စတာတေ ရောနေရင် နောက်ဆုံး ရိုက်ထားတာ ယူလိုက်တယ်။ duplication ဖြစ်နေရင်လည်း ဖျက်ပြီး တစ်ခုပဲ ယူတယ်။ တော်တော်လေးကို ကောင်းမွန်လာပြီ။ ခက်တာက စမ်းရတာ အားမရသေးဘူး။ ထပ်ပြီးတော့ စမ်းအုံးမယ်။…
-
နောက်ဆုံးတော့ google လည်း OS လောကထဲ တိုးဝင်လာပါပြီ။ Netbooks တွေအတွက် MS က Windows 7 Starter Edition စီစဉ်ထားပေမယ့် google ကတော့ $100 ကနေ $200 ကြား Netbooks ထုတ်ချလိုက်ပါပြီ။ Mac ကလည်း Netbooks ထုတ်ဖို့ ပြင်ဆင်နေတယ်လို့တော့ ဖတ်လိုက်ရပါတယ်။ Free & Opensource ဖြစ်တဲ့ Android က handphone သာမဟုတ်တော့ဘူး အခု netbooks လောကထဲပါ တိုးဝင်လာပြီဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပြီ။
-
အကြမ်းတော့ ပြီးသွားပြီ။ မလိုအပ်တာတွေဖြည် လိုအပ်တာတွေ ပြန်ပေါင်းဖို့ လိုသေးတယ်။ pattern ကတော့ ၈၄ ခုရှိတယ်။ normalization လည်းပြီး syllable break လည်းအပြီးပေါ့။ ၈၄ ခုထက် နည်းသွားဖို့ အလားအလာတေရွှိတယ်။ လက်ရှိက နဲ့လုပ်ထားတယ်။ 0width space ပြောင်းလိုက်ရင်တော့ အဆင်ပြေပြီ ထင်တာပဲ။ ပြီးရင်တော့ အရင်ဆုံး ကိုယ့် blog ကို ကိုယ် စမ်းပြီး သုံးကြည့်ရမယ်။ အဲ… local မှာပဲ စမ်းမှာနော်။ ပြီးရင်တော့ plugin လေးရေးကြည့်အုံးမှပဲ…. http://www.ornagai.com/zgnor/index.php | တွေကို 0 width space နဲ့ အစားထိုးလိုက်ပေါ့။ အခု post မှာ 0 width space…
