saturngod

  • ကဲ… offline စာအုပ်တော့ မထွက်လာဖြစ်ပေမယ့် online စာအုပ်လေးတော့ ထွက်ရှိလာပါပြီ ဒီမှာ ယူလို့ရပြီနော်။

  • Personal Computer Magazine မှာရေးပြီးသားပါ။ အဲဒီ file လေးကို အခု pdf version နဲ့ ပြန်ထုတ်လိုက်ပါတယ်။ ဒီမှာယူလိုက်ပါ။

  • ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။

  • MZ က ကိုတက်ပြောလို့ အပြေးလေးနဲ့ အဲကို သွားကြည့်လိုက်တာ firefox chrome theme လေးကို ရွေးမိလိုက်ပါတယ်။

  • အခုနောက်ပိုင်း virus တော်တော်များများက system hidden ပါလုပ်လာကြတယ်။ အရင်တုန်းကလို hidden တစ်ခုထဲလုပ်လာတာမဟုတ်တော့ဘူး။ system hidden လုပ်တော့ သာမန် user တွေဆိုရင်တော့ right click -> Hidden ကိုပြန်ဖော်လို့မရဘူးလေ။ ကျွန်တော့်အတွက်တော့ အခက်ကြီးမဟုတ်ဘူး။ ဒီနေ့ပဲ မိတ်ဆွေတစ်ယောက် သူ့ folder တွေပျောက်ကုန်ပါတယ်ဆိုပြီး သူ့ stick ကိုကြည့်လိုက်တော့ system hidden တွေ။ folder တွေကတော့ အများကြီးတော့ မဟုတ်ပါဘူး။ ၅ ခုလောက်ပဲ။ ဒါနဲ့ bat file လေးကို အခုလိုရေးလိုက်တယ်။ Pro ကျကျတော့မဟုတ်ဘူး။ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နည်းလေးပေါ့။

  • ကျွန်တော်လည်း Chrome အကြောင်းကြီးပဲ ပြောပြောဖြစ်နေတယ်။ အခုလည်း ထပ်ပြောလိုက်အုံးမယ်။ Chrome မှာပါတဲ့ about အကြောင်းလေးတွေပေါ့။ Firefox မှာတုန်းကတော့ address bar မှာ about:config နဲ့သွားပြီး font တွေပြင်ခဲ့တာ မှတ်မိမှာပါ။ အခုလည်း Google Chrome မှာ about: တွေပါပါတယ်။ ရှိတဲ့ about တွေကတော့ * about:memory * about:stats * about:network * about:internets * about:histograms * about:dns * about:cache * about:plugins * about:version စတာတွေပါ။

  • ဒီမှာ ယူနိုင်ပါတယ်။

  • ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )