saturngod
-
ကျွန်တော်တော့ အခုတလော အကြိုက်ဆုံး application ကိုပြောပါဆိုရင်တော့ zoho ဆိုတာလေးကိုပြောဖြစ်မယ်ထင်တယ်။ သူက web application လေးပါပဲ။ သူက office suite ဆိုရင် ပိုမှန်မယ်ဗျ။ ကျွန်တော်ကတော့ zoho ကို အခုတလော document sharing , စာရင်း sharing တွေအတွက်အပြင် သူငယ်ချင်းတွေရဲ့ computer ထဲဝင်ပြီး ကလိကြည့်တာတွေအတွက်ပါ အသုံးပြုတယ်။ Google သမားတွေကတော့ Google doc ကိုအသုံးပြုကောင်းပြုလိမ့်မယ်။ ကျွန်တော်ကတော့ zoho ပဲ အသုံးဖြစ်သွားတယ်။ ကျွန်တော် google doc ကို အရင်အသုံးပြုနေကြပါ။ zoho ဆိုတဲ့ site လေးကို ဘယ်လိုတွေ့ရှိသွားတယ်ဆိုတာတောင် မမှတ်မိတော့ဘူးဗျ။ wikipedia ကလို့ ထင်ပေမယ့် သူ့မှာ…
-
google ကို ရည်ညွှန်းရမယ်လို့ ကျွန်တော် မပြောထားဘူး။ ကျွန်တော်ဆိုလိုတာကတော့ ဘယ် website လိပ်စာမှာ ရှိတယ်။ သွားကြည့်လိုက်လို့ ရေးထားပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေ ကြာလေလေ english စာ ညံ့လေလေ မဖြစ်စေချင်လို့ပါ။ နောက်ပြီး သူများကို အရမ်းမှီခိုသွားလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင် ဦးစားပေးမယ်။ လမ်းမလျှောက်တတ်ခင် လမ်းလျှောက်တတ်အောင် သင်ပေးမယ်။ လမ်းလျှောက်တတ်လာရင်တော့ ကိုယ့်ဘာသာကိုယ်ကြိုးစားလျှောက်ပေါ့။ ကိုယ့်မှာလည်း အစွမ်းအစရှိရဲ့နဲ့ ပျောက်ကွယ်နေတာကိုတော့ အားမပေးချင်ဘူး။ google ထဲမှာ ရှာရခက်တယ်။ မှန်တယ်။ မရှာတတ်လို့ ရှာရခက်တာပါ။ MZ မှာ ကျွန်တော်ပြောထားတာက ရှာတွေ့တဲ့ Link လေးကို ပေးဖို့ပါ။ သွား google မှာ သွားရှာလို့ ဘယ် member မှလည်း မရေးထားပါဘူး။ ရေးခွင့်လည်း…
-
ကဲ… offline စာအုပ်တော့ မထွက်လာဖြစ်ပေမယ့် online စာအုပ်လေးတော့ ထွက်ရှိလာပါပြီ ဒီမှာ ယူလို့ရပြီနော်။
-
Personal Computer Magazine မှာရေးပြီးသားပါ။ အဲဒီ file လေးကို အခု pdf version နဲ့ ပြန်ထုတ်လိုက်ပါတယ်။ ဒီမှာယူလိုက်ပါ။
-
ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။
-
MZ က ကိုတက်ပြောလို့ အပြေးလေးနဲ့ အဲကို သွားကြည့်လိုက်တာ firefox chrome theme လေးကို ရွေးမိလိုက်ပါတယ်။
-
အခုနောက်ပိုင်း virus တော်တော်များများက system hidden ပါလုပ်လာကြတယ်။ အရင်တုန်းကလို hidden တစ်ခုထဲလုပ်လာတာမဟုတ်တော့ဘူး။ system hidden လုပ်တော့ သာမန် user တွေဆိုရင်တော့ right click -> Hidden ကိုပြန်ဖော်လို့မရဘူးလေ။ ကျွန်တော့်အတွက်တော့ အခက်ကြီးမဟုတ်ဘူး။ ဒီနေ့ပဲ မိတ်ဆွေတစ်ယောက် သူ့ folder တွေပျောက်ကုန်ပါတယ်ဆိုပြီး သူ့ stick ကိုကြည့်လိုက်တော့ system hidden တွေ။ folder တွေကတော့ အများကြီးတော့ မဟုတ်ပါဘူး။ ၅ ခုလောက်ပဲ။ ဒါနဲ့ bat file လေးကို အခုလိုရေးလိုက်တယ်။ Pro ကျကျတော့မဟုတ်ဘူး။ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နည်းလေးပေါ့။
-
ကျွန်တော်လည်း Chrome အကြောင်းကြီးပဲ ပြောပြောဖြစ်နေတယ်။ အခုလည်း ထပ်ပြောလိုက်အုံးမယ်။ Chrome မှာပါတဲ့ about အကြောင်းလေးတွေပေါ့။ Firefox မှာတုန်းကတော့ address bar မှာ about:config နဲ့သွားပြီး font တွေပြင်ခဲ့တာ မှတ်မိမှာပါ။ အခုလည်း Google Chrome မှာ about: တွေပါပါတယ်။ ရှိတဲ့ about တွေကတော့ * about:memory * about:stats * about:network * about:internets * about:histograms * about:dns * about:cache * about:plugins * about:version စတာတွေပါ။
